တိမ်ဆိုင်

178 10 3
                                    

💫တိမ်ဆိုင်💫
☁️☁️☁️☁️☁️
🌈BL ၀တ္ထုတို🌈
☁️☁️☁️☁️☁️☁️
       ""ဦးလေးရာပြည့်ရေ...ဦးလေးရာပြည့်..ဒီမှာ အမေက ..ကြာဇံဟင်းခါး..ပို့ခိုင်းလိုက်လို့ဗျို့..""
တိမ်ဆိုင်..အော်ပြောလေး..အော်ပြောရင်းနဲ့ ခြံတံခါးကိုဖွင့်ပြီး တိုက်ထဲသို့..၀င်သွားလိုက်လေသည်။
    ""ဟာ..အတော်ဘဲပေါ့ကွာ..အိမ်မှာ ..ဧည့်သည်ရောက်နေတာနဲ့ အတော်ဘဲဟေ့..""
ဦးလေးရာပြည့်က ဆိုရင်းနှင့် တိမ်ဆိုင်လက်ထဲက ကြာဇံဟင်းခါးချိုင့်ကို လှမ်းယူလိုက်လေသည်။
""ဧည့်သည်..ဟုတ်လား..ဘယ်က ဧည့်သည်ရောက်နေလို့လဲဗျ..""
ဟု တိမ်ဆိုင် စပ်စုလိုက်မိသည်။
""ရန်ကုန်က ..ဦးလေးမိတ်ဆွေရဲ့သားပါ..ဒီနေ့မနက်ကတင်ဘဲရောက်လာတာလေ.."
""ဪ..ဟုတ်.."
""ကဲ..ဒီမှာ ခဏထိုင်စောင့်ဦး..
ဦးလေးချိုင့်သွားလှယ်လိုက်ဦးမယ်""
ဆိုပြီး..ဦးလေးရာပြည့် ထွက်သွားလေသည်။ တိမ်ဆိုင်လည်း ဧည့်ခန်းထဲက ဆိုဖာပေါ် ထိုင်ရင်း စောင့်နေလိုက်သည်။
          ထိုအချိန် အပေါ်ထပ် လှေကားကနေလူတစ်ဦး ဆင်းလာသည်။
တိမ်ဆိုင်..လှမ်းကြည့်လိုက်တော့..
ထိုသူ့ကိုတစ်ခါမှ..မမြင်ဖူးပေ။ကြည့်ရတာ..ဧည့်သည်ဖြစ်မှာပါလေဟု
တွေးရင်း ထိုသူ့လှုပ်ရှားမှုတိုင်းကို..
ငေးကြည့်နေမိ၏။
       အသက်အားဖြင့်..30ကျော်လောက်သာရှိဦးမည် ထင်သည်။
    အသားဖြူဖြူ..အရပ်မြင့်မြင့်နှင့် ..စွဲမက်ဖွယ်ရာ မျက်၀န်း..
ဖြောင့်ဆင်းနေသော နှာတံ..
နီညိုဖျော့ရောင် သမ်းနေသည့် နုတ်ခမ်း..အားလုံးခြုံငုံပြီး ဆိုရလျှင်..ထိုသူသည်..လူချောတစ်ဦးသာဖြစ်သည်။
      ထိုသူကို တိမ်ဆိုင်.သတိလက်လွှတ်နဲ့ကို..ငေးကြည့်နေမိ၏။
ထိုသူက ဖျတ်ခနဲ့ တိမ်ဆိုင်ကို တစ်ချက်မျှသာ ကြည့်လိုက်ပြီး..
ပြုံးတယ်ဆိုရုံလေး..နုတ်ခမ်းများ အနည်းငယ်တွန့်ကွေးသွားလေသည်။
တိမ်ဆိုင်..လဲ အယောင်ယောင်အမှားမှားနှင့် ၃၂ချောင်းသော သွားများပေါ်အောင်ထိ ပြုံးဖြီးပြလိုက်မိ၏။
      ထိုသူက  ခေါင်းလေးတစ်ချက်ညိတ်ပြီး တိမ်ဆိုင်၏အပြုံးများကို အသိမှတ်ပြုပေးပြီး..တိုက်ထဲကနေ ထွက်သွားလေသည်။
ထိုသူ့၏ကျောပြင်ကို တိမ်ဆိုင် မှင်သက်စွာ ငေးကြည့်နေမိ၏။
""ကဲ..မင်းအမေကိုလဲပြောလိုက်ပါ..
ဦးလေးရာပြည့်က ကျေးဇူးအများကြီးတင်ပါတယ်လို့.""
အနောက်ကနေ ထွက်ပေါ်လာသည့် ဦးလေးရာပြည့်အသံကြောင့် တိမ်ဆိုင် အနည်းငယ်လန့်သွားရလေသည်။
အသာ ရှက်ရယ်ရယ်ရင်းနှင့်..
""ဟုတ်..ဦးလေးပြောလိုက်ပါ့မယ်ဗျ..ဟီး.ဟိ.."
ပြီတီတီ မျက်နှာပေးလေးနဲ့ ဦးလေးရာပြည့်.လက်ထဲက ချိုင့်လေးကို လှမ်းယူလိုက်ပြီး..တက်ကြွနေတဲ့ ခြေလှမ်းတွေနဲ့အတူ တိမ်ဆိုင် ထွက်လာခဲ့လိုက်သည်။ ခြံထဲက ဒန်းလေးပေါ်မှာ ထိုင်နေသောသူ..။တိမ်ဆိုင် ခဏလေး ငေးကြည့်လိုက်မိသည်။ မကြည်မသာဖြစ်နေသော မျက်နှာ..။တစ်စုံတစ်ခုကို..
စိတ်အလိုမကျဖြစ်နေသည့်ပုံ။ တဒင်္ဂ အချိန်ခဏလေးအတွင်းမှာ..တိမ်ဆိုင်ရဲ့ စိတ်နှလုံးသားကို စိုးမိုးသွားနိုင်သောသူ..။သူက ဘယ်သူများလဲ..။
ထိုသူရဲ့ ယောကျာ်းပီသပြီး ချောမောခန့်ညားလှသည့် ရုပ်သွင်က..
တိမ်ဆိုင်လို ဟိုမိုတစ်ယောက်ကို..ဆွဲဆောင်မှုအားပြင်းပြင်းနှင့်.ညှို့ယူဖမ်းစားနေသလိုပင်..။
☁️☁️☁️
     ဦလေးရာပြည့်ရဲ့အိမ်ဆီကို..အကြောင်းမရှိ အကြောင်းရှာပြီး.တိမ်ဆိုင်ရောက်.ရောက်သွားတတ်သည်။ တိမ်ဆိုင်စိတ်၀င်စားနေသော သူရဲ့ နာမည်က..ကိုလွင်ဦးမော်..။အခုဆို တိမ်ဆိုင်နဲ့ ကိုလွင်ဦးမော် တို့ခင်မင်ရင်းနှီးစတောင်ပြုနေလေပြီ..။ ကိုလွင်ဦးမော်က ဘုရားကြီး (မဟာမြတ်မုနိဘုရားကြီး)အာရုံတက်ကို ဖူးမြော်ချင်သည်ဟုဆိုလာ‌သော
ကြောင့် တိမ်ဆိုင် လိုက်ပို့ပေးရန် ကတိပြုလိုက်လေသည်။
      မနက်၃နာရီကျော်ကျော်လောက် တိမ်ဆိုင်တို့တွေ အိမ်ကနေ ထွက်လိုက်ခဲ့လေသည်။ တိမ်ဆိုင်မောင်းနှင်သော ဆိုင်ကယ်နောက်မှာ ကိုလွင်ဦးမော်က ထိုင်လိုက်လာခဲ့သည်။ တိမ်ဆိုင်တစ်ယောက်ကတော့ တက်ကြွလန်းဆန်းလို့နေ၏။
        ဘုရားကြီးအာရုံကို ဖူးမြော်လို့ပြီးသွားတော့..
""ချာတိတ်..မင်းဗိုက်ဆာနေပြီလား""
""ဘာလဲ..ကိုမော် ဗိုက်ဆာ‌လို့
လား..အဲ့ဒါဆိုရင် မုန့်ဟင်းခါးသောက်မလား..ကျွန်တော်.ဘုရားကြီးလာလို့ရှိရင် စားနေကျ မုန့်ဟင်းခါးဆိုင်ရှိတယ်..ဒီအချိန်ဆိုဖွင့်ပြီ.."
တိမ်ဆိုင်က ဆိုလိုက်တော့..ကိုလွင်ဦးမော်တစ်ယောက် ပြုံးတုံ့လိုက်ပြီး..
""အင်း..အဲ့ဒါဆိုရင်လဲ..ကိုယ်တို့သွားမယ်လေ..""
"ဟုတ်..""
       တိမ်ဆိုင် ကိုလွင်ဦးမော်ကို သူစားနေကျ မုန့်ဟင်းခါးဆိုင်ဆီကို ခေါ်လာခဲ့လိုက်သည်။
""အန်တီရေ..အိုးဘဲဥ နဲ့အစုံ..မုန့်ဟင်းခါး နှစ်ပွဲ ပေးပါဗျို့.."
""ဟော..ဆိုင်လေး..အန်တီတို့ဆီကို မလာတာတောင်ကြာပြီနော်..""
ဆိုင်ရှင်အဒေါ်ကြီးက ပြုံးရင်းနှင့်ဆိုလာလေသည်။
""ဟုတ်တယ် အန်တီရေ..အခုတလော..ဘုရားကြီးဘက်ကို မရောက်ဖြစ်လို့ပါ..အန်တီရဲ့မုန့်ဟင်းခါးကို..သားက လွမ်းနေတာပါနော်.."
"ဪ..မုန့်ဟင်းခါးကိုဘဲလွမ်းတာပေါ့..အန်တီကိုကျမလွမ်းဘူးဆိုတဲ့သဘောပေါ့လေ..ဟုတ်လား..""
""ဟာ..အဲ့လိုမဟုတ်ပါဘူး..အန်တီရဲ့.."
""ကဲ..ဒီမှာ ဆိုင်လေးတို့ မှာထားတွေ ရပါပြီရှင်..အချဉ် ငရုတ်သီး ငံပြာရည်လိုတာထည့်စားနော်..""
""ဟုတ်..""
ရှေ့မှာလာချပေးသည့် မုန့်ပွဲတွေကိုကြည့်ရင်း တိမ်ဆိုင်ပြုံးလိုက်ပြီး..
""ကိုမော်..စားကြည့်..အရမ်းစားကောင်းတယ်..""
တိမ်ဆိုင် ပြောလဲပြော သူမုန့်ပန်းကန်ထဲ..ငရုတ်သီးမုန့်တွေ အချည်ရည်တွေ ..ထည့်လိုက်၏။
""ချာတိတ် ငရုတ်သီးတွေ အရမ်းမထည့်နဲ့လေ..""
ကိုလွင်ဦးမော်က စိုးတရိမ်တကြီးနဲ့ တားမြစ်လိုက်သည်။
""ဟီး..ကျွန်တော်ကလေ မုန့်ဟင်းခါးကို ချဉ်ငန်စပ်အမြဲစားနေကျလေ..""
တိမ်ဆိုင်က ရယ်ကျဲကျဲလေးနှင့်ဆိုလိုက်သည်။
""ဟုတ်ပါပြီ..ဒါပေမယ့် တန်ရင်ဆေးလွန်ရင်ဘေးတဲ့..အဲ့ဒါကြောင့်မို့.ငရုတ်သီးတွေအများကြီး ထည့်မစားစေချင်ဘူး..တော်ကြာ ချာတိတ် ဗိုက်အောင့်မှာစိုးလို့ ပြောနေတာ..""
""ဟုတ်.."
တိမ်ဆိုင် သဘောကျစွာ ပြုံးရယ်ရင်းနှင့် ခေါင်းညိတ်ပြလိုက်သည်။
""ချာတိတ်..""
""ဗျာ့..""
""မင်း..နောက်ရက်တွေလဲ အားလား.""
""ဟုတ်..အားပါတယ်..ဘာဖြစ်လို့မေးတာလဲဟင်..""
"ဪ..မင်းအားတယ်ဆိုရင်..ကိုယ့်ကို..မန္တလေးမှာ လည်လို့ပတ်လို့ကောင်းတဲ့နေရာတွေကို လိုက်ပို့ပေးပါ့လား..""
ကိုလွင်ဦးမော်စကားကြောင့်..တိမ်ဆိုင်.‌ပျော်လွန်းလို့...
.ထခုန်မိမတတ်ကို ဖြစ်သွား
ရလေသည်။
""ဟုတ်..ဟုတ်..ကိုမော်.သွားချင်တဲ့နေရာတွေပြောလေ ကျွန်တော်လိုက်ပို့ပေးမယ်လေ..""
တိမ်ဆိုင်ဆိုလိုက်တော့..ကိုလွင်ဦးမော်က တွေးတွေးဆဆလေးနှင့်..
""အင်း........မင်းပြောကြည့်လေ..ကိုယ်ဘယ်တွေသွားသင့်လဲဆိုတာကို..""
ကိုလွင်ဦးမော် စကားကြောင့် တိမ်ဆိုင် စားလက်စ မုန့်ဟင်းခါးကို ရပ်လိုက်ပြီး..ချောင်းတစ်ချက်ဟန့်လိုက်သည်။
""အဟမ်း...ကျွန်တော်တို့..မန္တလေးရွှေမြို့တော်ကိုရောက်ရင် အသွားသင့်ဆုံးနေရာတွေကတော့..ဘုရားကြီးကို အရင်ဆုံး ဦးခိုက်ဖူးမြော်ပြီးလို့...မန္တလေးတောင်ပေါ်က မြွေကြီးနှစ်‌ကောင်ဆီကိုအရောက်သွားမယ်..ရန်ကင်းတောင်မှာ အန္တရာယ်ကင်းအောင် တောင်းဆုဆိုမယ်..အနုစိပ်လက်ရာမြောက်ပြီး.ခန့်ညားနေတဲ့ရွှေကျောင်းကြီးကိုလဲ မေ့ထားလို့မရသလို...စန္ဒာမုနိဘုရားကိုအရောက်သွားလို့ ကြာပန်းလေးတွေကိုင်ပြီး ဓာတ်ပုံရိုက်ဦးမလား..အင်း၀မှာ မယ်နုအုတ်ကျောင်းရှိသလို..ခန့်ညားလှတဲ့မင်းကွန်း ပုထိုးတော်ကြီးနဲ့ မြစ်ဆိပ်က  ခြေင်္သေ့ကြီးနှစ်ကောင်ရယ်...အရမ်းအရမ်းလှတဲ့..ဘုရားဖြူဖြူလေးတွေရှိတဲ့..မြသိန်းတိန်စေတီရယ်..စစ်ကိုင်းမြို့ရဲ့ကျက်သရေဆောင်ကောင်းမှုတော်ဘုရားကြီးလဲရှိသေးတယ်ဗျာ့..ဟော.ညနေဆည်းဆာနေ၀င်ချိန်အလှကို တောင်သမန်းအင်းက ဦးပိန်တံတားပေါ်မှာဓာတ်ဖမ်းရင်း ဓာတ်ပုံလှလှလေးတွေလဲ.ရိုက်လို့ရသလို.  ညဘက်မှာဆို  မာကျူရီမီးလုံး‌လေးတွေ..စိမ်းစိမ်းစိုနေတဲ့သစ်ပင်လေးတွေနဲ့..မန္တလေးကျုံးမြို့ရိုးရဲ့အလှကို ခင်ဗျားမြင်လိုက်တာနဲ့ လုံး၀ကို ရင်သပ်ရှု့မော..နှလုံးခုန်ရပ်တန့်စေမှာအမှန်ဘဲဗျို့..ကျုံးဘေးနားကနေ မန္တလေး
တောင်ရဲ့အလှကိုလဲခံစားလို့ရသေးတယ်နော်..ဪ မေ့တော့မလို့..ကမ္ဘာ့ပထမဦးဆုံး ကျောက်စိမ်းဘုရားကို လဲတ၀ကြီး ဖူးမြော်လို့ရသေးတယ်ဗျ. အမယ်လေး..မောတာဗျာ..မန္ထလေးမြို့မှာသွားလည်သင့်တဲ့နေရာတွေကျန်သေးတယ်ဗျ..အများကြီး အများကြီးရှိသေးတယ်ဗျ.""
ဟု ရှည်လျားထွေပြားစွာနှင့် တိမ်ဆိုင်ဆိုလိုက်ပြီး..မောမောနဲ့ ရှေ့မှာချထားသည့် ရေသန့်ဗူးကို ကလုကလုနဲ့မြည်အောင်မော့သောက်နေလေတော့သည်။
      ကိုလွင်ဦးမော်က ပြုံးတုံ့လိုက်ပြီး
""ချာတိတ်က စကားကြွယ်လိုက်တာကွာ..မင်းပြောပြတာနဲ့တင် မန္တလေးရဲ့အလှတရားကြီးကို ပြေးမြင်ယောင်နေမိပြီ..အေး..မင်းပြောခဲ့တဲ့နေရာတွေအကုန်လုံးကို ကိုယ့်ကိုလိုက်ပို့ပေးဖို့သာပြင်ထားပေတော့.ချာတိတ်ရေ..""
ကိုလွင်ဦးမော် စကားကြောင့် တိမ်ဆိုင် ရေသောက်နေရင်းနဲ့ ခေါင်းညိတ်ပြလိုက်၏။
☁️☁️☁️
       တိမ်ဆိုင်နဲ့ ကိုလွင်ဦးမော်တို့
မန္တလေးတောင်..ဆီကိုအရင်ဆုံး သွား
ဖြစ်ခဲ့ကြလေသည်။ တောင်ပေါ်တက်နေသည့် လှေကားထစ်တွေပေါ်တွင်.....
""ဘယ်လိုလဲ..ကိုမော် အရမ်းမောနေပြီလားဗျ..""
"အဟား..ဒီလောက်ကတော့..ပျင်းတောင်ပျင်းသေးတယ် ချာတိတ်..ကိုယ်အဘိုးကြီး မဖြစ်သေးဘူး..""
ကိုလွင်ဦးမော်က ပက်ခနဲ့ပြန်ပြောလိုက်တော့..တိမ်ဆိုင်တစ်ချက်မျှ အသံထွက်အောင်ရယ်လိုက်မိ၏။
     ""အဟား..အဲ့ဒါဆိုရင်..ကျွန်တော့်နောက်ကို မှီအောင်လိုက်ခဲ့..""
တိမ်ဆိုင် ပြောပြောဆိုဆိုနဲ့ လှေကားထစ်တွေပေါ် ပြေးတက်သွားလေသည်။
""ဟာ...ချာတိတ်..ဖြေးဖြေး..မပြေးနဲ့..""
ကိုလွင်ဦးမော် စိုးရိမ်တကြီးနဲ့လှမ်းအော်လိုက်ပြီး တိမ်ဆိုင်နောက်ကို ပြေးလိုက်လာခဲ့ရလေသည်။
""ဟား...ဟား..ကိုမော်ရေ နောက်တစ်ထပ်ဆို မြွေကြီးနှစ်ကောင်ရောက်...ရောက်...အား...""
နောက်လှည့်ပြီး စကားပြောလိုက်သည့် တိမ်ဆိုင်တစ်ယောက် အပေါ်ကနေ အောက်ကို ပြေးဆင်းလာသည့် လူတစ်ဦးနဲ့ ၀င်တိုက်မိပြီး နောက်ကို ပက်လက်လန်လဲကျသွားလေသည်။
""ဟာ....ချာတိတ်...""
အနောက်ကနေ ကိုလွင်ဦးမော် လှမ်းထိန်းလိုက်လေသည်။ ကိုလွင်မော်ဦးရင်ခွင်ထဲသို့ တိမ်ဆိုင်လဲကျသွားလေသည်။ လဲကျသွားသည့်အရှိန်ကြောင့်ဘဲလား..ဒါမှမဟုတ် ကိုလွင်ဦးမော်နဲ့အသားချင်းထိကပ်မိသွားလို့ဘဲမလားမသိ..။ တိမ်ဆိုင် ရင်တွေ အရမ်းခုန်နေကာ မျက်နှာတစ်ခုလုံးလဲထူပူလို့နေ၏။
""ဟာ..sorry ...sorryပါ ဗျာ မတော်လို့ဖြစ်သွားတာပါနော်..""
တစ်ဖက်လူက ပျာပျာသလဲ တောင်းပန်စကားဆိုလေသည်။
""ရပါတယ်..နောက်ဆို သတိထားပေါ့ကွာ.."
ကိုလွင်ဦးမော်က တည်ငြိမ်စွာနဲ့ပြောလိုက်သည်။
   ""ဟုတ်ကဲ့..နောက်ဆိုသတိထားပါ့မယ်ဗျ..""
တစ်ဖက်လူက ဆိုရင်း အောက်ထပ်သို့ဆင်းသွားလေသည်။ထိုအခါကျမှ..
""ကဲ..ချာတိတ်မင်းလဲ သတိထားဟုတ်ပြီလား..မင်းနောက်မှသာ ငါမရှိရင် မင်းလှေကားပေါ်ကနေ လိမ့်ကျပြီ..""
ကိုလွင်ဦးမော်က ဂရုဏာဒေါသောလေးနဲ့ဆိုလိုက်သည်။
တိမ်ဆိုင် ခေါင်းလေးငုံ့ထားရင်းနှင့်.
""ဟုတ်ကဲ့ပါ..ကိုမော်..""
""အင်း..ချာတိတ်က လိမ္မာတယ်..""
ကိုလွင်ဦးမော်က ဆိုရင်း တိမ်ဆိုင်ရဲ့ခေါင်းကို ညှင်သာစွာနဲ့ပုတ်လိုက်လေသည်။ တိမ်ဆိုင် ရင်ထဲတွင်တော့..ရင်ခုန်သံများက ဝုန်းဒိုင်းကျဲလို့နေ၏။
         မန္တလေးတောင်ပေါ်ကနေ..
မန္တလေးမြို့၏ ရှု့ခင်းအလှများကို ရင်သပ်ရှု့မောဖွယ်ရာ မြင်တွေ့နေရလေသည်။စိမ်းစိမ်းစိုစို သစ်ပင်များနှင့် သဘာ၀၏အလှတရားက တကယ့်ကို မိန်းမောဖွယ်ရာပင်..။သဘာ၀ရှု့ခင်းများနှင့်အပြိုင်..တင့်တယ်ခန့်ညားလွန်းနေသည့် ကိုလွင်ဦးမော်ကို တိမ်ဆိုင် တစ်ကြိမ်ကြိမ် အခါခါ ခိုးပြီး ငေးကြည့်နေမိတော့၏။
      မန္တလေးတောင်ကနေ အပြန်..ကုသိုလ်တော်ဘုရား..
စန္ဒာမုနိဘုရား..ရွှေကျောင်းကြီး
တို့ဆီကိုပါ ၀င်ရောက်လည်ပတ်ဖူးမြော်ခဲ့ကြလေသည်။
       ထိုအလည်ပတ်ခရီးအတွင်းမှာဘဲ တိမ်ဆိုင်နဲ့ ကိုလွင်ဦးမော်တို့ အရမ်းကိုအနေနီးစပ်ခဲ့ကြလေသည်။
☁️☁️☁️
          မာကျူရီမီးလုံးလေးများအစီအရီ ထွန်းထားသည့် မန္တလေးကျုံးမြို့ရိုး..။ ကျုံးရေပြင်ကို ဖြတ်ပြီး တိုက်ခတ်လိုက်သည့် လေပြေနုလေးကို ဇိမ်ခံပြီး ရှုရှိုက်နေသည့် ကိုလွင်ဦးမော်..။
""အား...စိတ်တွေကြည်လင်ပြီး
လန်းဆန်းသွားတာဘဲကွာ...ချာတိတ်မင်းပြောသလိုဘဲ..ကျုံးမြို့ရိုးရဲ့ ညရှု့ခင်းက အရမ်းကိုလှပတာဘဲ...""
ကိုလွင်ဦးမော်က ဆိုရင် ကျုံးကန်ရေပြင်ကို ငေးကြည့်နေလေသည်။
တိမ်ဆိုင် ကိုလွင်ဦးမော်ကို စောင်းငဲ့ကြည့်ရင်း ပြုံးနေမိ၏။
      ကျုံးမြို့ရိုးရဲ့ညအလှထက် ..ခင်ဗျားရဲ့အပြုံးလေး
တစ်ပွင့်က ကျွန်တော်မျက်လုံးထဲမှာ အရမ်းကိုတောက်ပပြီးလှပလွန်းနေတယ်ဗျာ...ဟု တိမ်ဆိုင်စိတ်ထဲကနေ တီးတိုးစွာပြောနေမိတော့၏။
တိမ်ဆိုင်ဆိုသော လူငယ်လေး၏ နှလုံးသားထဲသို့ လွင်ဦးမော်ဆိုသော လူကြီးက တစ်စစနှင့်တိုးဝှေ့လို့၀င်ရောက်နေခဲ့လေသည်။
☁️☁️☁️
      ရန်ကင်းတောင်..အင်း၀က မယ်နုအုတ်ကျောင်း..မင်းကွန်းပုထိုးတော်ကြီးနှင့် မင်းကွန်းခေါင်းလောင်းကြီးဆီသို့ အလှည့်ကျ သွားရောက်လည်ပတ်ခဲ့လေသည်။
    နေရာစုံတော်တော်များကို လည်ပတ်လို့ ပြီးသွားခဲ့သလို..
တိမ်ဆိုင်ရင်ထဲ၌လဲ ကိုလွင်ဦးမော်က နေရာအပြည့်ယူထားပြီးသားဖြစ်ခဲ့လေသည်။ကိုလွင်ဦးမော်ရဲ့ဘေးနားမှာ နေရတာကို တိမ်ဆိုင် သဘောကျနေလေပြီ..။တစ်စတစ်စနှင့် သူတို့နှစ်ဦး၏ သံယောဇဉ်တွေကလဲ နက်ရှိုင်းလို့လာခဲ့၏။
""ကဲ..ချာတိတ်ရေ..ကိုယ်တို့တွေဒီနေ့ တောင်သမန်အင်းက ဦးပိန်တံတားမှာ ဓာတ်ဖမ်းဖို့သွားကြမယ်ကွာ..""
ကိုလွင်ဦးမော်က တက်ကြွစွာဆိုလာလေသည်။ တိမ်ဆိုင်လဲ..နှစ်ခြိုက်သဘောကျစွာနဲ့ လိုက်ပို့ပေးခဲ့လေသည်။
   "ချာတိတ်..ဦးပိန်တံတားကြီးရဲ့သမိုင်းကြောင်းတွေကို သိရင် ကိုယ့်ကိုပြောပြပါလား..""
ကိုလွင်ဦးမော်က တောင်းဆိုသလိုပုံစံမျိုးနဲ့ ပြောလာလေသည်။
တိမ်ဆိုင်လဲ ဦးပိန်တံတားကြီးကို ငေးကြည့်ရင်းနှင့်..သူသိတတ်သလောက်လေး ပြောပြလိုက်လေသည်။
""အင်း..ဒီဦးပိန်တံတားကြီးရဲ့ သက်တမ်းက နှစ်ပေါင်း၁၅၀လောက်ရှိပြီ..သက္ကရာဇ် ၁၂၁၁ ခုနှစ် ပုဂံမင်းလက်ထပ် အမပူရမြို့တော်၀န်ဘိုင်ဆပ်ရဲ့မြို့စာရေး ဦးပိန်ကတည်ဆောက်ခဲ့လို့ ဦးပိန်တံတားဆိုပြီး ခေါ်ခဲ့တာတဲ့လေ...ဒီတံတားကြီးကို အချိန်၂နှစ်လောက်ကြာအောင်ဆောက်လုပ်ခဲ့ရတယ်တဲ့...မြန်မာအင်ဂျင်နီယာပညာရှင်တွေက
စကေးမှန်ချိန်မပါဘဲ ခြေလှမ်းတွေနဲ့ တိုင်းတာပြီး ဆောက်လုပ်ခဲ့ရတာတဲ့လေ။လှိုင်းဒဏ်၊လေဒဏ်ခံနိုင်အောင် ဖြောင့်တန်းအောင် မဆောက်ဘဲနဲ့ တောင်ဘက်ကို ဦးမော့ ကွေ့ဝိုက်ပြီးတော့ ကျင်တွယ်ပုံသဏ္ဍာန်လိုမျိုးဆောက်လုပ်ထားတာတဲ့...
ဦးပိန်တံတားကြီးရဲ့တိုင်ပေါင်းက ရှေးခေတ်မှတ်တမ်းအရဆိုရင် ၉၈၄တိုင်ရှိတယ်..ဆောင်ပုဒ်အရ “န၀အဋ္ဌဇယမောင်ပိန်”တဲ့လေ...
ခေတ်ကာလတွေ ရွေ့လျားလာတော့
တံတားကြီးရဲ့ အရှေ့ထိပ်၊အနောက်ထိပ်တွေကို ပြုပြင်တည်ဆောက်ခဲ့ရသလို ရေလယ်ဇရပ်တွေ
ကိုလည်း ပြုပြင်တည်ဆောက်ခဲ့ရသေးတယ်လေ..
ဇရပ် လေးဆောင်ကတိုင်တွေကိုပါ
ပေါင်းလိုက်လို့ရှိရင်..
တိုင်ပေါင်း ၁၀၈၆တိုင် ရှိတယ်ဗျ။အခန်းပေါင်း က၄၈၂ခန်း၊တံတားအရှည် ၃၉၆၇ပေ၊တစ်မိုင်၏လေးပုံသုံးပုံ ရှည်လျားတယ်ဆိုပြီး..
နောက်ဆုံးထုတ် မန္တလေးမြို့နေ သတင်းစာဆရာ နတ်မောက်ထွန်းရှိန် ရေးသားပြုစုတဲ့ “၀င်းတွေနှင့်တည်ခဲ့သည့် မင်းနေပြည်”ဆိုတဲ့ စာအုပ်မှာ ကျွန်တော်ဖတ်ခဲ့ရတယ်လေ.""
ဟု မမောမပန်းနဲ့ တိမ်ဆိုင်တစ်ယောက် ရှည်လျားစွာနဲ့ ရှင်းပြလိုက်လေသည်။ တိမ်ဆိုင်၏ ဗဟုသုတ လေ့လာလိုက်စားနိုင်စွမ်းကို..ကိုလွင်ဦးမော်တစ်ယောက် မချီးကျူးဘဲ မနေနိုင်တော့ပေ။အသက်အားဖြင့် ၂၁သာ ရှိသေးသည့် တိမ်ဆိုင်၏ စာဖတ်နိုင်စွမ်းက ဩချလောက်စရာပင်။
""ဝါး...ချာတိတ်က တော်လိုက်တာကွာ...""
""ဟီး..ကျွန်တော်တော်လို့မဟုတ်ပါဘူး..စာတွေဖတ်ထားလို့ပါ..""
""အင်းပါ..မင်းအရမ်းတော်ပါတယ်..ဒါပေမယ့်...ဦးပိန်တံတားအကြောင်းနဲ့ ပတ်သက်ပြီး မင်းပြောသွားတဲ့အထဲမှာ မပါသေးတဲ့အကြောင်းရာတစ်ခုရှိသေးတယ် ချာတိတ်...""
""ဟင် ဟုတ်လား..ဘာများလဲ..ကိုမော်...""
တိမ်ဆိုင်..ကိုလွင်ဦးမော်ကို..ငေးစိုက်ကြည့်ရင်းမေးလိုက်လေသည်။
""ချစ်သူစုံတွဲတွေ လက်ချင်းတွဲပြီး..တံတားဆုံးအောင်ထိ လျှောက်ဖူးရင်..ထာ၀ရမခွဲရတော့ဘူးတဲ့လေ..""
ဟု ကိုလွင်ဦးမော်က ဆိုလာလေသည်။ တိမ်ဆိုင်ပြုံးနေမိသည်။
          ထိုအချိန် ကိုလွင်ဦးမော်က တိမ်ဆိုင်ဆီ လက်ကမ်းပေးရင်း..
""ချာတိတ်..ကိုယ့်နဲ့အတူ..ဦးပိန်တံတားဆုံးတဲ့အထိ လက်တွဲပြီး..မလျှောက်ချင်ဘူးလား..""
""ဗျာ...."""
ရုတ်တရက် ပြောထွက်လာသည့် ကိုလွင်ဦးမော် စကားများကြောင့်..တိမ်ဆိုင်တစ်ယောက်..ကြောင်အန်းလို့သွားရလေသည်။
   ကိုလွင်ဦးမော်က တိမ်ဆိုင်ကို ပြုံးကြည့်ရင်းနဲ့..
""ကိုယ်..ချာတိတ်နဲ့ထာ၀ရမခွဲချင်လို့ပါ..လာပါ လက်တွဲပြီးလျှောက်ရအောင်ကွာ..""
ကိုလွင်ဦးမော်က တိမ်ဆိုင်ရဲ့ လက်ကိုဆွဲရင်းနဲ့ဆိုလိုက်လေသည်။
   တိမ်ဆိုင်တစ်ယောက် ရင်ခုန်သံတွေ ဆူညံနေကာ..အိမ်မက်ယောင်နေသူတစ်ဦးလို ကြောင်စီစီကြီးဖြစ်လို့နေလေသည်။
    တစ်ကိုယ်လုံး ထူပူနေကာ..ခန္ဓာကိုယ်တစ်ခုလုံး.လေပေါ်လွင့်မျောနေသလိုမျိုး တိမ်ဆိုင် ခံစားနေရလေသည်။ ကိုလွင်ဦးမော်၏လက်ကိုပြန်လည်ဆုပ်ကိုင်ရင်း..ဦးပိန်တံတားပေါ်ကို လျှောက်လှမ်းခဲ့လေသည်။ ယောက်ျားလေးနှစ်ဦး လက်ချင်းတွဲပြီး ဦးပိန်တံတားပေါ်..လျှောက်လှမ်းနေသည့်မြင်ကွင်းက...တခြားသူတွေအတွက်တော့ ကဲ့ရဲ့စရာ အကျည်းတန်လွန်းလှသည့်ဟုထင်ကောင်းထင်နိုင်ပါသည်။
  သို့ပေမယ့် တိမ်ဆိုင်ရင်ထဲတွင်တော့ကြည်နူးလို့နေ၏။ ကိုယ့်ချစ်ရတဲ့သူဆီကနေ တိုက်ရိုက်ချစ်တယ်ဆိုတဲ့စကားကိုကြားနေရသည့်အလား တိမ်ဆိုင်ခံစားနေမိ၏။  တံတားကြီး ဆုံးသည့်အထိ ကိုလွင်ဦးမော်ရဲ့လက်ကို တိမ်ဆိုင်တွဲပြီး လျှောက်ခဲ့လေသည်။

Yayımlanan bölümlerin sonuna geldiniz.

⏰ Son güncelleme: Nov 14, 2021 ⏰

Yeni bölümlerden haberdar olmak için bu hikayeyi Kütüphanenize ekleyin!

တိမ်ဆိုင်Hikayelerin yaşadığı yer. Şimdi keşfedin