˜"*°• Can i call you tonight? .•°*"˜

94 27 5
                                    


Unicode

November လလည်ဖြစ်တဲ့အတွက်
နှင်းလေးတွေ လေထုထဲမှာဝဲနေတယ်
ကျနော်က Hoddie လေးနဲ့
သူကတော့ sweater အနီရောင်လေးနဲ့..

"ဒီနေ့ ကျောင်းက နေ့လည်စာက မိုက်တယ်
Strawberry သီးတွေကို စိတ်ကြိုက် ချကျွေးထားတယ်

"ငါstrawberry မကြိုက်ဘူး

ကျနော်အကြိုက်ဆုံးအသီးက
သူမကြိုက်တဲ့အသီး
ဒါကြောင့်မို့ သူလဲကျနော့်ကိုမကြိုက်တာနေမှာ

"ဟယ်သာ ကဒီနေ့လှတယ် နော် Hoddie လေးနဲ့

မင်းရှေ့မှာထိုင်နေတဲ့ ငါကော?
လို့မေးခွန်းထုတ်ချင်မိတဲ့ နှလုံးသားလေးကိုပြန်ချုပ်ထိန်းမိလိုက်တယ်
ရင်ထဲမှာပြွတ်သိပ်နေတဲ့ မနာလိုမှုတွေက
မြင့်တက်လာတယ်

"ငါ့ လိုမျိုး sweaterလေး သူဝတ်လာရင်ကောင်းမယ် baekhyun မင်းဝတ်ကြည့်မလား ငါ့ sweater?

မဆီမဆိုင် ဟယ်သာ့ အကြောင်းကနေ ကျနော့်ဘက်
လှည့်လာတယ် သူမအကြောင်းပြောရင်
ကျနော် က ကြားညှပ်လာကော
ဒါပေမယ့်အခု ကမ်းလှမ်းလာတာလေးက
သူ့ကိုယ်နဲ့တစ်ထပ်ထဲ ဝတ်ထားတဲ့ sweaterအနီလေးကို ကျနော့်ကို ဝတ်ကြည့်မလားတဲ့..

"ဘာလို့လဲ?

"ဟာ စကားမများပါနဲ့ ငါဝတ်ဆိုဝတ်ကွာ

chanyeol  က ချက်ချင်းဆိုသလို
ကျနော့်ဘေးလာထိုင်ပီး ကျနော့် hoddieကိုအတင်းချွတ် သူ့ sweater ကို အတင်းစွပ် တော့တယ်..
သူ့ကိုယ်သင်းရနံလေးကြောင့် အရာအားလုံးနွေးထွေး
သွားခဲ့တယ် ..လုံခြုံလိုက်တာ မချွတ်ပစ်ချင်တော့ဘူး

"ဟားဟား.. မင်းနဲ့ကြီးနေတယ်..

ကြီးနေမှာပေါ့ ကျနော့်ကိုယ်လုံးလေးကသေးသေးလေး
သူ့ Sweaterကြီးနဲ့က မြုပ်နေကော

"ချီးလား! မင်းပဲဝတ်ခိုင်းပီး မင်းပဲရယ်နေတယ်..

"ရယ်ပါဘူး သဘောကျလို့
မင်းက အခု စတော်ဘယ်ရီ သီးလေးလိုပဲ
ငါတောင် စတော်ဘယ်ရီကို ကြိုက်ချင်လာပြီ

သူ့စကားကြောင့် ရာသီဥတုအေးအေးမှာ
ပါးတွေနွေးလာတယ်
စတော်ဘယ်ရီသီးလေးနဲ့တူရင် ကိုက်စားပလိုက်ပါလား
ကျနော်အကိုက်ခံပါတယ်
သို့သော်လဲ..သူ့ရဲ့မျက်ဝန်းတွေက ဟယ်သာ့ဆီမှာ..

You've reached the end of published parts.

⏰ Last updated: Nov 11, 2020 ⏰

Add this story to your Library to get notified about new parts!

HeatherWhere stories live. Discover now