Chapter-21

285 39 0
                                    

(Unicode)

ဆောင်းတွင်းသို့ ကူးပြောင်းလာသည့် ရာသီဥတုကြောင့်  မြန်မာနိုင်ငံ၏ ညတာမှာ ရှည်လျားလို့နေသည်။ ရှည်လျားတဲ့ဆောင်းညမှာ အချို့သော တောင်ပေါ်ဒေသများတွင်တော့ ညဘက်ရောက်တာနှင့် တစိမ့်စိမ့် အအေးဓာတ်က  လွှမ်းမိုးလာသည်။

မြေပြန့်ဒေသဖြစ်သည့် ရန်ကုန်မြို့မှာတော့ ဆောင်းရာသီဟု ပီပီသသ ခံစားမိဖို့က မနက်ခင်းအချိန်များတွင်သာဖြစ်သည်။ထို့ကြောင့် ညအချိန်မှာ ဆောင်းရဲ့အအေးဓာတ်ကို‌ တောင်ပေါ်ဒေသတွေလိုမျိုး ထင်သလောက်မရ။ ဒါသည်လည်း ရေမြေဒေသ ကွာတာကြောင့်ပင်။

အိပ်စက်ခြင်းကို နှစ်ခြိုက်သူများအတွက်တော့ ဆောင်းညရဲ့ကြာရှည်မှုဟာ အတော်အတန်ကိုမှ ပနံသင့်လှသည့်  သဘာဝက ပေးအပ်သော လက်ဆောင်တစ်ခုဖြစ်သည်။  သို့သော်လည်း အိပ်မပျော်သည့်သူအဖို့တော့ ဆောင်းညဟာ ဝေဒနာကို ပိုတိုးလို့ ‌ဆိုးဝါးစေသည်။

နွေလွင်ပြင်မှာ insomniaလို့ခေါ်တဲ့ အိပ်မပျော်သည့်ရောဂါ စွဲကပ်ခဲ့တာ နှစ်အတော်ကြာပြီ။ တစ်ခါတလေဆိုရင် သူလည်း တခြားသူတွေလို အချိန်ဘယ်လောက်မှ မယူရဘဲ အိပ်ပျော်ချင်မိသည်။ သို့ပေမယ့် သူ့အဖို့တော့  ည၁၁နာရီ အိပ်ယာဝင်ပြီး မျက်လုံးအစုံကိုမှိတ်ကာ လှဲလျောင်းနေတာတောင်မှ အိပ်ပျော်သည့်အချိန်က  မနက်၁နာရီ ဖြစ်နေတတ်သည်။

အိပ်မပျော်တော့ အတွေးတွေက ညတိုင်းလိုလို  ရောက်တတ်ရာရာဖြင့် နွေလွင်ပြင်ရဲ့စိတ်ထဲမှာ ပျံ့နှံ့နေသည်။ တချို့ညတွေမှာဆိုရင် အတိတ်တုန်းက မိသားစုနဲ့အတူနေခဲ့သည့် နေ့ရက်တွေကို အတွေးရောက်မိသည်။ တစ်ခါတရံ အလုပ်အကြောင်း၊ တစ်ခါတရံ မကြုံလာသေးသောအနာဂတ်အကြောင်း စသည်ဖြင့်  အစုံအလင်ကို မသိစိတ်က အတွေးနယ်ချဲ့မိသည်။

ယခုညမှာတော့ သူတွေးမိနေသည်က အနန္တနှင့်ခြွေခတို့ မနက်ဖြန် အတူ လျှောက်သွားကြမည်ဆိုသည့် အကြောင်းအရာဖြစ်သည်။ ခြွေခဆိုသည့်ကောင်လေးက  နွေလွင်ပြင့်စိတ်ထဲမှာ လောကဓံအကြောင်းကို နားမလည်သေးသည့် ကလေးငယ်လို့ပဲ သတ်မှတ်ထားသည်။

Parallel Season 1(Completed)Where stories live. Discover now