Part-9

10.9K 753 20
                                    

ဇော်ဂျီ

ဤချစ်ခြင်းမှ

အပိုင်း၉

ခွန်းဆက်ပိုင်

ဒီနေ့မနက် စာသင်နေရင်း အကို့ကို ငေးကြည့်နေမိသည်။ အကိုကဘာလို့ တစ်နေ့တခြား ပိုပိုချောလာတာလဲမသိဘူး။

"ခွန်း စာကိုအာရုံစိုက်နော် ငါနှစ်ခါမရှင်းပြဘူး … …

"ဟဲဟဲ ဟုတ်ကဲ့  … …

အကိုနဲ့စာဆက်သင်နေရင်း

ဒေါက် ဒေါက် … …

"ဟုတ်ကဲ့ ဝင်ခဲ့ပါ … …

အကိုက တံခါးခေါက်သံကြားတော့ ဝင်လာခိုင်းလိုက်သည်။ ဝင်လာတဲ့ လူကတော့ ဦးမင်းပါ။ ဦးမင်းက ဒီနေ့လူငယ်ဆန်ပြီး ခန့်ညားနေသည်။ ဂျင်ပြာဘောင်းဘီကို အင်္ကျီကို လက် ပြတ်ကြောင့် ဖုထစ်နေတဲ့ ဗလတွေကအထင်းသား။ ကိုယ့်ကိုယ်ကို ပြန်ကြည့်တော့ ကျနော်ဗလက ဦးမင်းထက်တော့ သေးတယ်ဗျ ။

ဦးမင်းဝင်လာတော့ အကိုမျက်နာအနည်းငယ်မာသွားသလိုပဲ။ အကိုကစာသင်တာ အနှောက်အယုက်ပေးရင်း မကြိုက်ဘူးလေ။

"ငါ့တူလေးစာသင်လို့ပြီးပြီလား … …

"ဟုတ်ခနနေပြီးတော့မှာပါ … …

"အေးအေး ပြီးရင်ဦးတို့အပြင်သွားရအောင် ဆော်လေးတွေ အရင်လိုလိုက်ငမ်းကျတာပေါ့ … …

ဘုရားရေ ဦးမင်းတော့ လုပ်ချလိုက်ပြီ အကိုရှေ့မှာ ကျနော့်ကိုအရှက်လာခွဲနေတယ်။ ကျနော်ဆက်မပြောဖို့ဟန်ပြပေမယ့် သူကတော့အကို့ကိုကြည့်ရင်းပြောနေတာမို့ ကျနော့်ကိုမြင်ပုံမရပါ။

"ဦးကလည်း အဲဒါကအရင်ကပါ အခုမဟုတ်ဘူးလေ အခုက မလိုတော့ဘူး စာ … ပဲအာရုံစိုက်တော့မယ် …

အကို့ကိုကြည့်တော့ ကျနော်ကိုဦးမင်း မသိအောင်မျက်စောင်းထိုးနေသည်။ ဘုရားရေ သူစိတ်ဆိုးနေပြီလား။

"ဒါနဲ့လင်းက ရေခဲသုတ်ကြိုက်တယ်မလား အကိုတို့နဲ့လိုက်စားပါလား … …

"ဦးဘယ်လိုသိတာလဲအကိုကြိုက်တာ … …

"အော် ဒီလိုပဲ လူတိုင်းကြိုက်တတ်တော့ မှန်းပြောလိုက်တာ … …

ဤချစ်ခြင်းမှ........(Z&U)♥completedWhere stories live. Discover now