Part ( 11 )

998 91 0
                                    

Unicode

King ရဲ့ မောဒယ်ရွေးချယ်ပွဲမှာ ဇကာတင်အယောက်သုံးဆယ်ထဲဝင်သွားတာဟာ အနုပညာလုပ်ငန်းထဲကို စတင်ခြေလှမ်းလာနိုင်ခြင်းပဲမဟုတ်ပါလား။

ယခုလိုအယောက် ၃၀ ထဲရွေးချယ်ခံရတဲ့အတွက် ဇော်လင်းညိုအတိုင်းမသိဝမ်းသာနေသည်။ငယ်စဥ်ကတည်းက အိမ်မက် မက်ခဲ့ရတဲ့ အောင်မြင်တဲ့ရုပ်ရှင်မင်းသားဖြစ်ချင်တဲ့ ဆန္ဒဟာ ယခုအချိန်မှာ စပြီးခြေလှမ်းခွင့်ရတော့မယ်လေ

"မင်းရုပ်က အောင်မြင်တဲ့နိုင်ငံကျော်ရုပ်ရှင်မင်းသားဖြစ်မဲ့ ရုပ်မျိုးလို့ ငါမပြောခဲ့ဘူးးလား "

ရေချိုးပြီး အကျီမဝတ်ထားပဲအောက်ပိုင်းတပတ်ကိုဝတ်ထားကာမှန်တင်ခုံရှေ့ရပ်၍ သူ့ကိုယ်သူကြည့်ကာပြောနေတဲ့ဇော်လင်းညို

မြင့်မားတဲ့အရပ်ရယ် တောင့်တင်းသန်မာတဲ့ကိုယ်ခန္ဓာအချိုးအစားရယ်က ယောကျ်ားပီသလှသည်။နှာတံမြင့်မြင့်သွယ်သွယ်ရယ် မျက်ခုံးကောင်းကောင်းရယ် ညို့မှိုင်းမှိုင်းမျက်ဝန်းအိမ်ဘေးမှ မျက်တောင်ကော့ကော့ကြီးတွေရယ်နဲ့ ချောမောနေမှုကြီးက အတိုင်းသား။ပြီးတော့နှုတ်ခမ်းထူထူလေးကိုအချိန်ပြည့်စူထားခြင်းကလဲအသည်းယားဖို့ကောင်းလှသည်။

"ဇော်လင်းညို မပြီးသေးဘူးလား "

အခန်းတံခါးခေါက်သံနှင့်အတူ ပိုင်မင်းဦးရဲ့ခေါ်သံကြောင့် မှန်ရှေ့မှ မိန့်မိန့်ကြီးရပ်ပြီး သူ့ကိုယ်သူသ နေတဲ့ ဇော်လင်းညိုအတွေးတွေပျက်သွားရသည်။

"ပြီးတော့မှာပါကွ ခဏစောင့်အုံး "

အပြာအယာပဲ အဝတ်အစားကိုလဲပြီးထွက်လာတော့ဧည့်ခန်းထဲမှာ ပိုင်မင်းဦးကရှိုးအပြည့်စားနဲ့သူ့ကိုထိုင်စောင့်နေသည်။ကြက်သေးရောင်ရှပ်အကျီလေးနဲ့ဂျင်းပင်း ဒူးအောက်အတိုလေးနဲ့တွဲဝတ်ထားတဲ့ပိုင်မင်းဦးဟာ အသားဖြူဖြူလေးနဲ့ဆိုတော့ချစ်ဖို့ကောင်းနေသည်။

"ကြာလိုက်တာကွာ အရင်ကဆိုငါ့ကိုနောက်ကျလို့အမြဲပြောနေတဲ့သူကအခုတော့နောက်ကျနေလို့ အခန်းထဲဘာများဖြစ်နေမလဲလို့တွေးနေတာ ဘယ်လိုလဲ ပြင်လှချည်လား ရှိုးကလဲအပြည့်နဲ့ "

မင်း မရှိပဲ " မင္း မရွိပဲ "( Unicode)+(Zawgyi)(Completed)Where stories live. Discover now