B

862 72 0
                                    

_Zawgyi_

လေဆိပ်ထဲက ထွက်လာပြီးနောက်
လက်ကိုဆန့်တန်းရင်း လေကိုတစ်ဝကြီး
ရှူ ရှိုက်လိုက်မိတော့ ပေါ့ပါးသွားသလိုပင်
ချစ်ရသူရှိတဲ့အရပ် ဖြစ်နေတာကြောင့်ထင်ပါရဲ့
အရာရာတိုင်းက အရမ်းကိုလှပပြီး
ကြည့်ကောင်းနေခဲ့တယ်

ပြာလဲ့လဲ့ကောင်းကင်ကြီးကို ငေးမောရင်း

*လူကြီးရေ အရမ်းချစ်ရတဲ့ လူကြီးကို
နောက်ဆုံးတော့ တွေ့ရတော့မယ်
သေချာပေါက် စောင့်မျှော်နေပေးနော်*

ဟု စိတ်ထဲတွင်ရေရွတ်ရင်း ကြည်နူးစွာပြုံးမိသည်

*လူကြီးအကြောင်း တွေးလိုက်ရုံနဲ့တင်
အပြုံးတွေဖြစ်ပေါ်လာတတ်တယ် လူကြီးက
အဲ့လောက်ထိတောင် လွှမ်းမိုးနိုင်တာပါ*

အတွေးတို့ကိုခေတ္တရပ်တန့်ပြီး Taxi ဌားကာ
ဟိုတည်ရှိရာသို့ .....
လမ်းတစ်လျှောက်လုံးလဲ အပြင်ကိုငေးရင်း
လူကြီးအကြောင်းဘဲတွေးနေမိတယ်

ကိုယ်တည်းမဲ့ဟိုတည်ရောက်တော့ သော့ယူကာ
အခန်းဆီသို့ထွက်လာခဲ့လိုက်သည်
အခန်းထဲရောက်တာနဲ့ အထုပ်အပိုးတွေချကာ
ကုတင်ပေါ်ပစ်လှဲလိုက်သည်

သာမာန်ဟိုတည်လေးဆိုပေမဲ့ သပ်သပ်ရပ်ရပ်နဲ့
နေချင်စရာကောင်းလှသည်။ အခန်းလဲကျယ်သလို
အပြင်အဆင်တွေက အမြင်ရှင်းစေသည်။ နူးညံတဲ့
အိပ်ယာရဲ့ဆွဲဆောင်မှုရယ်၊ ခရီးပန်းလာတဲ့အရှိန်ရယ်ကြောင့် မှေးခနဲ့အိပ်ပျော်သွားမိသည်။

နိုးလာလို့နာရီကြည့်မိတော့ 7:30 PM
တကိုယ်လုံးလဲနုံးချိနေတာမို့ လန်းဆန်းသွားအောင်
ရေးချိုးလိုက်သည်။ ထို့နောက်တွင်တော့ သက်တောင့်သက်သာရှိစေမဲ့ အဝတ်တို့ကိုရွေးချယ်ဝတ်ဆင်လိုက်ပြီး အောက်ထပ်သို့ညစာစားရန် ထွက်လာခဲ့လိုက်သည်။

စားသောက်ပြီးပြန်တက်လာတော့ ၉ နာရီသာရှိသေးတာမို့ ပြတင်းမှန်မှတစ်ဆင့် မြင်နေရသော
Seoul မြို့ ကြီး၏ အလှကိုငေးမောနေမိသည်။

အချိန်အတော်ကြာ ငေးမောပြီးနောက်တွင်တော့
အမြဲဆောင်ထားတတ်တဲ့ နေ့စဉ်မှတ်တမ်းစာအုပ်လေးကိုယူကာ တစ်ပတ်စာအတွက် Plan နဲ့ To do list ကိုပြုလုပ်လိုက်သည်။

🄱🄻🅄🄴Where stories live. Discover now