Chapter-4

476 60 0
                                    

(Unicode)

သူ့ဆီကို ထူးဆန်းတဲ့ လက်ဆောင်ဘူးတစ်ဘူးက နေ့တိုင်းလိုလို ရောက်လာနေတာ ဒီနေ့နဲ့ဆို တစ်လတိတိရှိခဲ့ပြီဖြစ်သည်။ ပထမကတော့ fanကောင်မလေးတွေပေးတဲ့လက်ဆောင်ပဲ ထင်နေခဲ့တာကြောင့် လက်ဆောင်တွေထားသည့်အခန်းမှာ ဒီအတိုင်းရောပြီး ထည့်ထားခဲ့မိသေးသည်။

ခြွေခ အထင်နဲ့အမြင် လွဲခဲ့ပါသည်။ ထိုလက်ဆောင်ဘူးက  သူ့fanလေးတွေ ပေးတာမဟုတ်ဘူးဆိုတာ ဖွင့်ကြည့်ခဲ့တော့မှ သိခဲ့ရသည်။ နောက်တစ်ချက်က တူညီတဲ့ ‌ဘူးပုံစံနှင့် အထဲမှာထည့်ထားသော တူညီသည့်ပစ္စည်းတို့ကြောင့်ပဲ အမည်မသိတဲ့  fanမဟုတ်သည့် တစ်စုံတစ်ယောက်က  နေ့တိုင်း ပို့နေမှန်း သူသိတော့၏။

လက်ဆောင်ဘူးဆိုပေမယ့် ထူးခြားအောင် တခမ်းတနား ပြင်ဆင်ထားခြင်းမရှိသော ရိုးရှင်းတဲ့အဖြူရောင်ဘူးလေးတွေကိုသာ ရွေးချယ်ပြီး ထိုလူကပို့ခဲ့သည်။ အဖြူရောင်ဘူးလေးကို ချည်နှောင်ထားတဲ့ အဖြူရောင်ဖဲကြိုးလေးကို ဖြေကြည့်လိုက်ရင် အဖြူရောင်စံပယ်ပန်းလေးတွေ ဘူးထဲ၌ ပြန့်ကြဲနေတာကို တွေ့ရမည်ဖြစ်သည်။

ထိုစံပယ်ပန်းလေးတွေရဲ့ အလယ်မှာမှ အဖြူရောင်စာအိတ်တစ်အိတ်ကို အဆင်သင့် တွေ့နိုင်သည်။တဖန်  စာအိတ်ကို ခြွေခဖွင့်ဖောက်လိုက်ရင်တော့ သပ်ရပ်တဲ့လက်ရေးတစ်စုံက စာရွက်ဖြူဖြူပေါ်မှာ နေရာယူထားပြီး  ခြွေခအား သူဘယ်လိုစိတ်ဝင်စားမိကြောင်းကို စာသားတွေနဲ့ ပုံဖော်ပြလိမ့်မည်။ စာရဲ့အဆုံးသတ်မှာဆိုလျှင်တော့ infinity sign( ♾️)တစ်ခုကို မှင်နက်၏စုတ်ချက်ပြတ်သားမှုကြောင့် ထင်ရှားစွာတွေ့နိုင်သည်။

ထိုမည်သူမှန်းမသိသည့်သူက စာထဲမှာ သူ့ကိုယ်သူသုံးနှုန်းထားသည့် နာမ်စား က' ကိုယ်' ဟူ၍ဖြစ်ပြီး ခြွေခကိုတော့ 'ခ'ဟုသုံးနှုန်းသည်။ ကနဦးစာများတွင်တော့ ထိုသူက ခြွေခကို ရိုးရိုးသားသား တခြားfanက‌လေးမတွေ  သူ့ကိုရေးပို့တဲ့fan letterသဘောမျိုး သက်ရောက်သည့်စာများသာ ရေးသားပို့ခဲ့သည်။

စာတွေပို့လာတာ နှစ်ပတ်မျှအကြာတွင်တော့ ထိုသူ့ရဲ့ရည်ရွယ်ချက်တွေက ရိုးရိုးသားသားမှ ဆန်းဆန်းပြားပြား အဆင့်သို့ ရုတ်ချည်းဆိုသလို ကူးသန်းလို့သွားခဲ့သည်။  ခြွေခအမှန်ဆိုရင် စိတ်အနှောင့်အယှက်ဖြစ်မိပါသည်။ သို့သော်လည်း ထိုသူအကြောင်းကို သိချင်လာသည်။မိန်းကလေးတစ်ယောက်မဖြစ်နိုင်ဘူးဆိုသည့်  သံသယများကပါ တိုးလို့လာ‌‌လေသည်။

Parallel Season 1(Completed)Where stories live. Discover now