(၁)

1.8K 129 1
                                    

သူ့နာမည်က သွင်ခန့်ညား....။

"သူ"ဆိုတာ ကျွန်တော့်ရဲ့အရာရာ
... ကျွန်တော်ရဲ့ ပိုင်ဆိုင်မှုတခု...။

ကျွန်တော်တို့နှစ်ယောက်တွေ့ဆုံပုံက အလွန်ရိုးရှင်းတယ်။ တနင်္သာရီတိုင်းထဲက နယ်မြို့လေးတမြို့မှာ သူရော ကျွန်တော်ပါ မွေးဖွားကြီးပြင်းလာကြတယ် ။ သူက ကြီးမြတ်တဲ့အနွယ်တော်ဖွားတယောက်။ ကျွန်တော်လား...? ကျွန်တော်က ကျွန်တော့်မိဘအရင်းတွေဆိုတာ ဘယ်သူမှန်းတောင် မသိရတဲ့ကလေးတစ်ယောက်။ မွေးစားမိဘတွေထဲမှာ မေမေက မကြည်ဖြူလို့ ဖေဖေ့ရဲ့မေတ္တာရိပ်တစ်ပါးထဲနဲ့ ကြီးပြင်းလာရတဲ့ကလေးတစ်ယောက်လေ။

ကျွန်တော်ဆိုတာ ပတ်ဝန်းကျင်ရဲ့အနှိမ်ခံလူတန်းစား။ ကျွန်တော် (၈)နှစ်အရွယ်မှာ ကျွန်တော့်ထက် (၃)နှစ်ပိုကြီးတဲ့ ကိုကိုသွင်ခန့်ညားနဲ့စပြီးတွေ့ဆုံခဲ့တယ်။ မိုးရာသီရဲ့ကျောင်းဖွင့်ရက်တစ်ရက်မှာ မေမေကထီးမဝယ်ပေးလို့ ကျောင်းဆင်းချိန်မှာ ငိုမဲ့မဲ့ဖြစ်နေတဲ့ကျွန်တော့်ကို ကိုကိုကသူ့ထီးလေးပေးဆောင်းစေခဲ့တယ် ။ ဒါက ကျွန်တော်တို့ရဲ့တွေ့ဆုံမှုလေး... ထီးလေးတစ်ချောင်းနဲ့အစပြုခဲ့တဲ့ တွေ့ဆုံမှုလေးပေါ့။

ကိုကို့မေမေက ကိုကို့ကို ကျွန်တော့်လို အပယ်ခံနဲ့ မခင်မင်စေချင်ခဲ့ဘူး။ ကျွန်တော့ကို မုန့်ဖိုးပေးပြီး ကိုကိုနဲ့မကစားရဘူးတဲ့လေ။ ကျွန်တော်ဆိုသည်မှာ လူကြီးစကားကို နားထောင်တဲ့အနေနဲ့ ကိုကို့ဆီကို ကိုကို့မေမေပြောတာတွေအကုန်ပြန်တိုင်ခဲ့တာပေါ့။ ကိုကိုကတော့ပြောရှာပါတယ် ....မေမေပေးတဲ့ဖုန့်ဖိုးလည်းယူ ကိုကိုနဲ့လည်း ကစားတဲ့လေ။ ကျွန်တော်က ကိုကို့စကားဆို အကုန်နားထောင်တာ။

အဲ့လိုကနေ အစပြုခဲ့တာ ကျွန်တော်တို့ အလယ်တန်းရောက်လာခဲ့တယ် ။ ကျွန်တော်သဘောကျတဲ့ မိန်းကလေးရှိလာတော့ ကိုကို့ကိုပြောပြခဲ့တယ်။ ကိုကိုက "မင်းသဘောကျရင် အဆင်ပြေပါတယ်" တဲ့လေ။

တစ်နေ့....ကျွန်တော် သူမအပေါ် နာကျည်းမိစေတဲ့တစ်နေ့။ ကျွန်တော်နေမကောင်းခဲ့ဘူး.....သူမက မုန့်လာပို့ပေးခိုင်းတယ် ကျွန်တော်ရောက်အောင်သွားပို့ပေးခဲ့တယ် မိုးရေတွေလည်း စိုရွဲလို့ပေါ့..။

Diary(ဒိုင်ယာရီတစ်ပုဒ်ရဲ့နှလုံးသား)Where stories live. Discover now