Chapter 653

1K 106 1
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

Book(49)

Chapter-14

(လေလျှပ်စီး အလင်းလွန်းပျံပညာရပ်)

လေနက်ဒီမွန်းဝံပုလွေကလန်၏ ​မြေအောက်ခန်းတွင် ဝံပုလွေဖန့်က မခံမရပ်နိူင်ဖြစ်နေသော အမူအရာတစ်ခု ရှိနေခဲ့သည်။

"ဘိုးဘေးကြီး… ဘိုးဘေးကြီးရဲ့ ခွန်အားနဲ့ဆိုရင် အဲဒီကောင်လေးကို သတ်ဖြတ်တာက ဖုန်ခါသလောက် လွယ်ကူပါတယ်… ဘာလို့ဒီလိုလုပ်ရတာလဲ… ဆယ်နှစ်တာ ကျင့်ကြံခြင်း….." ဝံပုလွေဖန့်က အော်ဟစ်လိုက်၏။

ဖြောင်း…..

လန်ဟွင်းထံမှ ရိုက်ချက်တစ်ချက်က ဝံပုလွေဖန့်ကို အဝေးသို့လွင့်စင်သွားခဲ့သည်။

"မင်းကငါ့ကို ဒီလိုစကားမျိုးပြောရအောင် ဘယ်ကနေ သတ္တိတွေရလာတာလဲ….." လန်ဟွင်း၏မျက်နှာအမူအရာက အနည်းငယ်ပျက်ယွင်းသွားခဲ့ပြီး ပြောဆိုလိုက်၏။

ဝံပုလွေဖန့်၏ မျက်နှာတစ်ခြမ်းက ဖူးယောင်နေခဲ့ပြီဖြစ်သည်။ သူ၏မျက်နှာကို အုပ်ကိုင်၍ မယုံကြည်နိုင်မှုက မျက်နှာပေါ်၌ အထင်းသားပေါ်လွင်နေခဲ့၏။

သူက လေနက်ဒီမွန်းဝံပုလွေကလန်၏ အချစ်တော်ဖြစ်သည်။ ဘိုးဘေးကြီးက အမြဲတမ်း သူ့အားမြှောက်စားထားခဲ့၏။ သို့သော် ဤတစ်ကြိမ်တွင်မူ ဘိုးဘေးကြီးက သူ၏ဆယ်နှစ်တာကျင့်ကြံခြင်းကို ယီယွမ်အတွက်ကြောင့် ဖျက်ဆီးခဲ့သည်။ ဤအရာက သူ့ကို နားမလည်နိုင်အောင် ဖြစ်နေစေခဲ့ပေ၏။

ဤအချိန်တွင်မှသာ သူ၏ဘိုးဘေးက စကားပြောဆိုရလွယ်ကူသော လူတစ်ယောက်မဟုတ်ကြောင်း ဝံပုလွေဖန့်က နားလည်သွားခဲ့သည်။

သူ့အပေါ် နှစ်ပေါင်းများစွာ ချီးမြှောက်ထားခဲ့၍ သူက ထိုအချက်ကို မေ့နေခဲ့ပေ၏။

ယခု ဘိုးဘေးကြီးက ဒေါသထွက်လာခဲ့ရာ ဝံပုလွေဖန့်က လုံးဝပင် သတိဝင်လာခဲ့သည်။

"ဘိုး… ဘိုးဘေးကြီး… ကျွန်… ကျွန်တော်က ခဏတာ သတိလွတ်သွားလို့ ကျွန်တော့်ရဲ့အဖြစ်မှန်ကို မေ့သွားခဲ့ပါတယ်… ဘိုးဘေးကြီး… ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ….." ဝံပုလွေဖန့်က တုန်လှုပ်စွာပြောဆိုလိုက်၏။

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(part-4)Where stories live. Discover now