ယုံကြည်​အားထားလို့ရတယ်​ဆိုတာကမှ 💑

12 1 0
                                    

တချို့မိန်းက​လေး​တွေက ​ယောက်ျား​လေး​ရွေးရင်
လုံခြုံမှု​ပေးနိုင်​ရမယ်
တာဝန်​ယူစိတ်​ရှိရမယ်
အလုပ်​အကိုင်​ စိတ်​ဝင်​စားမှုရှိရမယ်​တဲ့
နောက်​ဆုံး​တော့လည်း ဥစ္စာ​ပေါ ရုပ်​​ချောတဲ့သူ​တွေ့ရင်
ပါသွားတာပဲ...

တချို့​ယောက်ျား​လေး​တွေက မိန်းက​လေး​ရွေးရင်
ဖြူစင်​ရိုးသား ရမယ်
အသိဥာဏ်​ဗဟုသုတရှိရမယ်
နူးညံ့သိမ်​​မွေ့ရမယ်​တဲ့
နောက်​ဆုံး​တော့လည်း ပိုလှတဲ့မိန်းက​လေး​နောက်
ပါသွားတာပဲ...

တကယ်​​တော့ လူ​တွေဟာသစ်​လွင်​ဆန်းသစ်​တဲ့
အရာတစ်​ခုနဲ့ကြုံတဲ့အခါ အဲ့ဒီအရာရဲ့အပြင်​သဏ္ဍာန်​နဲ့
ဖမ်းစားခြင်းကို ခံရတတ်​တယ်​။

အဲ့ဒီအရာနဲ့ အကျွမ်းဝင်​သွားခဲ့ပြီးရင်​​တော့
ဘယ်​​လောက်​လှလှ တန်​ဖိုးမထားတတ်​ကြ​တော့ဘူး
ဒါ​ကြောင့်​လှတယ်​ ​ချောတယ်​ဆိုတာ
စိတ်​ရဲ့ခဏတာ အာသာ​ပြေမှုပါ

သူ့အ​ပေါ် ယုံကြည်​အားထားလို့ရတယ်​ဆိုတာကမှ
တစ်​သက်​တာ ယုံကြည်​စိတ်​ချသွားနိုင်​ပါလိမ့်​မယ်

သူ့အ​ပေါ် ယုံကြည်​အားထားလို့ရတယ်​ဆိုတာကမှတစ်​သက်​တာ ယုံကြည်​စိတ်​ချသွားနိုင်​ပါလိမ့်​မယ်

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.




ကျွန်​မဖတ်​ဖို့ Where stories live. Discover now