(၂)

680 114 1
                                    

ဒီလိုနဲ႔.....

ကၽြန္ေတာ္ အလဲလဲ အၿပိဳၿပိဳ ျဖစ္ေနခ်ိန္မွာ ကိုကိုက ကၽြန္ေတာ့္ေဘးမွာေနၿပီး ေဖးမေပးတယ္။  ကၽြန္ေတာ့္အနားမွာ ကိုကိုပဲ ရပ္တည္ေပးတယ္။ ကၽြန္ေတာ္ဆိုတဲ့ ျဖစ္တည္မွူတိုင္းကို ကိုကိုကလက္ခံေပးတယ္။ ကၽြန္ေတာ္ အခ်ိန္ေတြအၾကာႀကီး ၿပိဳလဲခဲ့ေပမယ့္ ကိုကိုဆိုသည္မွာ မညည္းညဴပဲ ကၽြန္ေတာ့္အနားမွာ ရွိေနေပးခဲ့တယ္။

အခ်ိန္ေတြက ရပ္တန္႔ေနတာ မဟုတ္ေတာ့ ကိုကို့အေပၚ မျဖဴစင္ခဲ့တာ ဘယ္အခ်ိန္တုန္းကမွန္းမသိလိုက္ေပမယ့္ ကၽြန္ေတာ့္ကိုယ္ကၽြန္ေတာ္ စသိလာခ်ိန္မွာ ကိုကို့ကို ကၽြန္ေတာ္အရမ္းျမတ္ႏိုးေနခဲ့ၿပီပဲ....။

ကၽြန္ေတာ္တို့ရွိေနတဲ့ပတ္ဝန္းက်င္က LGBT ဆိုတာ ဘာမွန္းေတာင္ သိတဲ့ေနရာတစ္ခု မဟုတ္ခဲ့ဘူး။ ကိုကိုကေရာ...? ကၽြန္ေတာ္က သူကို ျမတ္နိုးေနတာ သိခဲ့ရင္ ကၽြန္ေတာ့္ကို ပစ္ပယ္သြားခဲ့ေလမလားဆိုတဲ့အေတြးေတြနဲ႔ တစ္ေယာက္တည္းနာက်င္ခဲ့ရတယ္။ ကိုကိုကေတာ့ကၽြန္ေတာ့္အေပၚ သူရဲ့ပုံစံအတိုင္း ေစာင့္ေရွာက္ေပးေနခဲ့တုန္းပဲ။ ကၽြန္ေတာ္သာ ကမၻာေတြပ်က္ေနခဲ့တာ။

ကၽြန္ေတာ္ဟာ ေယာက္်ားတစ္ေယာက္ကို ျမတ္နိုးမိတဲ့သူတေယာက္ ျဖစ္ေနခဲ့လို့ ကၽြန္ေတာ့္ကိုယ္ကၽြန္ေတာ္ သတ္ေသဖို့အထိေတာင္ ႀကိဳးစားခဲ့တယ္။ အဲ့အခ်ိန္ ကိုကိုမ်က္ရည္က်တာကိုျမင္ပီး ကၽြန္ေတာ္နာက်င္လိုက္ရတာ။ ဒါေၾကာင့္ ကၽြန္ေတာ္ဆုံးျဖတ္ခ်က္တစ္ခုကို ပီျပင္စြာခ်ခဲ့တယ္။

"ကိုကို့ေဘးနားမွာ ကိုကို့ရဲ့ ညီငယ္ေလး တစ္ေယာက္အျဖစ္ရွိေနေပးမယ္...ကၽြန္ေတာ္ျမတ္နိုးမႈေတြအားလံုးကို ကိုကိုမသိေအာင္ ဖုံးကြယ္ထားမယ္"....ဆိုၿပီးေတာ့ေပါ့။

ကိုကိုက ရည္းစားေတြအမ်ားႀကီး ထားတယ္။ သူ႔ေကာင္မေလးေတြနဲ႔ ခ်ိန္းေတြ႕တိုင္း ကၽြန္ေတာ့္ကို အျမဲေခၚသြားခဲ့တယ္။ ကိုကို ဘယ္လိုရည္ရြယ္ခ်က္ေတြနဲ႔ကၽြန္ေတာ့္ကို ေခၚသြားမွန္း ကၽြန္ေတာ္မသိနိုင္ခဲ့ဘူး။ ကိုကိုက ဘယ္ရည္းစားကိုမွ အတည္တက်မတြဲခဲ့ဘူး။ သူ႔ရည္းစားေတြနဲ႔ ယွဥ္ရင္ ကၽြန္ေတာ့္ကိုဦးစားေပးခဲ့တဲ့အတြက္ေတာ့ ကၽြန္ေတာ္ေပ်ာ္ရႊင္ခဲ့ရတယ္။

ဒါဟာ ဒိုင္ယာရီတစ္ျဖတ္ေပါ့....။

..............

Thank you for reading!

**************########*************
Unicode

ဒီလိုနဲ့.....

ကျွန်တော် အလဲလဲ အပြိုပြို ဖြစ်နေချိန်မှာ ကိုကိုက ကျွန်တော့်ဘေးမှာနေပြီး ဖေးမပေးတယ်။  ကျွန်တော့်အနားမှာ ကိုကိုပဲ ရပ်တည်ပေးတယ်။ ကျွန်တော်ဆိုတဲ့ ဖြစ်တည်မှူတိုင်းကို ကိုကိုကလက်ခံပေးတယ်။ ကျွန်တော် အချိန်တွေအကြာကြီး ပြိုလဲခဲ့ပေမယ့် ကိုကိုဆိုသည်မှာ မညည်းညူပဲ ကျွန်တော့်အနားမှာ ရှိနေပေးခဲ့တယ်။

အချိန်တွေက ရပ်တန့်နေတာ မဟုတ်တော့ ကိုကို့အပေါ် မဖြူစင်ခဲ့တာ ဘယ်အချိန်တုန်းကမှန်းမသိလိုက်ပေမယ့် ကျွန်တော့်ကိုယ်ကျွန်တော် စသိလာချိန်မှာ ကိုကို့ကို ကျွန်တော်အရမ်းမြတ်နိုးနေခဲ့ပြီပဲ....။

ကျွန်တော်တို့ရှိနေတဲ့ပတ်ဝန်းကျင်က LGBT ဆိုတာ ဘာမှန်းတောင် သိတဲ့နေရာတစ်ခု မဟုတ်ခဲ့ဘူး။ ကိုကိုကရော...? ကျွန်တော်က သူကို မြတ်နိုးနေတာ သိခဲ့ရင် ကျွန်တော့်ကို ပစ်ပယ်သွားခဲ့လေမလားဆိုတဲ့အတွေးတွေနဲ့ တစ်ယောက်တည်းနာကျင်ခဲ့ရတယ်။ ကိုကိုကတော့ကျွန်တော့်အပေါ် သူရဲ့ပုံစံအတိုင်း စောင့်ရှောက်ပေးနေခဲ့တုန်းပဲ။ ကျွန်တော်သာ ကမ္ဘာတွေပျက်နေခဲ့တာ။

ကျွန်တော်ဟာ ယောက်ျားတစ်ယောက်ကို မြတ်နိုးမိတဲ့သူတယောက် ဖြစ်နေခဲ့လို့ ကျွန်တော့်ကိုယ်ကျွန်တော် သတ်သေဖို့အထိတောင် ကြိုးစားခဲ့တယ်။ အဲ့အချိန် ကိုကိုမျက်ရည်ကျတာကိုမြင်ပီး ကျွန်တော်နာကျင်လိုက်ရတာ။ ဒါကြောင့် ကျွန်တော်ဆုံးဖြတ်ချက်တစ်ခုကို ပီပြင်စွာချခဲ့တယ်။

"ကိုကို့ဘေးနားမှာ ကိုကို့ရဲ့ ညီငယ်လေး တစ်ယောက်အဖြစ်ရှိနေပေးမယ်...ကျွန်တော်မြတ်နိုးမှုတွေအားလုံးကို ကိုကိုမသိအောင် ဖုံးကွယ်ထားမယ်"....ဆိုပြီးတော့ပေါ့။

ကိုကိုက ရည်းစားတွေအများကြီး ထားတယ်။ သူ့ကောင်မလေးတွေနဲ့ ချိန်းတွေ့တိုင်း ကျွန်တော့်ကို အမြဲခေါ်သွားခဲ့တယ်။ ကိုကို ဘယ်လိုရည်ရွယ်ချက်တွေနဲ့ကျွန်တော့်ကို ခေါ်သွားမှန်း ကျွန်တော်မသိနိုင်ခဲ့ဘူး။ ကိုကိုက ဘယ်ရည်းစားကိုမှ အတည်တကျမတွဲခဲ့ဘူး။ သူ့ရည်းစားတွေနဲ့ ယှဉ်ရင် ကျွန်တော့်ကိုဦးစားပေးခဲ့တဲ့အတွက်တော့ ကျွန်တော်ပျော်ရွှင်ခဲ့ရတယ်။

........................
Thank you for reading!

ဒါဟာ ဒိုင်ယာရီတစ်ဖြတ်ပေါ့....။

Diary(ဒိုင္ယာရီတစ္ပုဒ္ရဲ႕ႏွလံုးသား)Where stories live. Discover now