Second Mission (Part.2)

473 82 4
                                    

ငါအသက်ရှင်ဖို့ မင်းသေသင့်ရင်
သေပေးရမယ်။

.............

"သွားကြမယ် Seulgi''

Leaderဆီက အမိန့်ရသည်နှင့် သူမနှင့်SeungWan
အိတ်ကိုယ်စီဆွဲလို့ စံအိမ်ထဲဝင်လိုက်ကြသည်။

ဘာတွေကြုံရဦးမလဲ၊ စိတ်လှုပ်ရှားတယ်။
ကြောက်စိတ်ကိုဖျောက်ပြီး အခြေနေတွေမှာ အတတ်နိုင်ဆုံးရဲရင့်ဖို့Seulgiပြင်ဆင်ထားတယ်။
ဒါပေမယ့် ကြောက်နေမိတုန်းပါပဲ။ Seulgiကအဲ့လို ခပ်ပျော့ပျော့လူ။
ရှေ့ကဦးဆောင်သွားတဲ့ SeungWanနောက်ကနေကပ်လိုက်သွားတဲ့အခါ၊
သိပ်ရဲရင့်တဲ့SeungWanဟာ leader Ireneရဲ့အရင်းနီးဆုံးလူဆိုတာ ပြောစရာတောင်မလိုပါဘူး။

"မင်းတို့ဘယ်သူတွေလဲ၊ ဒီကဝန်ထမ်းမဟုတ်ရင်ဝင်လို့မရဘူး''

စံအိမ်တံခါးဝရှေ့ပိတ်ရပ်ထားတဲ့လူကို SeungWan မော့ကြည့်ပြီး

"ဝင်မရလည်း ရအောင်လုပ်မယ်လေ''

လက်ထဲမှာအသင့်ကိုင်လာတဲ့ pistolကိုထိုလူ့ ဦးခေါင်းဆီရုတ်ချည်းပစ်လိုက်တဲ့အခါ ဖျာထွက်လာတဲ့သွေးစက်အနဲငယ်က သူမနဲ့SeungWanကိုလာစင်တယ်။

အသံတိတ်ပြောင်းတပ်ထားတဲ့ pistolဟာ တိတ်တဆိတ်ပေမယ့် အခြေနေကိုတွေ့လိုက်ကြတဲ့ ဝတ်စုံပြည့် Body guardတွေကအနားကိုပြေးလာပြီး သူတို့လက်ထဲကသေနတ်တွေသူမတို့ကိုချိန်ထားလိုက်ကြတယ်။

SeungWanကလက်မြှောက်လိုက်တာကြောင့် သူမလည်းဘုမသိဘမသိလိုက်မြှောက်လိုက်တယ်။
အစီစဥ်ကဒီလိုမဟုတ်ဘူးမလား၊ အစောင့်တွေကိုရှင်းပြီး dataတွေယူဖို့လေ။

"လက်ထဲက သေနတ်ကိုချလိုက်!''

ရှေ့ဆုံးကရာထူးကြီးပုံပေါ်သည့်လူကအော်သည်။

ဒူးကိုဖြေးဖြေးချင်းညွှတ်ချ၊ လက်ကိုဖြေးဖြေးချင်းနိမ့်ချပြီး လက်ထဲကသေနတ်ကိုကြမ်းပြင်ဆီချလိုက်တော့မလို့လုပ်နေတဲ့ SeungWanကို သူမနားမလည်တော့တာအမှန်ပဲ၊ သူဘာတွေလုပ်နေတာလဲ။

"Code Red! လုပ်ကြံသူတွေရောက်နေတယ် လူကြီးမင်းတို့ကိုကာကွယ်ကြ၊ တပ်စုဆီသတင်းပို့''

ထိုလူက စကားပြောစက်ကတဆင့် သူ့အဖွဲ့သားတွေကိုအမိန့်ပေးနေပေမယ့်။

Alife for alifeDonde viven las historias. Descúbrelo ahora