8

2.4K 277 48
                                    

Zawgyi



ဆေးလိမ်းပြီးပတ်တီးစီးပေနေတဲ့ဆရာဝန်ကို ရှုံ့မဲ့မဲ့နဲ့ Jung Kook ကြည့်နေမိတယ်၊ အသက်အရွယ်ကတော့ သူနဲ့ရွယ်တူမဟုတ်ရင်တောင် နည်းနည်းလောက်ပဲကြီးမယ့်ပုံ၊ ဆေးခန်းပို့ပေးမယ်ဆိုလို့လိုက်လာခဲ့တာ ခေါ်လာတော့ တိရစ္ဆာန်ဆရာဝန်ဆေးခန်း၊ ကုပေးနေတာက တိရိစ္ဆာန်ဆရာဝန်။


"ပြီးပြီ ​ရော့... ဒီဆေးယူသွာ တစ်နေ့နှစ်ကြိမ်လောက်ပုံမှန်လိမ်းပေး.....ဒါကအကိုက်အခဲပျောက်ဆေး သူလည်းတစ်နေ့နှစ်ကြိမ်ပဲ......''

ဆေးပုလင်းအဝါရောင်လေးကိုကမ်းပေးရင်းပြောလာတယ်၊ Jung Kook ဆီကိုတော့မဟုတ်ဘူး၊ ဘေးနာကထိုင်နေတဲ့အရိုင်းတုံးဆီ။

"Hoseok Hyung တကယ်ပျောက်တာရောဟုတ်ရဲ့လား......''

"ပျောက်တယ် ယုန်တွေနေမကောင်းလို့ ငါ့ဆီလာရင် ဒီဆေးပေးနေကြ......''


Jung Kook မျက်နှာကြီးမဲသွားတယ်၊ ယုန်တွေနေမကောင်းရင်ပေးတဲ့ဆေးကို သူ့ကိုပေးရအောင် သူက တိရိစ္ဆာန်လား။


"မင်းငါ့ကိုဆေးခန်းပို့ပေးမယ်ဆိုပြီး ဘာဖြစ်လို့ ဒီတိရိစ္ဆာန်ဆရာဝန်ဆီခေါ်လာတာလဲ!......''


တကယ်ပါ Jung Kook အားမနာနိုင်တော့ဘူး၊ ပြုံးဖြီးဖြီးနဲ့ ထိုင်နေတဲ့အရိုင်းတုံးဘက်လှည့်ကာ ရန်တွေ့ပစ်လိုက်တယ်။

"တိရိစ္ဆာန်ဆရာဝန်မဟုတ်ပါဘူးဗျာ ကြားထဲမှာဆေးကုလောက်တော့ထည့်ပါဗျ......''

ဆေးလည်းလိမ်း ပတ်တီးလည်းစီးပေးရသေးတယ် ဒီလိုကြီး သူ့အမည်နာမကိုဖြတ်တောက်ခေါ်လိုက်တာကြီးကတော့ Hoseok လုံးဝမကြိုက်ပါ၊ ''Hyung ဆေးကုပေးဖို့ပြင်ထား ကျွန်တော်ယုန်တစ်ကောင်ခေါ်လာတယ်'' လို့ ညီတော်မောင် ဖုန်းဆက်တော့ သူ့မှာတစ်ကယ့်ယုန်ထင်နေတာ၊ ရောက်လာတော့ ယုန်အစစ်မဟုတ်ပဲ လူယုန်ဖြစ်နေတယ်။

"အဟမ်း!! ခင်ဗျားက ယုန်နဲ့တူနေလို့ ဒီဆေးခန်းခေါ်လာတာ.......''

"ဘာ!!....."

ဟို တိရိစ္ဆာန်ဆရာဝန်သာမရှိရင် ရှေ့ကအရိုင်းတုံးရဲ့မျက်ခွက်ကို Jung Kook သုံးလေးချက်လောက်ဆင့်ထိုးပြီးနေပြီ၊ လူကို ကိုယ်နဲ့တစ်မျိုး နှုတ်နဲ့တစ်မျိုး အမျိုးမျိုးကိုအပြစ်ကျူးလွန်နေတာ။


SpareWhere stories live. Discover now