_ 1 _

20.5K 842 35
                                    

စတင်တွေ့ဆုံခြင်း ~ 💛

သာမန်စားသောက်ဆိုင်လေးမှာ စကားလက်ဆုံကျနေသော
အထက်တန်းလွှာက ကောင်လေးနှစ်ယောက်

"အေးကွာ Yoongi ရာ
ငါတို့ ဒီကြားထဲ မတွေ့ဖြစ်တာ လေးနှစ်လောက်တောင်
ရှိပြီနော် "

"မင်းပုံစံကြည့်ရတာ
အရင်လို ငါ အနိုင်ကျင့်လို့မရတော့ဘူး ထင်တယ် "

အကောင်းဆုံးသောဆုလာဘ်တစ်ခုဖြစ်တဲ့ပါးချိုင့်လေးတွေနဲ့
ကောင်လေးရဲ့အမေးကို မျက်နှာချင်းဆိုင်ထိုင်နေသော
အသားခပ်ဖြူဖြူကောင်လေးက ပြန်ဖြေလိုက်ခြင်းပင်

"ဒါနဲ့ ဒီအသေးလေးက
Jimin
ဟုတ်တယ်မလား "

"မင်္ဂလာပါ ဦး ဦး "

NamJoon ၏ စကားကို သွက်သွက်လက်လက်ပြန်ဖြေလိုက်တာက yoongi ဘေးနားတွင် ကပ်ထိုင်နေတဲ့ အသက်ငါးနှစ်လောက်သာရှိသေးသည့်ဂျီမင်ဆိုသည့်ကောင်လေးပင်

"ဝါး... ကြည့်ပါဦး
ဒီအရွယ်တောင် ရောက်လာပြီ
သူ့ပါးလေးတွေက ငယ်ငယ်ကအတိုင်းလေးဘဲ "

မျက်နှာချင်းဆိုင်ခုံကနေ ကလေးငယ်ဘေးနားကို လစ်ခနဲ
ရောက်လာတဲ့ သကောင့်သား လက်က သဲငယ်လေးရဲ့
ပါးဖောင်းဖောင်းလေးတွေဆီကို ဦးတည်နေတာကြောင့်
ချက်ချင်းဆိုသလိုnamjoonလက်ကို ဖြတ်ရိုက်လိုက်တယ်

"မင်းဘီယာသောက်ပြီး
ငါ့ကလေးကို လာမကိုင်နဲ့ကွ "

"မင်းကလည်းကွာ တစ်စိမ်းတွေလည်း မဟုတ်ဘဲနဲ့
ဒါလေးတောင် တွန့်တိုနေတယ် "

နှစ်ယောက်လုံး စကားစမြည်ပြောရင်း
အတူတူ သောက်နေပြီး
ကောင်ငယ်လေးရဲ့ ပါးကို မထိစေချင်တဲ့ အကြောင်းပြချက်က
သိပ်ပြီး ယုတ္တိမရှိပေ........

ကောင်လေးနှစ်ယောက်ရဲ့ စကားဝိုင်းဟာ တဖြည်းဖြည်း
အချိန်ကြာလာပြီဖြစ်တာကြောင့်
yoongi ဘေးနားမှာ တစ်ချိန်လုံး ထိုင်နေခဲ့တဲ့
ကလေးငယ်ဟာလည်း အိပ်ငိုက်လာပြီ ဖြစ်တယ်

ʙᴀʙᴇ ᴍɪɴ // YM ➹Where stories live. Discover now