Part 5 - Little Closer (Unicode)

275 29 0
                                    

Taeyong's POV

သေချာပါတယ် ကျွန်တော်သူကို ချစ်မိနေပြီဆိုတာ
ဒါပင်မဲ့ သူပြန်ချစ်လာဖို့ကိုတော့ ကျွန်တော်မမျှော်လင့်မိပါဘူး ကျွန်တော် မျှော်လင့်ရတာကိုမုန်းတယ်

အခန်းတံခါးခေါက်သံကြောင့် ကျွန်တော်အတွေးတွေကို
ခနမေ့လိုက်ပြီး

"Taeyong မနက်စာသွားစားရအောင်"
Doyoung မနက်စာစားဖို့ခေါ်နေတာကြောင့် ကျွန်တော် မနက်စာကို သူနဲ့တူတူ ထွက်စားခဲ့တယ်

"မျက်နှာလည်း မကောင်းပါလား ဘာဖြစ်နေတာလဲ"

Doyoungဆိုသည်မှာ ဘာမှသာမလုပ်တတ်တာ အကဲခတ်တဲ့နေရာမှာတော့ ဆရာကြီးဘဲ

"နေလို့သိပ်မကောင်းလို့"

"နေလို့ သိပ်မကောင်းတာက အဲ့ရုပ်မှ မဟုတ်တာ"
ပြောဘာဖြစ်နေတာလဲသာပြော"

ကျွန်တော်လည်း သူ့ကိုအကြောင်းမျိုးစုံပြောပြလိုက်တော့ သူဘက်က အကြံဉာဏ်မျိုးစုံကျွန်တော်ကိုပေးလေတယ်

"မင်းသူကိုချစ်တယ် သူကိုလည်း မင်းကိုပြန်ချစ်တယ်ဘဲထား ငါပြောမယ် Taeyong ချစ်သူတွေကြားမှာ ချစ်နေရုံနဲ့ မပြီးသေးဘူးကွာ တစ်ယောက်ကိုတစ်ယောက် နားလည်ပေးနိုင်ရတယ် ကျန်တာတွေအများကြီးရှိတယ်ကွာ အဓိကကတော့ နားလည်ဖို့ဘဲကွာ"

"ဒါပင်မဲ့ သူဘက်ကငါကို ချစ်လားမချစ်လားမှမသိတာ"

"ငါပြောတာရှင်းရှင်းလေးကွာ တစ်ယောက်အကြောင်းတစ်ယောက်မသိကြဘဲနဲ့ ချစ်ပြီးဘာလုပ်ကြမှာလဲ"

စကားကို ကန့်လန့်ပြောနေတဲ့ Doyoungကိုလည်း ကျွန်တော် ပြန်မအော်နိုင်တော့အောင်Jaehyunဆိုတဲ့ လူကြီးက ကျွန်တော်စိတ်ကိုလွှမ်းမိုးထားနိုင်တယ်

မေးပုံကိုကကြည့်ပါအုံး ချစ်ပြီးဘာလုပ်မှာလဲတဲ့

~~~~~~~~~~~~~~~~~~
Jaehyun's POV

Taeyong ...Taeyong...သူနာမည်ကို ကျွန်တော်ရေရွတ်လိုက်ရင်း သူအကြောင်းကို ကျွန်တော်တွေးနေမိတယ်

ကျွန်တော်အသက်နဲ့ထပ်ပြီး လောင်းရဲတယ် သူကျွန်တော်ကို ချစ်နေတယ်ဆိုတာ သိပ်မကြာခင်မှာဘဲ ကျွန်တော်လည်း သူကိုဖွင့်ပြောမှာပါ ပိုကောင်းတဲ့
ဂိမ်းအတွက်လေ

Always Be You (Zaw + Uni) Rate-MWhere stories live. Discover now