Part ( 8 )

1K 92 0
                                    

Unicode

"ငါ့မှာဘာအလုပ်မှမရှိပဲနဲ့ဘာလို့အဲလောက်ကြီးတောင်းလိုက်တာလဲ ဇော်လင်းညိုရာ အားနာစရာကြီး "

ပိုင်မင်းဦးရဲ့အပစ်တင်စကားကြောင့် ဇော်လင်းညိုသူ့အားမျက်စောင်းထိုးလိုက်သည်။ပြီးမှစိတ်ပျက် အားလျော့ဟန်ဖြင့်သက်ပြင်းကိုချလိုက်ကာ

"ဘာလို့မတောင်းပဲနေရမှာလဲ သူ့ကြောင့်မင်းအခုလိုဖြစ်ရတာမဟုတ်လား ပြီးတော့ငါလဲအခုဒုက္ခများရတယ် အဲဒါငါ့ကိုကျေးဇူးတင်စေချင်လို့ပြောတာမဟုတ်ဘူးနော် အကျိုးအကြောင်းစီလျော်တယ်ဆိုတာပြောချင်တာ သူ့ပုံစံက အတော်ကိုချမ်းသာတဲ့ဘောစိတစ်ယောက်ဖြစ်ပုံပဲ ဒီငါးသိန်းဆိုတာလောက်တော့ဘာမှဖြစ်မဲ့ပုံမဟုတ်ပါဘူး ဒါကြောင့်လဲငါတောင်းသလောက်ဘာမှမပြောပဲ ပေးတာပေါ့ ရော့ မင်းမှာငွေကြေးလဲပျက်နေတယ်မဟုတ်လား သုံးဖို့သိမ်းထား "

ငါးထောင်တန်တစ်အုပ်အား ပိုင်မင်းဦးရဲ့လက်ကိုဆွဲက လက်ထဲသို့ထည့်ပေးပြီးကလေးကို ခိုင်းနေသလို ပိုက်ဆံတွေအားဆုပ်ထားခိုင်းလိုက်သည်။

အမှန်တိုင်းပြောရရင် သူ့အတွက်ငွေဆိုတာလိုပေမဲ့ ဘာမှမဟုတ်ပဲဒီလိုကြီးရတဲ့ငွေတွေဆိုတော့ စိတ်ထဲမှာ မသန့်တာတော့အမှန် ။မတရားဥပဒေတဲ့မလွှတ်ကင်းတဲ့ နည်းနဲ့ရထားတဲ့ပိုက့ဆံမဟုတ်ပေမဲ့ပေါ့

သို့သော် သူ့အတွက် လုပ်ပေးထားတဲ့ဇော်လင်းညိုစိတ်ကွက်မှာမလိုလား၍ လက်ခံထားလိုက်သည်။

"နေ့လည်ဆေးရုံက ဆင်းလို့ရပြီတဲ့ အဲဒါငါပစ္စည်းတွေသိမ်းလိုက်တော့မယ် "

"အင်း ငါလဲကူပြီးသိမ်းမယ် "

ကုတင်ပေါ်မှ ဆင်းကာ ရေနွေးဘူးနဲ့ပစ္စည်းတချို့ကိုကူပြီးသိမ်းရန်ပြင်တော့ ဇော်လင်းညိုကသူ့ရဲ့လက်ကိုဆွဲကာ ကုတင်ပေါ်ပြန်ပြီးထိုင်ခိုင်းလိုက်သည်။

"ဒါလေးပဲ ငါဘာသာငါသိမ်းလိုက်မယ် မင်းထိုင်နေစမ်းပါ တော်ကြာဒူးက ဒဏ်ရာကနာနေအုံးမယ် "

"သက်သာနေပါပြီ "

"ဘယ်လိုပဲသက်သာနေပေမဲ့ နားနားနေနေ နေတော့ ပိုပြီးသက်သာတာပေါ့ ပြီးရင်ငါကားခေါ်လိုက်တော့မယ် "

မင်း မရှိပဲ " မင္း မရွိပဲ "( Unicode)+(Zawgyi)(Completed)Where stories live. Discover now