Part 3 -Drift and Draft (Zawgyi)

212 7 0
                                    

Taeyong's POV

ဒီလိုနဲ့ ကျွန်တော် Companyမှာ အလုပ်ဝင်နေတာ 1လရှိပါပြီ အလုပ်လုပ်ရတာလည်း အဆင်ပြေပါတယ် အဆင်မပြေတာက Jaehyunဆိုလည်း လူ ဘာဘဲဖြစ်ဖြစ်လေ အဆင်ပြေသွားမှာပါ အချိန်အတိုင်းအတာလေးဘဲ
လိုတာပါ ကျွန်တော် အတွေးတွေကို ရပ်လိုက်ပြီး Coffee ခွက်ယူကာ ဧည့်ခန်းထဲသို့ ထွက်လာလိုက်တယ်

"ဟေ့ကောင် မင်းဆိုင်မသွားသေးဘူးလား"

"Jungwooလေးက ငါကို ဒီနေ့နားချင်ရင် နားလို့ပြောလိုက်လို့ နားနေတာလေ"

ရုတ်တရက် Doyoungအော်သံလိုက်တဲ့ အသံကြောင့် ကျွန်တော်လန့်သွားတယ်

"Taeyong ဒီကို.....ဒီကိုလာကြည့် OEN Companyမှ ဝန်ထမ်းတစ်ဦး နေအိမ်တွင် သေဆုံးလျက်တွေ့ရှိတဲ့"

"ပြစမ်း " ကျွန်တော်လည်း ဖုန်းကို ယူပြီးကြည့်လိုက်တော့
သတင်းက လွန်ခဲ့တဲ့ 3နာရီလောက်ကတည်းက တင်ထားတာကြောင့် commentတွေလည်း အများအပြားဖြစ်နေတယ်

"Commentတွေ ဖတ်ကြည့်ရအောင်"

~~Comments~~

C.1 - ဒါ marketing က အတွင်းရေးမှူးမလား

C.2 - သူမှာ ကောင်လေးရှိတယ်မလား သူ့ကောင်လေးနဲ့  အဆင်မပြေဘူးပြောတယ် သူကောင်လေးကများသတ်လိုက်တာလား

C.3 - အလုပ်မှာ အဆင်မပြေဘူးဆို အလုပ်က Stressတွေကြောင့် ကိုယ်ကိုသတ်သေလိုက်တာများလား

C.4 - လောကကြီးကလည်း ကြောက်ဖို့ကောင်းလာပြီ
မလုံခြုံတော့ဘူးနော်

အဲ့လိုနဲ့ cmt ပေါင်းစုံကို ကျွန်တော်နဲ့ Doyoungခေါင်းတောင် မဖော်နိုင်ဘဲ ဖတ်နေလိုက်တယ်

"မင်းသိလား အခုအသတ်ခံရတဲ့လူကို"

"ငါက ဘယ်လိုသိမှာလဲ မင်းသိတဲ့အတိုင်းငါက ရတဲ့ ဌာနက"

"Taeyong မင်းအဲ့တာကို အသတ်ခံရတယ်လို့ထင်လား သတ်သေတယ်လို့ ထင်လား"

"ငါဘယ်လိုသိမှာလဲ Doyoungရာ မင်းဒီနေ့နားတယ်မလား အေးအေးဆေးဆေးနေ ပြီးမှ ငါအော်တယ်တွေ ဘာတွေလာမပြောနဲ့နော်

ထိုစဉ် Jaehyunဆီမှ ဖုန်းဝင်လာတာကြောင့် ကိုင်လိုက်ပြီး

"Taeyong ငါမနက်ဖန် Companyလာနိုင်မှာမဟုတ်ဘူး အခုအမှုကို ငါလိုက်ပေးရမှာ အဲ့တာ ငါမင်းကို ကြိုပြောထားတာ လုပ်စရာရှိတာတွေကိုတော့ Fileထဲမှာ ထည့်ထားပေးမယ် "

Always Be You (Zaw + Uni) Rate-MOnde as histórias ganham vida. Descobre agora