(part13)🐼⚽

2.2K 215 4
                                    

(Zawgyi)

အိပ်ယာနိုးထဲက စိတ်တွေလန်းဆန်းနေတဲ့ Mew
ဘေးနားကို စမ်းကြည့်လိုက်တော့ အသေးလေးက
အိပ်နေတုန်းပဲ ရှိသေးသည်။

Mew မျက်လုံးထဲမှာ အသေးလေးကို တစ်နေ့တစ်ခြား
ချစ်စရာ ကောင်းလာတယ်လို့ မြင်နေမိသည်။ ဒါကလဲ
အဆန်းမှမဟုတ်တာ အသေးလေးက တကယ်ချစ်ဖို့
ကောင်းနေတာပဲကို။

အတွေးတွေကို ရပ်တန့်ပြီး ရေမိုးချိုးဖို့ ပြင်ဆင်ရမည်။
အသေးလေး နိုးလာရင်စားဖို့ သစ်သီးတွေကို အဆင်သင့်လှီးပေး ထားရမယ်။

မဟုတ်ရင်အဲ့ဟာလေးက သူစားချင်တာစားပြီး မစားချင်ယတာတွေကို ကြွက်ကိုက်သလို ကိုက်ပြီး ဖွပစ်ရော။

အဲ့ဒါတွေကို အမြဲရှင်းရတဲ့သူက Mew ပဲဖြစ်သည်မို့
ခံရပါများလာတော့ နောက်ဆို အသေးလေးစားဖို့ကို
အသီးတွေကို ကြိုတင် အခွံခွာ သေသေချာချာ လှီးပေးပြီး
ကျွေးသည်။

Mew ရေမိုးချိုး မနက်စာပြင်ဆင်ပြီး ခဏကြာတော့
နိုးလာပါသော ကာလနဂါးပေါက်လေး အိပ်တဲ့နေရာမှာတော့ ကာလနဂါးတောင် အဖေခေါ်ရလောက်သည်။

အသေးလေးအကြောင်း မသိခင်အချိန်တုန်းကဆို
တော်တော်နဲ့နိုး မလာလို့ သေများသေသွားပြီလားဆိုပြီး Mew မှာရင်တမမနဲ့ ​နောက်မှ ဟိုက နတ်စည်းစိမ်ကို
အပြည့်အဝ ခံစားနေမှန်း သိလာသည်။

ကြည့်နေ ကြည့်နေ မကြာခင် မျက်လုံးမပွင့်ပဲ အရင်ဆုံး Mew ကိုလှမ်းခေါ်တော့မည်။ ပြောလို့ပင်မဆုံးသေး...

"Daddy"

"..."

Mew မသိချင်ယောင်ဆောင်ပြီး မထူးပဲနေလိုက်သည်။
ဟိုအကောင်ပေါက် ဘာလုပ္မလဲ သိချင်လာတာနဲ့ အသံမပေးပဲ
ရပ်ကြည့်နေသည်။

နောက်ဆုံး Mew ပြန်ထူးတဲ့အသံမကြားတာနဲ့ မျက်လုံး
မှေးမှေးလေးတွေက တဖြေးဖြေး ဖွင့်ကြည့်လာသည်။

"အဟင့် ဟင့် daddy"

ကြည့်ရတာ အခြေနေမကောင်းဘူး တကယ်ငိုတော့မယ့်ပုံပဲ။

"ဗျာ! သခင်လေး ကျွန်တော်မျိုး Mew ဒီမှာရှိပါတယ်ဗျ"

"ခ်ခ်ခ်"

Daddy and Little Fairy🐼⚽Where stories live. Discover now