Extra-2

1.5K 121 6
                                    

ဘဝဆက်တိုင်း ချစ်ရသူနှင့် ပေါင်းဖက်ရပါစေဟု တောင်းဆုပြု... ချစ်ခြင်းငယ်ပြိုင် အနန္တဘယ်မနိုင်...

ရှင်ဘုရင်စောဝ်ကုမ္မာနှင့် ရှမ်းမင်းသမီး စောခမ်းနွယ်တို့စုံဖက်ပြီး ကျခတ်မြို့၏ ထီးညွှန့်နန်းလျာ သားတော်နှစ်ပါးထွန်းကားခဲ့သည်။ သားတော်ကြီး စောဝ်စောညယ်၊ သားတော်ငယ် စောဝ်စောဝမ် တို့သည် ခမည်းတော် ကုမ္မာရမင်းကြီး၏ လက်ရုံးနှစ်ဆူဖြစ်လာကြသည်။ ကုမ္မာရမင်းကြီး နန်းစည်းစိမ်သက် (၂၂)နှစ်- မြန်မာသက္ကရာဇ် ၁၉၈ ခုနှစ်တွင် သားတော်နှစ်ပါးအား ယက္ခပူရသို့ ပို့လွတ်၍ မြို့ရွာများတည်ထောင်စေသည်။ နောင်သောအခါ ဘီလူးများနေခဲ့သည့်အရပ်ကို အကြောင်းပြု၍ 'ဘီလူးမြို့' ဟုခေါ်ဝေါ်သမုတ်ကြသည်။

ကုမ္မာရမင်းကြီးသည် နန်းစည်းစိမ်သက် လေးဆယ့်နှစ်နှစ်တွင် နတ်ရွာစံ ကံတော်ကုန်လေသည်။

အရှင်သုဝဏ္ဏ၏ ယိုင်နဲ့နဲ့ဝိဉာဉ်ငယ်ကပင်... ချစ်သူ့အကြိုက် ချစ်သူ့သဘောကို အမှတ်ရှိနေသေးသည်။ ချစ်သူက ဘဝကူးပါမှ မိမိကလည်းဇာတိသန္ဓေနေမည်ဟု... ချစ်သူအနားတဝဲလည်လည် ဖြစ်နေခဲ့သည့် ပျက်စီးကြွေသုန်းလု ဝိဉာဉ်ငယ်၏ လားရာအရပ်သည်ကား....

ဟိမဝန္တာတောကြီး၏ အတွင်းအကျဆုံး အလယ်ဗဟိုအဖြစ်ဆုံးနှင့် လူသူလေးပါး မရောက်နိုင်သော... တောဆယ်ထပ်၊ တောင်ဆယ်ထပ်၊ မြေမရှိသောအရပ်တို့ဖြင့် ဝန်းရံအပ်သော ကိန္ဒရီ၊ ကိန္ဒရာမျိုးစုံတို့၏ ပျော်စံရာမြေ နိရတိမည်သော ငွေတောင်ပြည်ဖြစ်ပါ၏။

ဟိမဝန္တာတော

နိရတိငွေတောင်ပြည်

ဒုမရာဇ်မင်းကြီးအုပ်စိုးစဥ်ကာလ...

(၁)ဒေဝကိန္ဒရာ
( ၂)စန္ဒကိန္ဒရာ
(၃)ဒုမကိန္ဒရာ
(၄) ဒဏ္ဍမာဏဝိက ကိန္ဒရာ
(၅)ကောန္တိသကုဏကိန္ဒရာ
(၆)ကဏ္ဏပါဝုရဏကိန္ဒရာ
(၇)အဿမုခိကိန္ဒရာ
(၈)နာရီပုပ္ဖကိန္ဒရာ

မည်သော ကိန္ဒရီ ကိန္ဒရာ ရှစ်မျိုးအနက် ဒေဝကိန္ဒရာနှင့် စန္ဒကိန္ဒရာမှလွဲ၍ ကျန်ခြောက်မျိုးမှာ နိရတိမည်သော ငွေတောင်ပြည်ကြီး၌ ကျက်စားနေထိုင်ကြလေသည်။ ငွေတောင်ပြည်ကြီး၏ ရာဇဝံသမျိုးနွယ်သည်ကား ဒုမကိန္ဒရာဖြစ်၍ ဒုမကိန္ဒရာတို့သည် ကျန်ကိန္ဒရီ ကိန္ဒရာ တို့အားလွှမ်းမိုးအုပ်ချုပ်လေသည်။

ရာဇဝင်တွင်မည့်သတို့သားက ဘီလူးပြည်ကိုသိမ်းပိုက်ခြင်း[completed]Where stories live. Discover now