- 8 -

1.9K 265 13
                                    

Summer Donatella ( 8 )

Unicode

" ဟာ ဖြစ်နိုင်ပါ့မလားဗျာ ? "

ထယ်ယောင်းက ပါးစပ်ကြီးဟောင်းလောင်းနဲ့
မယုံနိုင်ဖြစ်နေသည်

" အော် တကယ်ပါဆို ငါလဲအစကမယုံဘူးရယ်
မျက်စိနဲ့ တပ်အက်တွေ့ခဲ့တာ "

ဆော့ဂျင်က အမြဲလွဲတတ်သော ဟိုဆော့ကို မယုံ

" မင်းဟာကလည်းကွာ မဖြစ်နိုင်တာတွေ "

" ကဲ ဒါကိုကြည့် "

" အား !!!!!!! "

ယွန်းဂီက ဆရာမင်ကို နမ်းနေသောပုံ

ထိတ်လန့်ဖွယ်အသံလေးတွေနဲ့ တစ်ယောက်တစ်
ပေါက် အပြိုင်အော်ပြီးနောက် အခန်းက တိတ်သွားသည်
အကုန်လုံးလည်း လန့်ဖြန့်သွားကြသည်

" တကယ်ပဲဗျ တကယ်ပဲ !!!! "

ထယ်ယောင်းက အကျယ်ကြီး ထအော်လေသည်
ပြီးတော့ ရေဘူးယူကာ အမြန်သောက်လိုက်သည်

" အေး ယုံပြီလား ငါပြောတယ် တကယ်လို့ "

ဆော့ဂျင်က ခေါင်းခါလိုက်ရင်း -

" ငါယုံမယ့်သာယုံရတာ အံ့သြနေတုန်းပဲ "

" အံ့သြတာတော့တော်တော်အံ့သြတာဗျ စဥ်းစား
ကြည့်ဗျာ သူ ဒီလို စိတ်ဝင်စားတတ်တယ်ဆိုရင်
တောင် သူ့ စတိုင်က ဆရာမင် ..  မင်..  မင် ?? "

ထယ်ယောင်းက ဖွီးခနဲ ရေတွေ ထပ်ထွက်လာပြီး
ထရယ်ပြန်သည်

" သေပါပြီ အစ်ကိုယွန်းဂီစတိုင်က အဲ့လိုပေါ့ ? "

ရေတွေက ဟိုဆော့အင်္ကျီပေါ်မှာ အကွက်လိုက်

Summer Donatella • Taegi || COMPLETED ||Where stories live. Discover now