▪️1▪️

8.5K 432 44
                                    

Zawgyi

Warning - Dub-con | abusive language | Mature on ထားပါတယ်ရှင်။ 18+ တွေပါပါတယ်နော်။

▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️

သဲပြင်ကျယ်ကိုဖြတ်တိုက်လာတဲ့မြောက်ပိုင်းလေဟာ သဲအမှုန်အမွှားတို့နဲ့ ရောယှက်လို့ အရိုးထဲထိစိမ့်အောင် အေးလို့နေတယ်။

နေ့ဘက်ကို ကျစ်ကျစ်တောက်အောင်ပူလို့ ညခင်းဝင်တာနဲ့ ခိုက်ခိုက်တုန်အောင်အေးတဲ့ ဒီသဲကန္တာရခေါင်ပြင်ရပ်ဝန်းမှာ သူရောက်နေတာ ဘယ်လောက်တောင်ကြာခဲ့ပြီလဲ....။

ဒီကိစ္စဟာ အခုထက်ထိ တိုင်းသူပြည်သားအများစုအတွက် ပဟေဠိတစ်ခု။
ရေ့မြေ့သခင်ရှင်ဘုရင်အတွက် စစ်ပွဲပေါင်းများစွာကို ရွပ်ရွပ်ချွံချွံတိုက်ပွဲဝင်လို့ အောင်နိုင်ခဲ့သူ၊ နယ်မြေပေါင်းများစွာကို သိမ်းပိုက်လို့ အရှင်မင်းကြီးရဲ့ ရှောင်းပြည်ထောင်ကို ချဲ့ထွင်ပေးခဲ့တဲ့ သားတော်ရှောင်းကျန့်ဟာ ဘာကြောင့်အခုလို ခေါင်ခိုက်လှတဲ့ နယ်မြေစောင့်တပ်ဖွဲ့မှာ နေရာချထားခြင်းခံရတာတဲ့လဲ။

ခပ်မဲ့မဲ့တစ်ချက်ပြုံးလိုက်မိရင်း မြင်းဇက်ကြိုးကို ခပ်ဆတ်ဆတ်လေးတစ်ချက်ဆွဲလို့ စခန်းရှိရာကို ဦးတည်လိုက်တယ်။

ဘာကြောင့်လဲဆိုရင် သူဟာ မိဖုရားတစ်ပါးက ဖွားမြင်ခဲ့တာမဟုတ်ပဲ ကိုယ်လုပ်တော်တစ်ဦးကသာဖွားမြင်ခဲ့တဲ့ သားတော်တစ်ပါး ဖြစ်နေခဲ့လို့။
ငယ်စဉ်ကတည်းက တိုက်ရည်ခိုက်ရည်ကျွမ်းကျင်လို့ တည်ကြည်ဖြောင့်မတ်ပြီး ဥပဓိရုပ်ကောင်းမွန်လှတဲ့ မင်းသားငယ်ရှောင်းကျန့်ဟာ နန်းတွင်းသူ နန်းတွင်းသားများကြားမှာ အထူးရေပန်းစားတယ်။
မိဖုရားခေါင်ကြီးက ဖွားမြင်တဲ့ အိမ်ရှေ့စံရယ်၊ ပုလဲခုနစ်လုံးပိုင်တဲ့ မင်းသားနှစ် ရယ်တို့ထက်ကိုပိုလို့ မှူးမတ်များအကြား ကျော်ကြားမှုဟာ သူ့အတွက်တော့ ကံဆိုးမှုတစ်ခုဖြစ်လာမယ်လို့ သူဘယ်ထင်ခဲ့မှာလဲ.....။

တကယ်တော့ လက်ရုံးရည်မှာ အထူးပြည့်စုံအောင် သူကြိုးစားခဲ့တာ ထီးနန်းအရိုက်အရာကို လိုချင်ခဲ့လို့မဟုတ်ပဲ အရှင်မင်းကြီးရဲ့ အသိအမှတ်ပြုခြင်းကို လိုချင်ခဲ့ယုံသက်သက်ကြောင့်ဆိုတာ ဖခမည်းတော် သိမှသိပါလေစ.....

Side By Side (Hiatus)Where stories live. Discover now