Unicode Version

2.1K 207 68
                                    

"ဟေ့ ရွှတ်..ရွှတ်..အိမ်ပြန်လိုက်ပို့ရမလား..အချစ်လေး"

မျက်စောင်းတစ်စုံက ကျွန်တော်တို့ဆီ ဒိုင်းခနဲ ပစ်ဝင်လာခဲ့သည်။ ဒါနဲ့တောင် ကျွန်တော်က ပြောင်စပ်စပ်မျက်နှာပေးနဲ့ ပီကေကို ဖောက်ခနဲ မူတ်လိုက်ရင်းက မျက်လုံးတစ်ဖက်မှိတ်ပြလိုက်သေးသည်။

"ခွေးသူတောင်းစား..ပါးကျိုးချင်နေတာလား..ငါဖြတ်ရိုက်ထည့်လိုက်ရ.."

လက်တစ်ဖက်ကိုမြှောက်ကာ ရိုက်ဖို့ဟန်ပြင်နေသော ကောင်မလေးကို ဘေးကသူ့သူငယ်ချင်း မိန်းကလေးက လှမ်းထိန်းသည်။ "အဲ့လိုကောင်တွေနဲ့ ဖက်ပြီးဖြစ်မနေပါနဲ့ဟာ"ဆိုတဲ့ သူ့သူငယ်ချင်းရဲ့စကားကို ကြားတော့ ကျွန်တော်တို့ သူငယ်ချင်းတသိုက် ခွီးခနဲထရယ်သည်။ ကောင်မလေး ကတော့ နဂါးမျက်စောင်းကြီးတန်းလန်းနှင့် ခြေဆောင့်ပြီး ထွက်သွားလေသည်။ သေချာတာကတော့ မနတ်ဖြန်ဆို ကျွန်တော်တို့ရဲ့ အတန်းပိုင်စားပွဲပေါ် အဲ့ကောင်မလေးရဲ့ တိုင်စာရောက်နေလိမ့်မည်။

"ဟား..ဟား..လာ.. အာချောင်ရတာလည်းမောပြီ။ဘောလုံးသွားကန်ရအောင်..။"

ကျွန်တော်တို့အုပ်စုထဲမှ တယောက်ကပြောရင်းဆိုရင်း အုတ်ခုံပေါ်က ထကာ ပုဆိုးပြင်အဝတ်မှာဘဲ တစ်စုံတစ်ယောက်နှင့် တိုက်မိလေတော့သည်။ အရှိန်သိပ်မပြင်းပေမယ့် နှစ်ယောက်လုံး နောက်သို့ ယိုင်ထွက်သွားကြသည်။

"ဘာလဲဟ..မင်းက ဘာကောင်လဲ။ လူသွားလမ်းက အလွတ်ကြီးကို ဘလိုင်းကြီး ငါ့ကို လာဖြဲတာလား။"

စိတ်ဆတ်တဲ့ ကျွန်တော့်သူငယ်ချင်းက ချက်ချင်းဘဲ တိုက်မိတဲ့တစ်ယောက်ရဲ့ အကျႌစကိုလှမ်းဆွဲသည်။ ကျောင်းရှေ့မှာဖြစ်နေတာကတကြောင်း၊ အုပ်စုလိုက်နှင့် တစ်ယောက်ဖြစ်ရင် ဗလအားကိုးနဲ့အနိုင်ကျင့်သည်ဟု ပြောခံရမှာကတကြောင်းမို့ ကျွန်တော်ရော ကျန်တဲ့ သူငယ်ချင်းတွေရော အခြေအနေကိုဝင်ထိန်းလိုက်ရသည်။

"ဒီကောင် သပ်သပ်မဲ့ ငါ့ကိုလုပ်တာ။မြင်လား။ စောက်ချိုးက မပြေဘူး။ ကြောသွားတာ။"

"စိတ်လျှော့စမ်းပါကွာ..သူ့ပုံစံနဲ့အပြိုင်ကြဲမယ်ဆိုရင်တောင် ပွဲကစိတ်ဝင်စားဖို့ကောင်းမှာ မဟုတ်ဘူး။"

ကြယ်စင်ပြာလက်တကမ်းWhere stories live. Discover now