4

6.5K 845 10
                                    

ဒီနေရာမှာ သူရောက်နေရခြင်းရဲ့အကြောင်းအရင်း..၊ ရှောင်းကျန့်က ပုံတူပန်းချီတစ်ခုလောက်ဆွဲချင်တယ်ဆိုတာကြောင့်ပဲ ။

အခုရှောင်းကျန့်ထိုင်နေတဲ့ခုံက သူ့ခုံလောက်မမြင့်တာမို့ သူတို့ကြား ထောက်တိုင်တစ်ခုနဲ့အဖြူရောင်ပတ္တူစကသာခြားနေပြီး ကွယ်နေတဲ့မျက်နှာရဲ့ အစိတ်အပိုင်းတစ်ချို့ကိုတော့ လှမ်းမြင်ရနေတယ် ။

မော်ဒယ်လ်ထိုင်နေရတဲ့ဝမ်ရိပေါ်က ရှောင်းကျန့်လိုမျိုးလုပ်စရာမရှိတာမို့ မြင်နေရတဲ့ရှောင်းကျန့််မျက်နှာကိုသာ ကြည့်နေလိုက်တယ် ။

သူနဲ့ စကားပြောတဲ့အခါ တလက်လက်တောက်ပနေတဲ့ကြယ်တွေက ခုလိုမျိုးအာရုံစိုက်နေတဲ့အခါလည်း ကြည့်ကောင်းပြန်တယ် ။ မြင်ရုံနဲ့ အေးချမ်းစေတဲ့လရိပ်ကလေးလိုမျိုး ၊ သိမ်မွေ့ ညင်သာတဲ့ဂွမ်းစိုင်လေးတစ်ခုလိုမျိုး ။ စိတ်ရဲ့တံခါးပေါက်က မျက်လုံးတွေလို့ဆိုရင် ရှောင်းကျန့်ကတော့ တကယ်စိတ်နှလုံးသန့်ရှင်းတဲ့နတ်ဆရာလေးပဲ ဖြစ်မယ်ထင်တယ် ။

လေအဝှေ့မှာလှုပ်ခတ်သွားတဲ့ နဖူးထိပ်က ဆံစပျော့ပျော့တွေ ၊ ရွေ့လျားနေတဲ့လက်တွေကို စိတ်တိုင်းမကျတဲ့ခါ မဆိုသလာက်လေးတွန့်သွားတဲ့ မျက်ခုံးတန်းတွေ ၊ နှစ်စက္ကန့်တစ်ချက်နှုန်း မှန်မှန်ခတ်နေတဲ့ မျက်တောင်ဖျားတွေ..။

အားလုံးက ပြိုင်ဖက်ကင်းအနုပညာတွေလိုပဲ ။ ​ဝမ်ရိပေါ် သူ့ကိုယ်သူတောင်မသိလိုက်ဘဲ ဒီလောက်လှတဲ့မြင်ကွင်းမှာ မျောနေမိတယ် ။

ခဏ​ကြာတော့ ရှောင်းကျန့် ခဲခြစ်တံကို လက်ကချလိုက်တယ် ။ နောက်ဆုံးတော့ ပြီးပြည့်စုံတဲ့ပုံတူဟာ ပတ္တူစပေါ်မှာရောက်နေခဲ့ပြီဖြစ်တယ် ။

အနေအထားအတိုင်း နှစ်ယောက် အကြည့်ချင်းဆုံသွားပြန်တယ် ။ လောကတစ်ခွင်ငြိမ်သက်နေပြီး ကိုယ်စီအသက်ရှူသံတွေ နားမှာပြန်ကြားနေတဲ့ထိ တိတ်ဆိတ်နေတယ် ။ ဒါက ရပ်တန့်ထားတဲ့ဇာတ်ဝင်ခန်းတစ်ခုလိုမျိုးပဲ ။ ဘယ်သူမှအရင်မလှုပ်ရှားဘဲ ကြာသည့်တိုင် တစ်ယောက်နဲ့တစ်ယောက် ထိုအတိုင်းပဲငေးကြည့်နေခဲ့ကြတယ် ။

The Spirit [ Edited ]Where stories live. Discover now