Part10

618 69 18
                                    

သူYoongiကို ခရစ္စမတ်သစ်ပင်လေးတစ်ခု လုပ်ပေးဖို့ သစ်ပင်မှာ တပ်ရအောင် အလှဆင်ပစ္စည်းလေးတချို့ကို ရှာနေတယ်။လက်လုပ်အနုပညာပစ္စည်းလေးတွေ ပေါများလှတဲ့ မင်နီယာပိုလစ်မြို့လေးမှာ အလှဆင်ပစ္စည်းဆိုင်ဆိုတာ မှိုလို​ပေါက်​နေ​ပေမယ့် Yoongiရဲ့ အဖြူအနက်သာ လွှမ်းတဲ့ အိမ်လေးနဲ့ လိုက်ဖက်မယ့် ဘောလုံးနဲ့ အလှပစ္စည်းလေးတွေကို တစ်ဆိုင်ဝင်တစ်ဆိုင်ထွက် လိုက်ရှာတာတောင် စိတ်တိုင်းကျ မတွေ့နိုင်ဘူးဖြစ်နေတယ်။ကောင်လေးရဲ့ ပထမဆုံး ခရစ္စမတ်သစ်ပင်​လေးကို အိမ်နဲ့ရော ကောင်ငယ်လေးနဲ့ပါ လိုက်ဖက်တဲ့ သစ်ပင်မျိုးကို ဖန်တီးပေးချင်တာမို့ ပြီးပြည့်စုံမယ့် အဆင်တန်ဆာမျိုးကို လိုက်ရှာနေတာဟာ အခုဆိုရင် နေ့တစ်ပိုင်းတောင် ကျိုးတော့မယ်ထင်ရဲ့။

ဲမြို့တောင်ဘက်ခြမ်းက နာမည်ကြီးဆိုင်တစ်ဆိုင်ကနေ ထွက်လာပြီးတဲ့ နောက်မှာတော့ သူခြေကုန်လက်ပန်းကျသွားတယ်။တကယ်ပဲ ဘာတွေ ဒီလောက်ရှာရခက်ခဲနေပါလိမ့်။သူကပဲ ချေးကြောင်များလွန်းတာလား။သေးသေးမွှားမွှား တောက်တိုမယ်ရ အကုန်တင်တာတောင် ဒီဆိုင်တွေက ပစ္စည်းမစုံနိုင်တာလား။ဒါမှမဟုတ် ခရစ္စမတ်နေ့ မနက်ခင်းမှာမှ လာဝယ်တဲ့ သူ့အတွက် ပစ္စည်းတွေက စုံစဲုလင်လင် မရနိုင်တော့တာလား။

သူဟာ နှင်းတွေ တဖွဲဖွဲကျနေတဲ့ ကောင်းကင်ကို မော့ကြည့်ပြီးတော့ နှုတ်ခမ်းပါးကနေ ထွက်သက် အငွေ့ဖြူဖြူတွေ ဖြာထွက်သွားအောင်အထိ သက်ပြင်းချလိုက်မိတယ်။နောက်တော့ ဘာမဆိုင်ညာမဆိုင် ပလက်ဖောင်းနံဘေးမှာ အရွက်စိမ်းစိမ်းတွေ ပျောက်၊ကိုင်းခြောက်တွေမှာ နှင်းတွေ ပုံ့ပုံ့တင်ပြီး သူ့ဟာသူ မားမားမတ်မတ် တန်းစီရပ်နေတဲ့ ရုပ်ဆိုးလှတဲ့ အကျည်းတန် အပင်တွေကို နိုင်ရာမဲသလို မျက်စောင်းထိုးမိပြန်ရဲ့။

သူတို့ပဲ အဲ့ဒီမှာ ဘာမှ ဆင်စရာမလိုဘဲ နှင်းဖြူဖြူကြီးတွေနဲ့ လှနေလိုက်တော့။

အဲ့ဒီလို ရန်တွေ့ခံလိုက်ရပေမယ့် သစ်ပင်တွေဟာ ငြိမ်သက်နေစွာ နေရင်း ကောင်လေးတစ်ယောက်ကို အထင်ကြီးအောင် လုပ်ပြချင်တာနဲ့ပဲ မြို့တစ်ဝက်လောက်ပြေးပြီး ဗျာများနေတဲ့ သူ့ကို သစ်ကိုင်းကောက်ကောက်တွေကို ချိုးလို့ သရော်ပြုံးမျိုး ခပ်ကွေးကွေး ပြုံးပြလေရဲ့။

DEW(အေးချမ်းစွာ ပျော်ဝင်အိပ်စက်ခြင်း)Where stories live. Discover now