Extra

14.3K 662 9
                                    

ဤချစ်ခြင်းမှ..........


Extra - 1

ခွန်းဆက်ပိုင်

ကုတင်ဘေးမှာ ဖတ်ကာ အိပ်ပျော်နေတဲ့ သားအဖေနှစ်ယောက်ကို ကြည့်ကာ ပြုံးနေမိသည်။ ပါးဖောင်းဖောင်းလေးရှိကျတဲ့ ငါးအဖနှစ်ယောက်ကို တစ်လှည့်ဆီနမ်းလိုက်သည်။

ကျွန်တော့်တွင် ချစ်ဖို့ကောင်းသော လူသားနှစ်ဦးကို ပိုင်ဆိုင်ရပြီဖြစ်သည်။ ထိုပိုင်ဆိုင်ခြင်းဟာကျွန်တော့်အတွက် ပြီးပြည့်စုံစေသည်။

ကျနော့်ရဲ့ သားအရင်းမဟုတ်ရင်တောင် သားက ကျွန်တော့်ကို ခင်တွယ်နေပြီဖြစ်သည်။အောက်ထပ်ကိုဆင်းလာလိုက်သည်။ မီးဖိုချောင်ကို ဝင်ကာ ချက်ပြုတ်နေမိသည်။

ဖေဖေတို့မေမေတို့နဲ့ အိမ်ကဆင်းလာလိုက်ကာ အကို့အိမ်မှာနေရင်း ကိုယ်ပိုင်လုပ်ငန်းတစ်ခုကို ကျောင်းတုံးက သူငယ်ချင်းတွေလုပ်နေတာ အတော်ကိုအဆင်ပြေလာပြီဖြစ်သည်။

"ဒယ်ဒီ.....

အသံသေးသေးလေးရဲ့ ခေါ်သံကြောင့် ဟင်းအိုးကို မီးပိတ်ကာ နောက်က ပေါက်စလေးကို လှမ်းကြည့်လိုက်မိသည်။ မျက်လုံးလေးကို ပွတ်ကာနေတာကြောင့် သားလေးအနားသွားကာ လက်လေးကို ဆွဲယူလိုက်ပြီး

"သား မျက်လုံးကိုမပွတ်ရဘူးလို့ ဒယ်ဒီပြောထားတယ်လေ......

ပါးဖောင်းဖောင်းလေးက ပြုံးရယ်လာကာ လက်လေးနှစ်ဖက်မြှောက်ကာ

"ဒယ်ဒီသားကိုချီ.....

"ညစ်ပတ်လေး မျက်နာလည်း မသစ်ကသေးဘူး......

"ခ်ခ်ခ် မေမေက ခုထိအိပ်နေတုံး ဒယ်ဒီ....

မေမေဆိုလို့ ကျွန်တော် အံသြသွားပေးမယ့် ချက်ချင်းဆိုသလို နားလည်သဘောပေါက်မိသည်။ မေမေဆိုတာ သားနဲ့ကျွန်တော် အကို့ကို စတဲ့အခါ စလေ့ရှိတာပါ။

"ဟုတ်တယ်လား ဒယ်ဒီနဲ့အတူ မေမေကို သွားနိုးမယ်.....

"ဟီ့ ခ်ခ်မေမေကိုနိုးမယ်  မေမေထတော့..မေမေထတော့.....

တံခါးတောင် မဖွင့်ကသေးဘူး သူ့ပါးပါးကို ဘယ်လောက်စချင်နေလဲမသိ။ အော်နေတော့သည်။ တံခါးကိုဖွင့်တော့ အိပ်နေတုံး သားလေးပါးပါးကိုတွေ့ရသည်။ သားကိုမျက်စေ့မှိတ်ပြကာ ကုတင်ပေါ်ချပေးလိုက်သည်။

ဤချစ်ခြင်းမှ........(Z&U)♥completedWhere stories live. Discover now