ₛᵢdₑ ₑffₑcₜ

102 29 12
                                    

Unicode

ဒီနေ့ရေခဲမုန့်တောင်မစားဖြစ်တော့
ကျနော့်အိမ်ကိုအသည်းအသန်လိုက်ခဲ့ပြီး
အခုလဲအခန်းထဲအတင်းသွင်း အမှုစစ်တွေလို
ရိုက်မေးနေတယ်

"မင်း ဒီ စွမ်းအင်ရတာဘယ်လောက်ကြာပြီလဲ

"Chanyeolna ဒါဒီတိုင်းတိုက်ဆိုင်

"Arnyi ya ငါအဲ့လိုစွမ်းအင်တွေယုံတယ်
လေ့လာတာလဲကြာနေပြီ မင်းမှာရှိကိုရှိတယ်

"ရှိတော့ဘာလုပ်ရမှာလဲ

"မင်းငါ့အသက်ကိုကယ်ခဲ့တယ်လေ

ချစ်လို့ကယ်တာလေ
တစ်ခြားလူသာဆို သေသေရှင်ရှင်ကျနော်ပြစ်ထားမိမှာ
Chanyeol မို့ ကျနော်သေရင်သေပစေဆိုပြီး
ဝင်ကယ်တာကို စောက်အ သိလဲမသိဘူး

"အဲ့တာ..အဲ့တာက..

"ကြည့်ရတာမင်းစိတ်လှုပ်ရှားတာတို့
စိတ် ခံစားချက်ပြင်းထံတာတို့ဆို အဲ့စွမ်းအင်ရတယ်ထင်တယ်

အဓိပ္ပာယ်မရှိတဲ့ပေါက်တတ်ကရတွေကို
မမောတမ်းလိုက်ပြောနေမယ့်အစား
"ငါမင်းကိုချစ်တယ် baekhyunna" ဆိုပြီး
တစ့်နေ့ ၁ဝခေါက်လောက် chanyeol ကို
ရွတ်ခိုင်းစေချင်မိတယ်..

"တော်ပြီကွာ ငါအိပ်တော့မယ်

နားညီးမခံနိုင်တော့ပါ တစ်ပြစ်တောက်တောက်နဲ့
အဘိုးကြီးလိုပဲ အဲ့တာကြောင့်
ကျနော် အိပ်ယာပေါ်ဘုံးကနဲလှဲပြီးမျက်လုံးမှိတ်ထားတော့ ကျနော့် နှဖူးပေါ်ကို ထိတွေ့လာတဲ့အထိအတွေ့

"မင်းမှာ ဟယ်သာ့လို ဆံပင်အညိုလေးတွေရှိတာပဲ..

ကျနော့်ဘေးမှာဝင်လှဲပြီး
ကျနော့်ဆံပင်ညိုလေးတွေကို
ထိတွေ့ကိုင်တွယ်နေတဲ့  chanyeol..

ဒီအချိန်လေးရပ်တန့်သွားရင်ကောင်းမယ်
chanyeol ကတော့မသိပေမယ့်
ကျနော်အသက်တောင်မရှုရဲဘူး..

ကိုယ်ကြိတ်ချစ်ရတဲ့လူတစ်ယောက်က
ကိုယ်နဲ့တစ်ကုတင်ထဲမှာ လှဲပြီး
ကိုယ့်ရဲ့ဆံပင်လေးတွေကို နူးညံ့စွာထိတွေ့နေတယ်..

နှလုံးရောဂါသာရှိရင်လေ
ကျနော့်နှလုံးသားလေး ခုန်လွန်းလို့
Chanyeol  ရင်ခွင်ထဲရောက်သွားမယ်ထင်ပါရဲ့

HeatherDonde viven las historias. Descúbrelo ahora