Chapter 1: The bet

714 58 9
                                    

ကယ်လီဖိုးနီးယားက ကမ်းရိုးတန်းမြို့တစ်မြို့ဖြစ်တဲ့ Redwood မြို့လေးရဲ့ကမ်းနားတစ်နေရာ...တိတိကျကျပုံဖော်ပြရရင် မသုံးတော့တဲ့ ကွန်တိန်နာ အစုတ်တွေပစ်ထားရာ ကွန်တိန်နာ သချို င်္င်း။

မပြည့်သေးတဲ့လမင်းကြီးရဲ့အလင်းရောင်အားကိုးပြီး ဒီလိုအချိန် ဒီလိုနေရာမျိုးမှာ ခပ်ငယ်ငယ် အထက်တန်းကျောင်းသား၊ ကျောင်းသူလေးတွေ၊ လူငယ်တွေ စုလေ့ရှိတဲ့နေရာမျိုးဆိုတာ လက်ခတ်မလွဲပဲ။

မြစ်ကမ်းဘက်ကတိုက်ခတ်လာတဲ့ ​လေအေးအေးကတဖြူးဖြူးနဲ့ ကွန်တိန်နာတွေပေါ်မှာထိုင်ပြီး ဘေးက ကောင်မလေးတွေ ပခုံးကိုဖက် စီးကရက်လေးတွေခဲပြီး အချင်းချင်းစကားတွေပြောကြ၊ ဘီယာလေးတွေသောက်ကြနဲ့ပေါ့။

အဲဒီလိုသူ့အစုအဖွဲ့တွေနဲ့သူရှိနေကြတဲ့အထဲမှာမှ အထက်တန်းကျောင်းနှစ်ကျောင်းရဲ့ကျောင်းသားလေးနှစ်ယောက်ကတော့ ဒီညအတွက် ဇာတ်လိုက်လေးတွေလိုပါပဲ။

သူတို့နှစ်ယောက်ရဲ့ဦးဆောင်မှုနောက်မှာတော့ တစ်ဖက်ကို လူလေးယောက်ဆီလောက်ပါတဲ့ အဖွဲ့နှစ်ဖွဲ့ကလည်း တစ်ဖွဲ့နဲ့တစ်ဖွဲ့ရန်ဆောင်နေကြပြီး တစ်ခြားသူတွေရဲ့အာရုံတွေကလည်း သူတို့နှစ်ဖွဲ့အပေါ်မှာစုပြုံကာကျရောက်လို့နေကြတယ်။

"ဘယ်လိုလဲ Tristan ငါစိန်ခေါ်တာကို မင်းလက်ခံရဲလား?"

မေးလိုက်သူက Oakwood High အထက်တန်းကျောင်းက Grade 12 စီနီယာကျောင်းသား Julian ဆိုတဲ့ 17 နှစ်အရွယ်ဖိုက်တာကောင်လေး။

သူက ဆံပင်တွေကို အပြာရင့်ရောင်ဆေးဆိုးထားတယ်။ ဘေးနှစ်ဖက်ကပါးထားပြီး အလယ်က မရှည်တရှည်ဆံပင်တွေကိုတော့ စုစည်းထားတယ်။ Top Knot ဆိုတဲ့ ဆံပင်ကေနဲ့ပေါ့။

နောက်ပြီး သူ့ရဲ့ ခပ်ထူထူမျက်ခုံးနှစ်ဖက်က အလယ်မှာ ထိစပ်မတတ် မွှေးညှင်းလေးတွေရှိနေကာ ဘယ်ဘက်မျက်ခုံးရဲ့အစွန်းနားမှာလည်း ဖောက်ထားပြီး ​ငွေရောင်ကွင်းတစ်ကွင်းတပ်ထားသေးတယ်။ နားမှာလည်း နားပေါက်တွေနဲ့နားကွင်းတွေက အပြည့်နီးပါးပါပဲ။

Julian ရဲ့မီးခိုးရောင်မျက်လုံးနဲ့ နှာတံခပ်စင်းစင်းကမထူးခြားပေမယ့် ထူအမ်းအမ်းနှုတ်ခမ်းကတော့ စီးကရက်ကိုက်ခဲထားတဲ့အခါ ဆွဲဆောင်မှုပိုစေတာတော့အမှန်ပဲ။ မချောပေမယ့် ယောကျာ်းဆန်ပြီး ဖိုက်တာတစ်ယောက်ဖြစ်တဲ့အပြင် အရပ်ရှည်ရှည် ခန္ဓာကိုယ်တောင့်တောင့်ဖြောင့်ဖြောင့်ရှိတဲ့ Oakwood High Basketball Team Captain မို့လည်း ပျိုမဒီတွေအသည်းစွဲကြတယ်။

A Flickering NightWhere stories live. Discover now