Extra-4

2.3K 157 13
                                    


ဘဝဆက်တိုင်း ချစ်ရသူနှင့် ပေါင်းဖက်ရပါစေဟု တောင်းဆုပြု... ချစ်ခြင်းငယ်ပြိုင် အနန္တဘယ်မနိုင်(တတိယပိုင်း)

"ကိန္နရီတွေက ဘယ်လိုအသွင်မျိုးလဲ ထပ်ပြောပြစမ်းပါအုံး မုဆိုးကြီး..."

ဗြဟ္မသမာရေအိုင်ကြီး၏ ပတ်ဝန်းကျင်အားလုံးသည် ပကတိဆိတ်ငြိမ်ခြင်းဖြင့်။ တောတောင်၏ ဆူညံခြင်းနှင့် ဆိတ်ငြိမ်ခြင်းတို့ အကြိမ်များစွာ ကြုံတွေ့ခဲ့ပြီးဖြစ်သော မုဆိုးကြီးနှင့် သုဓနုမင်းသားတို့မှာ ဗြဟ္မသမာ ရေအိုင်ကြီး၏ တိတ်ဆိတ်မှုတွင် နစ်မြုပ်နေရသည်။ ကျောက်ကမ်းပါးယံ အစွယ်လေးကို မှီရင်းကိုယ်တော်လေး သုဓနုက ဆိတ်ငြိမ်ခြင်းကို တိုးညင်းသောအသံဖြင့် ဖြိုခွင်း၏။

"ဖွေးဖွေးဆွတ်တဲ့ အတောင်ပံတွေရှိတယ်၊ ရှည်လျားပြီး လက်ပြင်ကနေ ပခုံးရင်းထိ ဆက်စပ်နေတယ်၊ သူတောင်ပံခတ်ပုံက အခြားငှက်တွေနှင့်မတူဘူး...၊ လှုပ်ရှားမှုက အင်မတန်ညင်သာပြီး အရှိန်အဟုန်ပြင်းလွန်းပါတယ်၊ တောင်ပံတစ်ချက်ခတ်လိုက်တာနဲ့ အဝေးကြီးကို ရောက်နိုင်ပါတယ်..."

နဂါးမင်းဆီမှ အမောဃကျော့ကွင်းကို ငှားယူပြီး တောအထပ်ထပ် တောင်အသွယ်သွယ်ကို ခုနှစ်ရက် ခုနှစ်ညတိတိ မနားတမ်းဖြတ်သန်းလာခဲ့ရသည်။ လူအိုဖြစ်သော မုဆိုးကြီးမှာ မောဟိုက်စွာဖြင့် စကားကိုခေတ္တရပ်လိုက်သည်။

"အင်း... ဆက်ပြောလေ..မုဆိုးကြီး..."

ထိုလုလင်ပျိုမှာတော့မောပမ်းဟန်မရှိ။

"လူလား ငှက်လားမကွဲပြားပါဘူး၊ အတောင်ပံပါနေတဲ့အတွက် ငှက်လို့ပြောရမှာပေမယ့်... သူတို့ရဲ့ လက်၊ခြေ၊ ခန္ဓာ၊ ဦးခေါင်း အကုန်လုံးက လူမိန်းမပျိုနဲ့ တစ်ပုံတည်းပါပဲ... ပြီးတော့..."

"ပြီးတော့ကော.... ပုဏ္ဍရိက..."

ကိုယ်တော်လေးက စိတ်မရှည်နိုင်ဟန်ဖြင့်။

"သူတို့ သိပ်လှပါတယ်..."

ဓနုကိုယ်တော်လေးမှာ ကျေနပ်သွားဟန်ဖြင့် ကျောက်ကမ်းပါးစွယ်လေးပေါ်သို့ မှီချလိုက်၏။ မုဆိုးကြီးပုဏ္ဍရိကသာလျင် ကိုယ်တော်လေး၏ အပြုအမူများကို ကြောင်ငေးနေမိတော့သည်။

ရာဇဝင်တွင်မည့်သတို့သားက ဘီလူးပြည်ကိုသိမ်းပိုက်ခြင်း[completed]Where stories live. Discover now