15

5K 660 34
                                    

ချင်းရန်ဟွေထုံ တတိယဝမ်မျိုးဆက်.. ။ တိုင်းပြည်မှာ စည်ကားပြီးသာယာအေးချမ်းနေတယ် ။ မကြာခင်ကမှ နန်းတက်ပွဲကျင်းပထားသည့်တိုင် လူတွေဟာ ထိုအရှိန်နဲ့ ဆက်လက်ပျော်မြူးနေကြတုန်း ၊ ခမ်းနားကြီးကျယ်စွာကျင်းပခဲ့တဲ့ နန်းတက်ပွဲအကြောင်းကို နေရာအနှံ့အပြားမှာပြောဆိုနေကြကာ ကျေနပ်အားရနေတုန်းပဲ ။

နိုင်ငံရဲ့ထိပ်ခေါင်အရှင်သခင် မင်းကြီးဝမ်က သနားညှာတာမှုအပြည့်နဲ့ ကြင်နာတာကြောင့် အိမ်ရှေ့စံဘဝမှာတင် လူထုအပေါ် လွှမ်းမိုးမှုရှိတယ် ။ တရားမျှတတဲ့စီမံအုပ်ချုပ်ရေးအပြင် ငယ်ရွယ်သူဖြစ်ကာ ရုပ်ရည်ရူပကာလည်း ပြည့်စုံလွန်းတာ​မို့ လေးစားအားကျသူ ပေါများတယ် ။

ဒါ့ကြောင့် အလွှာအသီးသီးက အမျိုးသမီးတွေရဲ့ အိပ်မက်မင်းသားလေးပဲ ။ နေ့တိုင်းမရိုးအီနိုင်အောင် သူမတို့ကြားရေပန်းစားတဲ့အကြောင်းအရာက အဲ့လိုမိုးကျရွှေကိုယ်ဘုရင်လေးရဲ့ ပထမဆုံးတင်မြှောက်မယ့်မိဘုရားက ဘယ်သူဖြစ်လိမ့်မလဲဆိုတာပဲ ။

" ဤသည်မှာဘုရင်မင်းမြတ်အမိန့်တော်~ ရိုသေစွာနာခံစေ "

အမိန့်စာအရှည်ကြီးကိုဖတ်ပြသွားတဲ့ သဝဏ်လွှာကိုင်ထားသူရဲ့ အသံအဆုံး အမတ်ချုပ်ကြီးမျက်နှာက ပျက်ယွင်းမှုကိုအနိုင်နိုင်ထိန်းလို့ အမိန့်စာလက်ခံရရှိကြောင်းဆိုလိုက်ကာ ဒူးထောက်ရင်း လက်နှစ်ဖက်ပေါ်တင်လို့ခံယူလိုက်တယ် ။

နန်းတော်ကလာတဲ့လူတွေ ပြန်ထွက်သွားကြသည့်တိုင် ကြမ်းပြင်မှာဝပ်တွားနေကြတဲ့ ထမင်းချက်အစေခံပါမကျန်တစ်အိမ်သားလုံး အသံမထွက်ရဲကာ တိတ်ဆိတ်နေတယ် ။

' ချောင်အိမ်တော် '
လှပသပ်ရပ်စွာ အမည်ရေးထိုးထားတဲ့ဝင်ပေါက်ရဲ့ တံခါးမကြီးဟာ ဝုန်းခနဲစေ့ပိတ်သွားတဲ့နောက် ချောင်အမတ်ချုပ်ကြီးထရပ်လိုက်ကာ တင်းမာနေတဲ့မျက်နှာထားနဲ့ လူအုပ်ရဲ့နောက်ဆုံးနားက သူ့သမီးကို လှမ်းကြည့်လိုက်တော့တယ် ။

• • • • •

" ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ "

" မဖြစ်နိုင်ဘူး "

The Spirit [ Edited ]Where stories live. Discover now