(10)

6.4K 471 36
                                    

Zawgyi🌴

ညစာ.. စားပွဲတစ်ခုတွင်ဖြစ်သည်။

ရှောင်ကျန့် ရိပေါ်နဲ့အတူရှိနေခဲ့သလိုချန်းယွီလဲ၊
ရှိနေခဲ့သည်။ အခုတလော ရှောင်ကျန့်အနား
ကပ်ရဖို့အရေး ချန်းယွီကြိုးစားနေရတာနဲ့
သူ့နောက်ကိုဘယ်သူလိုက်တာလဲဆိုတာ
မသိချင်လောက်အောင်မေ့နေခဲ့သည်။

"တွေ့ရတာဝမ်းသာပါတယ်.. Daddyနဲ့ ပါးပါး"

ရှောင်ကျန့်နဲ့ရိပေါ် ဆွံ့အသွားသည်။ သူ့ရှေ့မှာ
လာရပ်ကာ နှုတ်ဆက်တဲ့ လူချောလေးကိုပင်
စိုက်ကြည့်နေလိုက်သည်။

"နိဟောင်.. ပါးပါး ဒီနှစ်တွေမှာနေကောင်းရဲ့လား"

ရိပေါ်ကို ရွေးကာနှုတ်ဆက်တော့ ရှောင်ကျန့်
မျက်မှောင်ကျုံ့သွားသည်။

"မင်းက ဘယ်သူလဲ "

ရိပေါ်ရှေ့ကနေကာပြီး ပြောလိုက်တော့
ရိပေါ်တောင်လန့်သွားသည်။

"Daddy ကျွန်တော်ကိုမမှက်မိဘူးလား. "

"ဟင်.. "

"ကျွန်တော်ငယ်ငယ်က Daddy နဲ့ တစ်ခါ
တွေ့ဖူးတယ်လေ မမှက်မိဘူးလား ကျွန်တော်က
ကျူးရန်"

အဲ့ဒီနာမည်ကြောင့် ဘေးနားက ချန်းယွီရဲ့
ခန္ဓာကိုယ်လေးတုန်တတ်သွားမိသည်။

"အာ..၊ Sorry ငါ မမှက်မိဘူး "

"ရပါတယ် Daddy ..ပါးပါးကတော့
မှက်မိတယ်မလား"

ရိပေါ်ဘက်လှည့်လာတော့ ရိပေါ်က
သောက်လက်စဝိုင်တွေကိုတစ်ကျိုက်ထဲသာ၊
မော့သောက်ပြီးမှ..

"ငါလဲ ဦးပြောသလိုပဲ မမှက်မိဘူး"

"ဟက်ဟက်.. ကိစ္စမရှိပါဘူး ဒီဘက်က
ချန်းယွီလေးကတော့ ကိုယ့်ကိုယ်ကောင်းကောင်း
မှက်မိနေတယ်မလား"

ချန်းယွီ ကျူးရန်အပြုံးကြောင့် ကြက်သီးများ
ထသွားလေသည်။

"မပြောတတ်ဘူးလေ.. မင်းက မှက်မိဖို့ကောင်းတဲ့
အရာမှ မဟုတ်တာ"

"ဟားဟား.. တစ်ကယ်မှက်မိနေတာပဲ..
မင်းသိလား ငါမင်းကိုတွေ့ရဖို့မျှော်လင့်နေတာ"

"အဟွန်း.. အိမ်မက်ဆိုးကြီးပဲ ငါတော့
မင်းနဲ့ထပ်တွေ့ရဖို့မမျှော်လင့်ဖူးဘူး"

အၾကင္နာအင္အား(အကြင်နာအင်အား) S2 CompleteWhere stories live. Discover now