Part(7)(Unicode+zawgyi)

2.7K 111 4
                                    

ကျွီ...

အခန်းတံခါးက ရုတ်တရုတ် ပွင့်လာပီး
ကျွန်တော့တို့ အခန်းထဲက ကောင်မလေးတစ်ယောက် ပြေးဝင်လာတယ်

Girl-"oh! What the f**k"

ကောင်မလေးက ကျွန်တော့ကို မြင်မြင် ချင်းမာပဲ
ဟိုဘက် ပြန်လှည့်သွားတယ်
Minက တစ်ချက်ရီလိုက်ပီး

Min-"ဘာတွေရှာနေတာလဲ နဒီလေး"

ကောင်မလေးက ဒီဘက်ပြန်လှည့်လာပီး

Nadi-"Minကို ရှာနေတာ အရင်က ဒီချိန်ဆို
Minက ကျောင်းဝန်းထဲမာ ဘတ်စကတ်ဘော ကစားနေကြလေ မတွေ့တာနဲ့ အခန်းထဲမာ လာရှာတာ
အခန်းထဲမာလဲ မတွေ့ဘူး Min playထဲပါရမယ်ဆိုတာ သတိရသွားလို့ ဒီအခန်းထဲမာ လာရှာတာ"

Min-"aww"

Min ပြန်ဖြေတဲ့ပုံစံကလဲ ဘာမှကို သိုးရိမ်ပူပန်မှု မရှိသလိုပဲ

ကျွန်တော် ရင်ခုန်သံတွေ မြန်လာလွန်းလို့ ပေါက်ကွဲထွက်သွားမလားပဲ

ကျွန်တော် အဝတ်အစားတွေ ပြန်ပြင်ဝတ်နေရင်း ဘေးပတ်လည် ကြည့်လိုက်တော့ ဟောဒီကောင်မလေးကလွဲ၍ဘယ်သူမှ ရှိမနေပါဘူး
သူကျွန်တော်တို့ ဘာလုပ်နေတယ်ဆိုတာကို မသိပါစေနဲ့ပဲ ဆုတောင်းနေမိတယ်

ဘယ်လိုပဲဆုတောင်းနေပါစေ
သူက သိတာပေါ့ ဘာတွေဖြစ်ပျက်နေတယ်ဆိုတာ

ဒါပေမဲ့ သူသိသွားလဲအံ့ဩစရာတော့မရှိပါဝူး
ဒီကျောင်းမာလဲ min မထိတွေ့ဘူးတဲ့ ကောင်မလေးဆိုတာရှိမယ်မထင်ပါဘူး

ကောင်မလေးကကျွန်‌ေတာ့ဘက် လှည့်လာပီးခက်ထန်တဲ့မျက်နှာ မာကြောတဲ့လေသံနဲ့

Nadi-"ဒီမာ ကျောင်းသားသစ်လေး မင်းကိုယ်မင်းဘာထင်နေလဲ ဖစ်ချင်တိုင်းကို ဖြစ်နေတာပဲ
ဒါကကျောင်းဆိုတာလဲ သတိထားဦး
မင်းအိမ်က အိပ်ယာမဟုတ်ဘူး "

ကျွန်တော် ဘာမှားလို့လဲဗျာ မှားတာက Min လေ
ဘာလို့ကျွန်တော့ကိုပဲ ဒေါသထွက်နေတာလဲ
အမ်းပေါ့လေ Minကိုက ကောင်မလေးတွေအားလုံးက လိုချင်နေကြတာကို ဘယ်အပြစ်မြင်ကြပါ့မလဲ

ကျွန်တော့အမှားမဟုတ်ကြောင်းရှငပြချင်ပေမယ့် ပါးစပ်က ထွက်မလာဘူး သူပြောတဲ့စကားတွေကို ဝမ်းနည်းမိတယ် ကျွန်တော်က နေရာတိုင်းမာ အကောင်တိုင်းနဲ့ ဖြစ်ချင်တိုင်းဖစ်နေတဲ့လူစားမျိုးမဟုတ်ဘူး

ကျွန်တော့ရဲ့ လူဆိူးလေးHikayelerin yaşadığı yer. Şimdi keşfedin