(Part23)🐼⚽

2K 202 0
                                    

(Zawgyi)

"တော်...တော်...တော်တော့ daddy Gulf အသက်ရှု
ကျပ်လာပြီ"

"Sorry ကွာ ကိုယ်ခဏအသိလွတ်သွားလို့"

"အဟမ်း ရပါတယ်"

"ရပါတယ်ဆိုတော့ နောက်တစ်ခါထပ်နမ်း..."

"ဟာ! daddy နော်"

"ကိုယ်ကစတာပါကွာ"

"ဒီရက်ပိုင်းအတွင်း Gulf စိုးရိမ်နေခဲ့တာ"

"ဘာကိုစိုးရိမ္တာလဲ baby ရဲ့"

Mew ရဲ့လည်ပင်းတွေကိုဖက်ထားရင်းပဲ ရင်ခွင်ထဲခေါင်း
အတင်းတိုးဝင်လာပြန်သည်။ Mew လည်းအလိုက်သင့်
လေး အသေးလေးရဲ့ခါးကို ပြန်ပွေ့ဖက်လိုက်ပြီး အသေး
လေးပြောလာမယ့် စကားကိုအာရုံစိုက်ပြီး နားထောင်နေ
လိုက်သည်။ သူ့ရင်ခုန်သံလား ကိုယ့်ရင်ခုန်သံလား မကွဲပြား
အောင်ကိုတစ်ဒိန်းဒိန်း ဆူညံသံ တွေကြားနေရလေသည်။

"daddy က Gulf ကိုမချစ်တော့မှာလေ"

"ဟမ်! ဘယ်လို"

"အွန်းလေ daddy ကအရင်ကလို Gulf ကိုမနမ်းတော့ဘူး ပြီးတော့ Gulf ဘက်ကနေပဲ အမြဲစနမ်းရအောင်
လုပ်တယ် daddy မတရားဘူး"

အသေးလေးရဲ့ချစ်ဖို့ကောင်းတဲ့ အပြောကြောင့် Mew ရီ
ချင်သွားသော်လည်း အသေးလေးပြောတဲ့ အနမ်းအကြောင်းလည်း တွေးမိသည်။ သူအဲ့လိုရှောင်ဖယ်နေတာကို ဒီကောင်
လေးရိပ်မိနေမှန်းမသိခဲ့ဘူး။ အသေးလေးပြောတာအမှန်ပင် အသေးလေး နေမကောင်းဖြစ်တဲ့ အချိန်ကလွဲပြီး ကျန်တဲ့
အချိန်တွေ သူ့ဘက်က စမနမ်းဖြစ်ဘူး။

အကြောင်းပြတာမဟုတ်ပေမယ့် ဖြေရှင်းချက်လည်းမပေး
ချင်ဘူး တကယ်က အသေးလေးကို အဲ့လိုတွေရှောင်ဖယ်
မနေနိုင်ပေမယ့် အသေးလေးနဲ့ဝေးသွားရင် ဆိုတဲ့အတွေး
တွေ တွေးမိရင် ကိုယ့်စိတ်ကိုထိန်းချုပ်နိုင်ခဲ့တယ်။

အသေးလေးရဲ့မေမေ Mew ကိုပြောခဲ့ဖူးသည်မလား
အသေးလေးကသူ့ရဲ့ soulmate ဖြစ်တာကြောင့်
ကျိန်စာတွေပြယ်နိုင်ဖို့ကလည်း သူနဲ့ပဲသက်ဆိုင်နေတယ်
ဆိုတာ။ အသေးလေးကိုမပြောပြပဲ Mew ထိန်ချန်ထားတဲ့ဟာလေးတွေလည်း အနည်းငယ်ရှိနေသည်။

Daddy and Little Fairy🐼⚽Onde as histórias ganham vida. Descobre agora