Ep(9)

5.2K 524 17
                                    

Love = Love,

Unicode;

Jk - ထယ်မပြီးသေးဘူးလား ကိုယ်ဒီနေ့ Tutorial ရှိတယ် မြန်မြန်လုပ်

အောက်ထပ်ဧည့်ခန်းထဲကနေ လှန်းအော်နေတဲ့ Jung Kook ကြောင့် Tae Hyung အောက်ဆင်းမလိုလုပ်ပြီးမှ အခန်းထဲပြန်ဝင်ပြီး ကုတင်ပေါ်မှာထိုင်နေလိုက်သည်။ ဟိုနေ့ကသူ pt ရှိပါတယ်ဆိုတာကို Jung Kook အိပ်ရာကမထတာကြောင့် သူနောက်ကျပြီးအမှတ်လျော့ခံရတာကို အခုထိနည်းနည်းလေးမှမကျေနပ်သေးတာကြောင့် သက်သက်အကျင့်ပုတ်ပြီး အချိန်ဆွဲလိုက်သည်။

Jung Kook နာရီကိုကြည့်လိုက်တော့ 8နာရီ15 မိနစ်ဖြစ်နေပြီ Tuto က 8:45 စဖြေရမှာ တခြားအချိန်ဆိုကိစ္စမရှိပေမယ့် အခုဆရာမက Tuto ချိန်ကိုနည်းနည်းလေးနောက်ကျရင်တောင် အခန်းထဲပေးမဝင်တော့တာကြောင့် Jung Kook တစ်ယောက် ထိုင်မရထမရဖြစ်နေပြီ ။ တော်တော်နဲ့ ထယ်ယောင်းမဆင်းလာတာကြောင့် Jung Kook အပေါ်တက်ပြီး အခန်းထဲဝင်ကြည့်လိုက်တော့ အိပ်ရာပေါ်မှာ ကျောင်းဝတ်စုံနဲ့ ကျောပိုးအိတ်ကိုပိုက်ပြီး ကွေးကွေးလေးအိပ်ပျော်နေတဲ့ ထယ်ယောင်းကြောင့် သူနှိုးမနေတော့ဘဲ အဲ့အတိုင်းပွေ့ချီပြီးအောက်ထပ်သို့ဆင်းလာခဲ့လိုက်သည်။ ကားပေါ်တင်ပေးတဲ့ထိမနိုးလာသေးတာကြောင့် Jung Kook လည်း ခါးပတ်ပတ်ပေးလိုက်ပြီး ကျောင်းကိုသာအမြန်မောင်းလာလိုက်သည်။

အရင် နာရီဝက်လောက် မောင်းရတဲ့နေရာကို 15 မိနစ်ထဲနဲ့ရောက်လာသည်။ ကျောင်းရောက်တဲ့ထိ ထယ်ယောင်းမနိုးသေးတာကြောင့် သူထယ်ယောင်းကိုနှိုးမနေတော့ဘဲ အခန်းကိုသာအမြန်ပြေးရတော့သည်။ ဟိုရောက်တော့ကံကောင်းစွာ ဆရာမ မရောက်သေးတာကြောင့် သူနေရာမှာသူဝင်ထိုင်ပြီးအမောဖြေနေရင်း ကားပေါ်မှာကျန်ခဲ့တဲ့ ကောင်လေးအကြောင်းတွေးနေမိသည်။ သူသိတာပေါ့ ကျောင်းအကျႌလဲပြီးမှအိပ်ပျော်သွားတယ်ဆိုတာ သူ့ကိုတမင်ညစ်ပြီးလုပ်မှန်း.... ။ ထယ်ယောင်းအကြောင်းကိုတွေးမိပြီး Jung Kook ခေါင်းကိုခါကာပြုံးလိုက်ပြီး ပါးစပ်မှလည်း 'အဆိုးလေး ' ဆိုပြီးတိုးတိုးလေးရွတ်လိုက်သည်။
.
.
.
.
.
ထယ်ယောင်းနိုးလာလို့အပျင်းကြောဆန့်ပြီး ဘေးဘီကိုကြည့်တော့ သူကားပေါ်ရောက်နေမှန်းသိတာကြောင့် အလန့်တကြားနဲ့ အပြင်ဘက်ကိုကြည့်လိုက်တော့ သူရောက်နေတာတခြားနေရာမဟုတ် သူတို့ကျောင်းကကားပါကင်ဆိုတာသိသွားတာကြောင့်

Love = Love {Complete} Where stories live. Discover now