new love

154 9 0
                                    

New love😍

အပိုင်း(၂၂)

"သမီး လွန်း . . အန်တီမေးစရာရှိတယ်. . . . .

''ဟုတ်ကဲ့ အန်တီ. . .

''သမီး မမ ရဲ့ချစ်သူနဲ့အခုတွဲနေတယ်ဆို. . . .ဟုတ်လား. .

''ဟို. . လွန်း က. . . .

''ဘာလို့လဲသမီးရယ်. . .
ဘာလို့သူနဲ့ထပ်တွဲရတာလဲ. . .
သမီးဘာလုပ်မလို့လဲ. . .
ပြီးခဲ့တာတွေပြီးပါစေတော့. . .

လွန်းရဲ့အဒေါ်ဆီသွားလည်သည်နှင်သတင်းကရောက်နှင့်နေပြီဖြစ်သည် မမရဲ့သူငယ်ချင်းလာသွားပြီထင်သည်

''လွန်း . . တို့ ချစ်သူတွေဆိုတာအမှန်ပါ ဟန်ဆောင်နေကြတာမဟုတ်ပါဘူး. . .
သမီးသူ့ကိုရွေးချယ်ထားတာပါ. .  

''ဟုတ်လို့လား. . .
သမီးရဲ့ မမကိုမေ့နိုင်သွားပြီပေါ့လေ. . .
သူ့ကိုမြင်နေရင်သမီးအမြဲသတိရနေမှာပေါ့. .

''သမီး မေ့နိုင်အောင်ကြိုးစားနေပါတယ် အန်တီ. .  

''မေ့နိုင်အောင်ဆိုတော့မမေ့သေးဘူးပေါ့. . .
သမီးရယ် ဘာလို့အပင်ပန်းခံနေရတာလဲ. .
အခုကိုယ့်ဘဝလေးနဲ့ကိုယ်ပျော်သလိုနေပါလား. . .
သူနဲ့တွဲနေရင်းစိတ်ထဲမတင်မကျဖြစ်နေမယ့်အစားအထြားတစ်ယောက်ကိုပဲတွဲပါလား. . .
အန်တီ အခုပြောတာကသမီးအတွက်ပါ. . .
အန်တီ အရင်ကတစ်ယောက် သူ့ကြောင့်ပဲဆုံးရူံးခဲ့ရပြီးပြီ. . . . သူလုပ်တာမဟူတ်ဘူးဆိုပေမယ့်သူ့ကြောင့်ဆိုတာ ပတ်သတ်မူရှိနေတဲ့အတွက်. . 
အခုအန်တီတရားရိပ်သာဝင်ပြီးစိတ်အေးရုံရှိပါသေးတယ်
ဒီတော့သမီးဘဝအတွက်ရွေးချယ်ထားတာဆိုရင်သေချာစဉ်းစားဖို့လိုတယ်. . .  

လွန်းရဲ့အန်တီပြောသည့်စကားတွေကမှန်နေခဲ့သည်လေ
သူမ ကိုယ်တိုင်လဲ စက် ကိုမြင်လျုက်တိုင်း မမ ကိုအမြဲသတိရမိနေတာပါ. .  

လွန်းရဲ့အဒေါ်က တားစီးသလိုပဲ

၁ လခန့်ကြာပြီးနောက်မှာတော့ လွန်းထံသို့ ဖုန်းကောတစ်ခုဝင်လာခဲ့သည်
အစကဘယ်သူမှန်းမသိပေမယ့်နောင်သိခဲ့ရတာက စက်အာဏာသျှန် ရဲ့ ဖခင်ဖြစ်နေခဲ့သည်

တွေ့ချင်တယ်ဆိုသဖြင့် ချိန်းဆိုပြီးထွက်လာခဲ့သည်
ချိန်းထားသည့်နေရာသို့ရောက်သည်နှင့်. .

New LoveWhere stories live. Discover now