အပိုင်း ၂၉/အပိုင္း ၂၉

31.2K 3.1K 46
                                    

Unicode

"ဘာတွေ လုပ်နေတာလဲ"

"ဪ ကလေးအဝတ်တွေ လျှော်ထားတာ မပြောင်လို့
ထင်လို့ လက်နဲ့ ပြန်လျှော်နေတာ"

ရေဇလုံအကြီးကြီးတွေ ချပြီ ကလေးအဝတ်တွေ သေချာပြန်ထိုင်လျှော်နေတဲ့ နှောင်ကြိုးနား ဆောင်းဦးစေတန် ကပ်ထိုင်လိုက်သည်။

"ဆပ်ပြာတွေ စင်ကုန်မယ် ဝေးဝေးမှာနေလေ"

"ငါမလျှော်ဖူးဘူး လျှော်ကြည့်ရအောင်"

ဆပ်ပြာမှုန့်နဲ့ စိမ်ထားတဲ့ ဇလုံထဲ လက်နှစ်ဖက်ဝင်ထည့်ပြီး အဝတ်အစားတွေကို
ဟိုပွတ်သည်ပွတ် လုပ်နေသည်။

"မလျှော်ပါနဲ့ မပြောင်ဘူးထင်လို့ ကိုယ့်ဘာသာ
လျှော်ပါတယ်ဆို"

မပြောင်လို့ ပြန်လျှော်ပါတယ်ဆို သူကထပ်ပြီး
ဝင်ရှုပ်နေတယ်။မျက်မှောင်ကုပ်ပြီး ကြည့်လိုက်တော့
သွားဖြူဖြူတန်းတန်းလေးတွေ လစ်ခနဲပေါ်အောင်
ရီပြနေသည်။ပြောမရမှန်း သိလို့ ဆက်မပြောတော့ပဲ
အဝတ်သာ ပြန်လျှော်နေလိုက်တော့သည်။

"မပြောင်ရင် နောက်တစ်ခါ သူတို့ကို ပြောင်အောင်လျှော်ခိုင်းလေ ကိုယ့်ဘာသာလျှော်တော့ ပင်ပန်းတာပေါ့"

အိမ်မှာခေါ်ထားတဲ့ အစ်မနှစ်ယောက်က တစ်အိမ်လုံး
မှာရှိတဲ့ အလုပ်အကုန်လုပ်ရတော့ ကလေးအဝတ်သေး
သေးလေးကို ပြီးပြီးရော လျှော်တယ်ထင်ပါရဲ့။စိတ်ထဲ
သိပ်သဘောမကျတာနဲ့ ကိုယ့်ဘာသာပြန်လျှော်နေမိခြင်းပင်။

"ရပါတယ် ကလေးနှစ်ယောက်ဟာက သိပ်များတာမှ
မဟုတ်တာ ငါ့ဘာသာပဲလျှော်ပါ့မယ် "

ရေနဲ့တဖန်ပြန်လျှော်ပြီးသား အဝတ်တွေကို သေချာ
ခါထုတ်ပြီး နေရောင်မှာ ထုတ်လှန်းဖြစ်သည်။ဘေးကနေ အဝတ်ဝိုင်းလှန်း
ပေးသူကို ရေပြောင်အောင်ခါဖို့ သင်ပေးရသေးသည်။

"နှောင်ကြိုး"

"ဟင်"

အဝတ်လှန်းနေရာကနေ လှည့်မကြည့်ပဲ ထူးလိုက်သည်။

"ဘာလို့ အဝေးကြီးကို ထွက်သွားရတာလဲ"

အဓိပ္ပာယ်မရှိ အဝတ်တွေကို ဖြန့်ကြည့်နေတဲ့
ဆောင်းဦးစေတန်ကို အလန့်တကြားလှည့်ကြည့်မိသည်။ဘာဖြေရမှန်းမသိ။

သံယောဇဉ်နှောင်ကြိုးWhere stories live. Discover now