New love

142 12 0
                                    

😍New Love 😍

အပိုင်း (၈)

လွန်း  . . ကိုရီးယားကနေ ပြန်လာခဲ့တာ နေ့ခင်း ၁နာရီလောက်မှာရန်ကုန်သို့ရောက်သည်
လေယဉ်ပေါ်မှာ လူကုန်ထိစောင့် ပစ္စည်းစစ် . . သိမ်းဆည်းစရာရှိတာသိမ်းဆည်းနှင့် အခြားလေယဉ်မယ် ၃ယောက်နှင့်အတူ တက်ညီလက်ညီ လုပ်လိုက်တာ နေ့လည် ၂နာရီခွဲလောက်မှာ အလုပ်အားလုံးပြီးလို့ နားဖို့အတွက် အိမ်ပြန်လာခဲ့သည် . . အချိန်ဇယား အရ မနက်ဖြန် နံနက် အစောကြီး မှာ လွန်း ဂျူတီ ပြန်ဝင်ရမှာပါ. . . .. .  မေ ကတော့ ညနေပိုင်း မှ မြန်မာပြည်ပြန်ရောက်မည်ဟုပြောထားသဖြင့် ဘယ်မှမသွားတော့ပဲ အခန်းပဲပြန်နားဖို့ဆုံးဖြတ်ပြီးပြန်လာခဲ့သည်. . . .  တက္ကစီ ကို လမ်စထိပ်မှာပဲ ချခိုင်း ပြီး လမ်းထဲကိုလျှောက်ဝင်လာခဲ့သည်
လက်တစ်ဖတ်က ဖုန်းကိုကိုင်ထားပြီးတစ်ဖတ်က လက်ကေ့စ် အိပ် အသေးစားလေးကိုဆွဲလျှက် ဖြေးဖြေးချင်းလျှောက်လာခဲ့သည်

အန်တီ ဝယ်ထားပေးသည့် ဒီ ကွန်ဒိုတိုက်ခန်းလေးကို လွန်းကြိုက်ပါသည် လူ လဲသိပ်မရူပ်သည့်အပြင် အေးဆေးသည်
အခန်းတိုင်းမှာ လူရှိပေမယ့် ရှိလို့ရှိမှန်းပင်မသိရ. . တိတ်ဆိတ် သည်. . လွန်းက လဲ တိတ်ဆိတ်တာကိုပဲသဘောကျတာလေ. . 

လျှောက်လာရင်းအတွေးတွေကပြန့်ကျဲလျှက် ဟိုရောက်ဒီရောက်ဖြင့်

''ကျီ. . .     

''အား. . . . 

''ဟာ. . . . . 

သျှန် ရဲ့ကားရှေံမှာလဲကျသွားသည့်မိန်းကလေးတစ်ယောက်. . . . .
သျှန် ကားကို ဘရိတ်အုပ်လိုက်သည့်တိုင်အောင် ဘရိတ်အုပ်သံက ဆူညံစွာနားစည်ကိုရိုက်နှက်လာပြီး နားထဲမှာ အူလျှက်  . . .  အရင်က ကားတိုက်မူမှာ ကြားခဲ့ရသည့်အသံတွေ နားထဲပြန်ဝင်လာသည်. .
သျှန် မျက်လုံးကိုမှိတ်ချလိုက်ပြီး ချွေးသီးချွေးပေါက်တွေကျလာသည်. . .
သူ နောက်ထပ်အမှားလုပ်လိုက်မိပြီလား. .  . .
သျှန် မျက်လုံးပြန်ဖွင့်ရမှာကိုပင်ကြောက်နေခဲ့မိသည်. . .
ရင်ထဲမှာလဲ မောဟိုက်လာသည်. . . သူ ဒီလိုဖြစ်နေခဲ့တာလွန်ခဲ့တဲ့ ၁နှစ် ထဲကပါ. . . ဝေဒနာကြားကနေ အားယူပြီး ခါးပတ် ကိုဖြူတ်လိုက်သည် . . ကားတံကားကို ဖွင့်ပြီး အောက်ကို ဆင်းလိုက်သည်. . .  လေးကန်သောခြေလှမ်းတွေဖြင့် ဆင်းလိုက်ရင်းကားရှေ့ ၂တောင်လောက်အကွာမှာလဲကျနေသောမိန်းကလေးတစ်ယောက်. . .
ယခုမှသူ အသက်ရူနိုင်သွားတော့သည်. . .
ဒါဆို သူ့ကားနဲ့မထိဘူးပေါ့. . .
သျှန် စဉ်းစားမနေတော့ပဲ လျှင်မြန်စွာပြေးသွားလိုက်သည်

New LoveTempat cerita menjadi hidup. Temukan sekarang