(Zawgyi)🍁🍁🍁🍁
Part-41
(ကိုယ့်လက်ကိုတွဲလို့...ကိုယ့်လူဖြစ်ပေးပါ..!!..)အမတ်ချုပ်ကြီး ပင်းမြို့၏ အခြေအနေအား
စစ်ဆေးနေစဉ် ကြားလိုက်ရသော...
အသံတိုးလျော့လျော့ ကြောင့် လှုပ်လှုပ်ရှားရှား
ဖြစ်သွားရသည်...။အမတ်ချူပ်ကြီး လုပ်လက်စ အလုပ်အားလုံးအား
ရပ်ပြစ်လိုက်ကာ မိန်အာ အနားသို့ အလျင်အမြန်
သွားလိုက်သည်...။အားယူကာ ထရန်ကြိုးစားနေသော်လည်း
ကြာရှည်စွာ သတိလစ်ထားသော ယိုင်နဲ့နဲ့
ခန္ဓာကိုယ်က အဆင်မပြေ..။ အမတ်ချုပ်ကြီး
မိန်အာ ကို ကုတင်ခေါင်းရင်းကို မှီထိုင်ရသော
အနေအထား ဖြစ်အောင် လုပ်ပေးလိုက်သည်။"အစ်ကို..."
အမတ်ချုပ်ကြီး အခုမှသာ ပြုံးနိုင်တော့သည်။
အမတ်ချုပ်ကြီး မိန်အာ ၏ လက်ကလေးအား
ခပ်ဖွဖွ ဆုပ်ကိုင်ရင်း...။"ကျေးဇူးတင်ပါတယ် မိန်အာ..ဒီအစ်ကို
ဆီ ပြန်လာပေးယုံနဲ့တင် ရပါပြီ..."မိဖုရားကြီး မိမိ ရောက်နေသော အခန်း
အခြေအနေ ကို ကြည့်လိုက်တော့ အိမ်တော်
ပြန်ရောက်နေသည်ထင်..။ ကောင်းအိမ်တော်ကို
ထွက်လာစဉ် လုပ်ကြံသူ များနှင့် တွေ့သည်
အထိသာ သိသည်..။နောက်ပိုင်း ဘာတွေ ဖြစ်ကုန်
ပြီလဲ ကိုယ်တိုင်လဲ မသေချာ...။နိုးလာကထဲ က ခြောက်ကပ်နေသော လည်ချောင်း
ကြောင့် စကားပင် ကောင်းကောင်း မပြောနိုင်...။"ရေ..ရေပေးပါ..ရေဆာတယ်..."
"အင်း..အင်း..အစ်ကို အခုယူပေးမယ်.."
အမတ်ချုပ်ကြီး ကုတင်အနားရှိ စားပွဲပေါ်တွင်
တင်ထားသည့် ကြွေအိုးလေးထဲမှ ရေကို..
အမြန်ငှဲ့ကာ ကိုယ်တိုင်ပင် တိုက်ပေးလိုက်သည်။လည်ချောင်း တစ်လျောက် အနည်းငယ် စိုစွတ်
သွားသော အခါမှသာ နေရထိုင်ရ အဆင်ပြေ
တော့သည်..။ အမတ်ချုပ်ကြီး တစ်ချိန်လုံး
မိန်အာ ၏ အမူအရာအား အကဲခတ်နေခြင်း
ဖြစ်သော ကြောင့်..."မိန်အာ နေသာထိုင်သာရှိရဲ့လား
တစ်နေရာရာ က နာနေသေးလား။အဆင်ပြေရဲ့လား..အစ်ကို..အိမ်တော်ထိန်း ကို
သမားတော် ခေါ်ခိုင်းလိုက်မယ်..."
YOU ARE READING
Hold My Hand And Be My Man [Completed]
Historical Fiction#(Zawgyi and Unicode) Welcome From My Second Fic..!!! ကိုယ်တော့် အချစ်က.... လိမ္မော်ရနံ့ သင်းသင်းနဲ့ ကလေးငယ်လေး... 🍊🍊 ကိုယ်တော့် အချစ်က.... လိမ္မော်ရနံ့ သင်းသင်းနဲ့ ကလေးငယ်လေး... 🍊🍊