(4)

7.7K 501 168
                                    

Zawgyi 🌴

နောက်တစ်နေ့မနက်မှာ ရှောင်ကျန့်အရင်ဆုံး
နိုးလာခဲ့သည် ဘေးကိုကြည့်လိုက်တော့လဲ
ရိပေါ်က တစ်ဖက်ကို လှည့်ပြီးအိပ်နေတယ်
အဲ့ဒီနောက် ချက်ချင်းပြုံးလိုက်ကာ ရိပေါ်ရဲ့
ခန္ဓာပေါ်မှာခြုံလွှားထားတဲ့ ခပ်ပါးပါးစောင်လေးကို
ဆွဲလှန်ကာ အဝတ်မဲ့နေတဲ့ ခန္ဓာလေးကို
အနောက်ကနေ သိုင်းပြီး ဖက်လိုက်တယ်

"ကလေးလေး.. ရိပေါ်.. "

ပူခြစ်ပြီး စကားပြန်မပြောတဲ့ကလေးငယ်ကြောင့်
ရှောင်ကျန့်မှာ ဘာလုပ်လို့ ဘာကိုင်ရမှန်း
မသိဖြစ်သွားတယ်

"ကလေးငယ် ဖျားနေတာလား ဘာဖြစ်နေတာလဲ "

စကားအဆုံးမှာ ရိပေါ်မျက်လုံးလေးတွေ
ဖွင့်လာတယ် ပြီးတော့ ရှောင်ကျန့်ရင်ခွင်ထဲကို
တိုးဝင်လိုက်တယ်

"ကလေးလေး ဖျားနေတာလားလို့ ကြည့်ပါဦး..
ကိုယ်တွေပူနေတာပဲ"

ဦးက စိတ်ပူပြီး လက်လေးနဲ့ နှဖူးပြင်ပေါ်ကို
လာစမ်းတာကြောင့် ရိပေါ် ပျော်သွားတယ်

"အင်း.. နဲနဲပါ"

"ကလေးငယ်ကလဲကွာ..ဒီလောက်ကိုယ်တွေ
ပူခြစ်နေတာကို နေဦး ဝမ်ချောင်တို့ကို
ဆရာဝန်ခေါ်ခိုင်းလိုက်မယ်"

"ကျွန်တော်အဆင်ပြေပါတယ် ဦးရယ်  ...
အပင်ပန်းမခံပါနဲ့"

"ဦးရဲ့စကားနားထောင် ဟုတ်ပီလား...
အခု ရေချိုးလိုက်နော် ပြီးရင်တော့
ဦး ကိုယ်တိုင် ကလေးအတွက် ဆန်ပြုတ်
လုပ်ပေးမယ်"

"ဟင်.. ဦးက ကုမ္ပဏီကို မသွားဘူးလား
ဆန်ပြုတ်က အိမ်အကူတွေကိုလုပ်ခိုင်းလဲ
ရပါတယ် ဦးရဲ့"

ကလေးငယ်ရဲ့ စကားကြောင့် နှုတ်ခမ်းလေးကို
ကွေးညွှတ်လိုက်သည် ပြီးနောက် ကလေးငယ်၏
မျက်နှာနုနုလေးကို လက်နဲ့ခပ်ဖွဖွထိတွေ့သည်

"မင်းထက်အရေးကြီးတာ ဦးမှာ မရှိဘူး..
ဦးလုပ်သမျှတွေက ဟောဒီကလေးအတွက်ပဲ.. "

"ဦး.. "

"အဲ့ဒါကြောင့် မဟုတ်တာတွေ တွေးမနေပဲ
ဦးပြောတာလေးကို နားထောင်ပေးနော်"

ရိပေါ် မျက်ရည်အဝိုင်းသားနဲ့ ခေါင်းကိုသာ
တဆတ်ဆတ်ငြိမ့်ပြလိုက်တယ်

အၾကင္နာအင္အား(အကြင်နာအင်အား) S2 CompleteWhere stories live. Discover now