Chapter 6: A Night with THEM

165 36 9
                                    

Suggest Song - Tonight you belong to me by Patience and Prudence

တစ်ဖက်တွင်လည်းသီချင်းသံစထွက်ပေါ်လာသည့်အချိန်လောက်တွင် Jose တစ်ယောက် အမှောင်ထောင့်မှာထိုင်ကာ သီချင်းဘယ်သူဖွင့်လဲ စဉ်းစားနေတုန်း...

အလံဖွက်သည့်အခန်းတံခါးမှာ ဖြေးညင်းစွာ တစ်ကျွီကျွီမြည်၍ ပွင့်သွားလေတော့သည်။ လရောင်မှာ အခန်းတွင်းရှိမျက်နှာစာ ပြူတင်းပေါက်ဖက်မှထိန်ထိန်သာအောင်ဖြာကျနေသည်မို့ ပွင့်သွားတဲ့တံခါးနောက် အလင်းရောင်က ကျော်ထွက်လျှံကျလာကာ လျှောက်လမ်းမှောင်မှောင်ပေါ်သို့ လရောင်ပိတ်ကားထိုးထားသကဲ့သို့ပင်။ ထို ပိတ်ကားထက်တွင်တော့ ကြိုးဆွဲချမိန်းမတစ်ဦး ရဲ့ အရိပ်က ဟိုဘက်ရမ်းလိုက် သည်ဘက်ရမ်းလိုက် ထင်ဟပ်နေလေသည်။

Jose တစ်ယောက်စိတ်ထဲတွင် 'မဖြစ်နိုင်တာ...မဖြစ်နိုင်တာ' ဟုရေရွတ်နေလေတယ်။ ဆက်ကြည့်နေလျှင် ကြောက်စိတ်ကပိုတိုးလာသည်ကို မကြိုက်တာကြောင့် စိတ်မြန်လက်မြန်ဆုံးဖြတ်ချက်ချကာ တံခါးပေါက်ဝသို့ လျှောက်သွားကာ ကြည့်ပစ်လိုက်တော့တယ်။

တစ်ကယ်အခန်းထဲသူကြည့်လိုက်တော့ အလံကိုကြိုးဆွဲထားတာသာရှိသည်။

"ဟူး...စိတ်ထင်ယောင်ထင်မှားဖြစ်တာ၊ ထင်သားပဲ မဖြစ်နိုင်တာလို့"

တံခါးပြန်ပိတ်လိုက်ပြီး ပုန်းလက်စ ဗီဒိုမှောင်ရိပ်နားပြန်သွားရန်အလှည့်...

"ခစ်...ခစ်...ခစ်"

ဒါကတော့ စိတ်ထင်တာမဟုတ် ကလေးရယ်သံ တစ်ကယ်ကြားလိုက်ရတာ။ သူလှည့်ကြည့်လိုက်တော့ ခြေထောက်နားသို့ ဘောလုံးအသေးလေးတစ်လုံးက တစ်လှိမ့်လှိမ့် လိမ့်လာပြီး သူ့ဖိနပ်ကိုထိကာရပ်လို့သွားတယ်။

"ဟီး..ဟီး..ဟီး..ဆော့ကြမယ်လေ" ခြေလှမ်းသေးသေးလေးများပြေးနေသံကြားရပြီး ဘာမှမတွေ့ရသဖြင့် ဒီတစ်ခါတော့ Jose ရဲ့ခေါင်းမွှေးများထောင်ကုန်ရတော့တယ်။

စိတ်ကိုတင်းပြီး ဘောလုံးလေးကို လျှောက်လမ်းအမှောင်ထဲသို့ ကန်ပေးလိုက်သည်။ နှစ်စက္ကန့်လောက် ဘောလုံးလေးကအမှောင်ထဲပျောက်သွားပြီးနောက် ထပ်ပြီး လျှောက်လမ်းတစ်လျှောက်မှသူ့ဆီလိမ့်လို့လာနေပြန်သည်။

A Flickering NightWhere stories live. Discover now