Zawgyi
စာချွန်လွှာတွေဖတ်ရင်း မှေးခနဲ အိပ်ပျော်သွားမိလိုက်တာ ပြန်နိုးလာမိချိန်မှာ အပြင်က ရဲမက်တွေရဲ့အသံလည်းမကြားရတော့ပုံထောက်ရင် ညဥ့်ဦးပိုင်းကိုရောက်နေပြီထင်ရဲ့။
ရုတ်တရတ်နားထဲဝင်လာတာက တဟီဟီ နဲ့ မြင်းဟီသံ.... ဒါ ဖင်းကော်ပဲ
ဒီအသံကြောင့် သူနိုးလာတာထင်တယ်။အပေါ်ဝတ်ရုံကို အမြန်လွှားလိုက်ရင်း ဓားကိုဆွဲကာ အပြင်ထွက်လာတော့ သူ့လိုပဲ အသင့်အနေအထားနဲ့ ရပ်နေတဲ့ ရဲမက်၅ယောက်လောက်နဲ့ဆုံတယ်။
'အရှင့်သား'
'ငါ့နောက်လိုက်ခဲ့'
မီးတုတ်ကိုယ်စီနဲ့ မြင်းဇောင်းရှိရာကို ခပ်သွက်သွက်လျှောက်လာတော့ ဖင်းကော်ရဲ့ ဟီသံကလွဲလို့ ထူးထူးခြားခြား သံသယဖြစ်စရာ မတွေ့။
မြင်းဇောင်းအတွင်းကိုဝင်တော့ စိတ်လှုပ်ရှားနေဟန် ခုန်ပေါက်လို့ ကာထားတဲ့အကာကို ကန်ကျောက် တွန်းထိုးနေတဲ့ ဖင်းကော်နဲ့အတူ ဖင်းကော်ရဲ့ဟီသံကြောင့် ဘေးက အသီးသီးသော မြင်းများကလည်း တရှူးရှူးနဲ့ နှာမှုတ်ကုန်လေရဲ့...။
'ဖင်းကော်'
သူ့အသံကြားရချိန်မှာ ဖင်းကော်ကအားကိုးရသွားသည့်နှယ် ခေါင်းကိုသူ့ရင်ဘတ်အား လာတိုးလေသည်။
'ဖင်းကော် ဘာဖြစ်တာလဲ'
အသာချော့မြူလို့ ခေါင်းကိုပွတ်ပေးတော့ စူးစူးစိုက်စိုက်ကြည့်လာတဲ့ မျက်ဝန်းညိုတို့က အကူအညီတောင်းနေဟန်....။
ဘာကြောင့်ဒီလိုဖြစ်ရသလဲဆိုတဲ့ ဖြစ်နိုင်ခြေတွေကို အစီအရီစဉ်းစားတော့ ဖင်းကော်နဲ့ပက်သတ်လို့ ပေါ်လာတာက လူတစ်ယောက်တည်း။'မင်းတို့တွေ ကိုယ့်နေရာကိုယ်ပြန်ကြတော့ ငါဖင်းကော်ကိုထိန်းထားလိုက်မယ်'
အသီးသီးအရိုအသေပြုလို့ထွက်သွားတာကိုပင် ပြီးအောင်မစောင့်နိုင်ပဲ ခြေလှမ်းတို့က မလှမ်းမကမ်းမှာရှိတဲ့ အဝတ်တဲငယ်လေးထံ ဦးတည်လိုက်တယ်။
'တောင်းပန်ပါတယ် မေမေ သားဒီလိုလုပ်မှပဲရတော့မယ် တောင်းပန်ပါတယ် တောင်းပန်ပါတယ်'
YOU ARE READING
Side By Side (Hiatus)
FanfictionWe are standing side by side, as your shadow crosses mine.