Sunshine_13

2.1K 253 14
                                    

Uni

Shineရဲ့မျက်နှာကချက်ချင်းဆိုသလိုအေး
စက်လာသည်။
သူ့ကိုခပ်ကြာကြာစိုက်ကြည့်အပြီးမှာshine
ကအပြုံးတစ်ခုနဲ့

"အင်းလေ။ပါးသဘောပေါ့။
ပါးလုပ်ချင်တဲ့အတိုင်းလုပ်ခွင့်ရှိတယ်မလား။
ပါးပြောသလိုပဲလုပ်ကြတာပေါ့"

နှောင်းညရဲ့စိတ်ထဲမှာshineအပြုံးကနဲနဲ
မူမမှန်သလိုခံစားလိုက်ရသည်။
ဒါပေမဲ့ချက်ချင်းပဲအဲဒီအတွေးကိုဖျောက်ကာ
Shineကိုပြောလိုက်သည်။

"ကျေးဇူးပဲshine"

နှောင်းညကချက်ချင်းပဲနာကျင်မှုနဲ့နောင်တကို
ခံစားလိုက်ရသည်။
လူတိုင်းမှာအတ္တရှိသလို့သူ့မှာလဲရှိသည်။
သူလဲဘာကိုမှမတွေးဘဲshineကိုပိုင်ချင်
ပေမဲ့......

Shineရဲ့ဂုဏ်တွေ၊
Shineရဲ့အနာဂတ်တွေ၊
နောင်အခါshineရလာမဲ့ရင်သွေးလေးတွေ
အတွက်သူ့အတ္တကိုနင်းချေရလဲဖြစ်ပါသည်။

အချစ်ဆိုတာ
လူနှစ်ယောက်ရဲ့ပျော်ရွှင်မှုဆုံမှတ်လေးဆိုရင်
မင်းကပုံမှန်ဘဝမှာတောက်ပစွာပျော်ပါ
Shine......
ကိုကမင်းပျော်တာကြည့်ပြီး
ကျေကျေနပ်နပ်ကြီးပျော်ရွှင်ပါ့မယ်။

............................................................

"ပါး ကမ်းနားလမ်းကပတ်ချင်လား"
"အင်း"

Shineရဲ့ကားအနက်ရောင်လေးကကမ်း
နားလမ်းပေါ်မှာပြေးနေသည်။
ဒီနေ့ကနှောင်းညဆေးရုံဆင်းရတဲ့နေ့မို့
Shineနဲ့အတူအိမ်ကိုပြန်လာခြင်းပင်။

ဟိုကိစ္စပြီးကတည်းကသူနဲ့shineနဲ့သိပ်စ
ကားမပြောဖြစ်။
Shineကအရင်လိုဂရုစိုက်ဆဲပေမဲ့အပြုံးအ
ရယ်သိပ်မရှိတော့သလိုပင်။

နှောင်းညကမျက်ဝန်းတွေကိုနေရောင်ဟပ်
နေသည့်မြစ်ပြင်ကြီးဆီသို့ရွေ့လိုက်သည်။
Shineကကားမှန်ကိုအလိုက်တသိချပေး
တာကြောင့်ရေငွေ့ပါသည့်လေအေးအေး
ကိုခံစားရသည်။

သီချင်းညိမ့်ညိမ့်လေးပါဖွင့်ပေးလာတာမို့
နှောင်းညအိပ်ချင်လာသည်။
အမှန်ဆိုဆေးရုံနဲ့အိမ်ကသိပ်ဝေးတာလဲမ
ဟုတ်ဘဲနဲ့ကြာနေတာဖြစ်သည်။

Shineကပူးမျက်လုံးလေးဖြင့်အိပ်ပျော်လုလု
ရှိနေပြီဖြစ်သောနှောင်းညကိုကြည့်ရင်းပြုံး
သည်။

Sunshine(Completed)Donde viven las historias. Descúbrelo ahora