《25》

1.3K 56 6
                                    

.
Ella manoban လေးက..
ဖအေတူ သမီးလေးပါ...
အချိန်အစောကြီးကို... အိပ်ယာနိုးတော့တတ်သည်။..
.
မနက် (4:00)နာရီထိုးချိန်မှာ..
Ella တစ်ယောက်..နိုးလာသည်။....
ကုတင်ပေါ်ကို ထပြီး ထိုင်ဖို့အလုပ်...
တင်းကျပ်စွာ ဖက်ထားခြင်းခံနေရတာကို ella လေး သတိပြုမိသွားသည်။
..
အဖေ ဖြစ်သူက...Ella ကျောင်းနေတတ်တဲ့ အရွယ်က စပြီး...အခန်းခွဲအိပ်တာ...(၃)နှစ် နီးပါး ရှိနေခဲ့ပါပြီ...
ဘာလို့ ဒီနေ့မနက်မှ...
သူမဆီ လာအိပ်ရတာလဲ...
Ella ...သိချင်လာတာကြောင့်...
သူမလေး ကျောခိုင်း အိပ်နေရာကနေ...ဖြည်းဖြည်းချင်း...ကိုယ်လေးကို လှည့်ပြီး...ကြည့်လိုက်တော့....
.
"ဟင်!...Om..Omma. ..😨"

Omma ဆိုပြီး..အသံက ကျယ်လောင်စွာ ထွက်လာတာကြောင့်...
Jen လည်း အိပ်ပျော်နေရာမှ...နိုးသွားခဲ့သည်။.....
Ella လေးရဲ့ မျက်နှာကို ကြည့်ပြီး...

"နိုးနေတာ ကြာပြီးလား မီးလေး..."

"ခုဘဲ နိုးတာပါ...Omma က ဘယ်လိုလုပ် မီး အခန်းထဲ ရောက်နေတာလဲ.."

"မီးလေးနဲ့အတူ အိပ်ချင်လို့လေ...တမင် ၀င်အိပ်တာ..."

"သိတယ်လေ...ဘယ်လို ၀င်လာတာလဲလို့ မေးတာ..."

"ဒီတိုင်းပါဘဲရှင်...ကဲ ပြန်အိပ်မလား.. မအိပ်ဘူးလား အစောကြီး ရှိနေသေးတယ်..."

"အိပ်တော့ဘူး...ဒီအချိန်က မီး ပုံမှန် နိုးတဲ့အချိန်လေ..."

Ella လေးရဲ့ အဆိုကို ခေါင်းညိတ်ပြီး jen အကြည့်တွေက နံရံပေါ်က ကပ်ထားတဲ့...နာရီ လေးဆီသို့ ရောက်သွားခဲ့သည်။...

"😲!..ဒီအချိန်ကြီး ပေါ့လေ...ဘာလို့ အစောကြီး ထရတာလဲ သမီး..."

''Papa နဲ့ ကျန်းမာအတွက် လမ်းလျှောက်ထွက်မှာ..Omma အိပ်ချင်ဆက်အိပ်လေ...မီးကတော့...မျက်နှာ သစ်တော့မယ်.  ."

Ella လေးက သူပြောချင်ရာ ပြောပြီး...ကုတင်ပေါ်က  လစ်ခနဲ့ပြေးဆင်းလိုက်ကာ...
ရေချိုးခန်းထဲ ၀င်သွားသည်။
Ella လေးရဲ့ ကျောပြင်သေးသေးလေးကို jen ငေးကြည့်လိုက်ပြီး...

"အကျင့်လေးတွေက...ဖအေနဲ့ ချွတ်စွပ် တူနေတာ...လိမ္မာ လိုက်တာနော်...ဦး က သမီးကို ဘယ်လိုတွေတောင် သင်ထားပေးတာလဲ... "

မှော်ပြုစား ခံထားရသော..နှလုံးသားWhere stories live. Discover now