7

4.1K 874 17
                                    

Zawgyi

"ရှောင်းကျန့်ဆိုတဲ့နာမည်နဲ့လူတော့ဒီရွာမှာမရှိဘူး"

"ကျစ် အရပ်ကခြောက်ပေကျော်အသားညိုညို နှုတ်ခမ်းအောက်မှာမှဲ့လေးနဲ့ အရမ်း ချောတဲ့လူလေဗျာ စစ်သားလေ စစ်သား"

"မရှိပါဘူးဆို"

ရိပေါ် စိတ်ပျက်လက်ပျက်နဲ့ လယ်ကန်သင်းရိုးပေါ်ခြေပစ်လက်ပစ်ကိုထိုင်ချပစ်လိုက်တယ်။ တစ်ပါတ်ရှိပြီ သတင်းအစအနမရ ဘယ်ကဘယ်လိုစုံစမ်းရမှန်းလဲမသိ။

ကျားကျူးရွာကို သွားကြည့်သင့်တယ်တဲ့ ချီးတွေသွားကြည့်သင့်တာလား! ဘာမှမရှိတာကို!

လတ်ဆတ်တဲ့လေနုအေးက အပူတွေကိုမဆိုစလောက်တော့လျော့သွားစေတာမို့မျက်လုံးမှိတ်လို့ခံယူနေရင်းက ကလေးတချို့ရဲ့ ပြေးလွှား ဆော့ကစားသံတွေကြောင့် လှမ်းကြည့်လိုက်တယ်။

ကျောင်းသားလေးတွေဖြစ်ပုံရတယ် ကျောပိုးအိတ်ကိုယ်စီလွယ်ထားတဲ့ မူလတန်း အရွယ်ကျောင်းသားဆိုဒ်စုံလေးတွေ ကန်သင်းရိုးတစ်လျှောက် ခုန်ပေါက်ပြေးလာနေတယ်။

"အားဖန်းငါ့ကိုစောင့်ပါဦးဆို"

နောက်ကလှမ်းအော်တဲ့ကလေးကိုလှည့်မကြည့်ပဲ တခစ်ခစ်ရယ်ရင်းပြေးလာနေတဲ့ အားဖန်း ဆိုတဲ့ကလေးကရိပေါ်နားအရောက်ခလုတ်တိုက်လဲမလိုဖြစ်သွားတာကြောင့်အမြန်ဖမ်းဆွဲလိုက်တော့ ကလေးရဲ့အာရုံကရိပေါ်ဆီရှိမနေပဲ လက်ထဲကပြုတ်ကျသွားတဲ့မုန့်လေးဆီနှမြောတ သ ကြည့်နေရှာတယ်။

ရိပေါ်အကြည့်တွေလိုက်ရွှေ့လိုက်တော့ ရွှံ့တွေပေကုန်ပြီဖြစ်တဲ့ ဖွဲနုမုန့်လေးတွေ..

"ကလေး ဒီမုန့်လေးတွေ ဘယ်ကရတာလဲ"

"ပါးပါး ..ပါးပါးလုပ်ပေးတာ"

ရိပေါ်ဆက်မေးမယ်အလုပ် နောက်ကပြေးလိုက်လာတဲ့အသက်ပိုကြီးပုံရတဲ့ကလေးက အားဖန်းလက်ကိုလာဆွဲတယ်။

"အားဖန်း ဦးလေးစင်း က လူစိမ်းတွေနဲ့စကားမပြောရဘူးမှာထားတယ်လေ လာ အိမ်ပြန်ပို့ပေးမယ် ဟိုမယ်ရှောင်ကျူးတို့ကျော်တက်ကုန်ပြီငါတို့ကို"

အားဖန်းဆိုတဲ့ကလေးက ရိပေါ်ကိုသွားကျိုးလေးတွေပေါ်တဲ့ထိရယ်ပြပြီး ဆွဲခေါ်တဲ့နောက် ပါသွားတယ်။

The last letterWhere stories live. Discover now