အပိုင်း ၁၂/အပိုင္း ၁၂

31.7K 3.3K 219
                                    

Unicode

မနက်မိုးလင်းထဲက အောက်ထပ်က ဂလုံဂလွမ်းဆိုတဲ့
ဆူညံသံပေါင်းစုံကြောင့် နိုင်ဦးစေတနါ လုံးဝဆက်အိပ်လို့မရတော့ပေ။ညထဲက တော်တော်နဲ့အိပ်မပျော်ပဲ မနက်မိုးလင်းမှ အိပ်ပျော်သွားရသည်မို့ ဒီမနက်အလုပ်တောင် သွားဖို့ စိတ်ကူးမရှိ။

မျက်နှာတောင်မသစ်နိုင်ပဲ အောက်ထပ်ကို ပြေးဆင်းလာခဲ့သည်။

"ဂလွမ်းးးးး"

"နှောင်ကြိုးး မင်းဘယ်လိုလုပ်နေတာလဲ ဆူညံနေတာပဲ။ နည်းနည်းပါးပါး လူလိုသိအုံး။"

ဒယ်အိုးကို ရေဆေးဖို့ ဘေစင်ထဲပစ်ထည့်လိုက်သံက
နားစည်ပါကွဲလောက်သည်။

"ဘာကိုလူလိုသိရမှာလဲ ဒီဗိုက်ကြီးနဲ့ သွက်သွက်လက်လက်သွားနိုင်လာနိုင်မယ်ထင်နေလို့လား။ မိုးလင်းရင် ခင်များတို့စားဖို့ လုပ်ပေးနေတာပဲ
ကျေးဇူးတင်"

ခါးပေါ်လက်နှစ်ဖက်ပစ်တင်ပြီး အသံအကျယ်ကြီးနဲ့
ကုန်းအော်လိုက်သူကြောင့် နိုင်ဦးစေတန် နောက်ကိုတွန့်သွားရသည်။

"ကျေးဇူးတင်ရအောင် ငါက မင်းကို ပိုက်ဆံပေးပြီး
ခိုင်းတာလေ။ မင်းအလကားလုပ်ပေးတာမဟုတ်ဘူး။
ငါ့ကိုပြန်အော်မနေနဲ့ ငါကမင်းအလုပ်ရှင်"

"ဪ ဒါကျတော့ အလုပ်ရှင်တဲ့။ ခင်များလုပ်ချင်ရင်တော့ အလုပ်ရှင်လို့မပြောဘူး
ဘယ်အလုပ်ရှင်က ဘယ်အလုပ်သမားကို ဒီလိုလုပ်တာ
တွေ့ဖူးလဲ"

"မင်းအသံကျယ်ကြီးနဲ့ အော်မပြောနဲ့ သူများတွေကြားကုန်မယ်"

ဘေးပတ်၀န်းကျင်တစ်ခွင်ကို ပတ်လည်လိုက်ကြည့်ပြီး
ခပ်တိုးတိုးခပ်ကျိတ်ကျိတ်သတိပေးရသည်။

"ကြားပါစေ ဒီဗိုက်ကလည်း ခင်များ....အု...အု"

ပြောကာမှပိုဆိုးကာ အသံကျယ်ကြီးနဲ့အော်ပြောနေသူရဲ့ ပါးစပ်ကို လက်ဖဝါးနဲ့ ပြေးပိတ်ရသည်။ဒီကောင်လေးကို သူတကယ်မနိုင်။

"တောင်းပန်ပါတယ်အဖေလေး‌ရယ် တိုးတိုးပြောပါ"

"အဲ့တာဆို အိမ်မှုကိစ္စတွေကို ခင်များတို့နှစ်ယောက်လုံးဝိုင်းလုပ် ကျွန်တော်
တစ်ယောက်ထဲ မလုပ်နိုင်တော့ဘူး "

သံယောဇဉ်နှောင်ကြိုးWhere stories live. Discover now