Part(18) Unicode

1.2K 80 24
                                    

ကျွန်တော် ချော်လဲသွားတာကိုတောင် အာရုံမထားမိဘူး

ဘာလို့လဲဆိုတော့

Min ရဲ့ မျက်နှာကို သူ့အဖေက ထိုးလိုက်တဲ့ မြင်ကွင်းကြောင့်ပါပဲ

ကျွန်တော် လဲသွားတာကိုတွေ့တော့ Minက
ကျွန်တော့ဆီ ပြေးလာပြီး လာထူတယ်

Min-"Jay ဘာဖစ်သွားသေးလဲ Jay"

Jay-"နည်းနည်းလေး ခြေချော်သွားတာ ဘာမှမဖြစ်ပါဘူး"

ကျွန်တော်ရှက်နေတာလား
မျက်နှာပူနေတာလားမသိဝော့ပါဘူး

စိတ်ထဲတော့ တမျိုးကြီးပဲဗျာ

Min အရမ်းနာသွားမလားမသိဘူး

Minister-"ဪ သားjay ပါလား
နေကောင်းလားသား"

အခုကျတော့လဲ ပုံမှန်လေသံအတိုင်းပါပဲလား
ခုနက ဘာမှ မဖစ်ခဲ့သလိုပဲ
ဟန်ဆောင်ကောင်းလိုက်တာ

ကျွန်တော် သူများပြသနာကိုချောင်းနားထောင်မိတဲ့အတွက် မျက်နာ ပူရပါတယ်

မျက်လွှာကို အောက်ချပြီး

Jay-"ဟုတ် ကောင်းပါတယ် uncle"

Minister-"အေးကွာ ဒါဆို uncle သွားဝောာ့မယ်"

Minရဲ့ အဖေ အဝေးကို ရောက်သွားတော့မှ

Min-"Jay အားလုံးကြားလိုက်တယ်မလား"

Jay-"ပြသနာဖစ်ကြတာတော့ သိတယ်
ဘာဖြစ်ကြတာလဲဟင်"

Min-"အရမ်းအရေးကြီးတဲ့ ပြသနာ မဟုပါဘူး
ကိုတို့ပုံစံက ဒီလိုပဲ ဖြစ်နေကြပါပဲ"

Minရဲ့ မျက်နှာလေးက min အ‌‌ဖေထိုးလိုက်လို့နည်းနည်းရဲနေတဲ့ဒဏ်ရာလေးကို ကိုင်ကြည့်ရင်း

Jay-"အရမ်းနာသွားလားဟင်"

Minက ကျွန်တော့လက်လေးကိုပြန်ကိုင်တယ်

Min-"ကိုယ်က ဖြစ်နေကြမို့ အဆင်ပြေတယ်"

Jay-"ဘာကြောင့်လဲ ထိုးဖို့လောက်ထိ လိုလို့လား
ပြောပြပါလားဟင်"

Min-"ကိုယ်တို့ရဲ့ ဒိတ် အတွက် အဆင်သင့်ဖြစ်ပြီးလား"

Minက စကားလမ်းကြောင်းလွဲလိုက်တယ်

Jay-"အဆင်သင့်ပါပဲ"

အဆင်သင့်ဖစ်တယ် ဆိုတာထက်ပိုပါတယ်
Minနဲ့ နှစ်ယောက်ထဲ အေးအေးဆေးဆေး ဒိတ်ဖို့အတွက် မစောင့်နိုင်တော့ဘူး

ကျွန်တော့ရဲ့ လူဆိူးလေးWhere stories live. Discover now