Chapter 648

933 113 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

Book(49)

Chapter-9

(ဝံပုလွေဖန့်)

လက်ရှိအချိန်တွင် အလင်းတန်းများက ယီယွမ်၏ ခန္ဓာကိုယ်တွင် ထွက်ပေါ်နေခဲ့ပြီး သူ၏အော်ရာ အရှိန်အဟုန်မြင့်တက်မှုက အလွန်ထင်ရှားနေခဲ့သည်။

ဤအရာက ယီယွမ်တည်ဆောက်သည့် အတုအယောင်အခြေအနေတစ်ခု မဟုတ်ပေ။ မူလသံလိုက်ဓာတ် ဝိညာဥ်သစ်သားနှင့် ကွာခြားသည်မှာ လျှပ်စီးစွမ်းအင်သစ်သီး၏ အစွမ်းက အပြင်၌ ပေါ်ထွက်လာခြင်းဖြစ်၏။

ယီယွမ်က လျှပ်စီးစွမ်းအင်သစ်သီး အလုံးတစ်ရာကို တစ်ခါတည်း စားသုံးခဲ့ပေသည်။ သူက ထိုမျှအထိ အစွမ်းထက်သော အော်ရာအငွေ့အသက်တစ်ခု ရှိနေသည်မှာ အံ့ဩစရာမရှိပေ။

ယွီရှင်းက ဘေးမှနေ၍ အံ့အားသင့်သွားခဲ့၏။

လျှပ်စီးစွမ်းအင်သစ်သီးတွေကို ဒီလိုမျိုး သန့်စင်ရဲတဲ့ လူတွေတကယ်ရှိနေတာလား…..

သူ့နေရာတွင် သူမသာဆိုလျှင် သူမက အစွမ်းထက်သော လျှပ်စီးစွမ်းအင်ကြောင့် သေဆုံးသွားရမည်သာဖြစ်သည်။

ယီယွမ်က မူလသံလိုက်ဓာတ် ဝိညာဥ်သစ်သားကို အခြေခံထားပြီး သူ၏ခန္ဓာကိုယ်က အလွန့်အလွန် အစွမ်းထက်လှ၏။ ထို့ကြောင့် ထိုလျှပ်စီးစွမ်းအင်သစ်သီးများက သူ့အတွက် မထိခိုက်ခြင်းဖြစ်သည်။

"မကောင်းတော့ဘူး… သခင်ငယ်… ကျွန်မတို့ကို မြေအောက်သွေးနီရေ  ကင်းမြီးကောက်ကလန်နဲ့ ပြောင်းလဲခြင်းရွှေကြွက်ကလန်တို့ရဲ့ ဝန်းရံခြင်းခံလိုက်ရပါပြီ… သူတို့က
လျှပ်စီးစွမ်းအင်သစ်သီးတွေကို လက်လွှဲပေးရမယ်လို့ ပြောနေကြပါတယ်….."

လက်ရှိအချိန်၌ ယီယွမ်က လျှပ်စီးစွမ်းအင်သစ်သီးများကို သန့်စင်နေဆဲဖြစ်ပြီး မြေခွေးကလန်၏ ကလန်သားတစ်ယောက်က ယွီရှင်းရှေ့သို့ အလျင်စလိုဖြင့် ရောက်လာခဲ့၏။

ယွီရှင်း၏ မျက်နှာအမူအရာက ပြောင်းလဲသွားခဲ့ပြီး ပြောလိုက်သည်။ "ဒီလောက်အထိ မြန်မြန်ကြီး ရောက်လာခဲ့ကြတာပဲ….."

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(part-4)Where stories live. Discover now