Chapter-44(သဝန်တိုခြင်း)

8.9K 1.4K 19
                                    

Unicode❤️❤️

သဝန်တိုခြင်း

"အမြန် သန့်ရှင်းရေးလုပ်လိုက်"

ဖေးစစ်ဖန် မြေပေါ်သို့ကျနေသော အာလူးကြော်တွေကိုဒေါသထွက်စွာစိုက်ကြည့်ပြီး ကျန်းရှန်ကို စကားပြောပြီးသည်နှင့် ရေချိုးခန်းထဲသို့ ဝင်သွားသည်။

"ဒါတွေကိုရှင်းလိုက်! အခုချက်ချင်း!"

ကျန်းရှန်မတ်တပ်ရပ်ကာ အော်လိုက်သည်။
"ရှီချွမ်!"

"ရောက်ပါပြီ"

ကျန်းရှန် စကားကိုဆုံးအောင်မပြောရသေးခင်မှာတင် အစေခံ ရွှီချွမ်က လက်ထဲတွင် သန့်ရှင်းရေးပစ္စည်းများဖြင့် တံခါးနားတွင် ပေါ်လာသည်

"ငါ ဘာလုပ်စေချင်လဲဆိုတာ မင်းဘယ်လိုလုပ်သိတာလဲ? မင်းက အံ့သြစရာကောင်းတာပဲ.. မှော်အစွမ်းသုံးတတ်သလိုမျိုးပဲ နေတိုင်းမှာ ပေါ်ပေါ်လာတတ်တယ်"

ကျန်းရှန် လက်ဖဝါးနှစ်ဖက်အားပွတ်သပ်ရင်း ရွှီချွမ် သန့်ရှင်းရေးလုပ်နေတာကို ကြည့်ကာ ပြောလိုက်သည်။

အစေခံ ရွှီချွမ်က သူ့ထက် ငယ်ပြီး သန့်ရှင်းသပ်ရပ်သည်။ သူမပုံစံကို အလှလေးတစ်ယောက်လို့ သတ်မှတ်လို့မရပေမဲ့ သူမ တွင် ကြည့်ကောင်းသောရုပ်ရည် ရိှသည်

ရွှီချွမ်ကတော့ တိတ်ဆိတ်နေကာ ကျန်းရှန်​ပြောသမျှကို ခေါင်းသာညိတ်ပြီး တံမြက်စည်းလှည်းပြီးသည်နှင့် ထွက်သွားလိုက်သည်။

ကျန်းရှန် အလိုမကျစွာ နှုတ်ခမ်းအား တွန့်ချိုးလိုက်သည်။အရင်အပတ်တွေကတည်းက ရွှီချွမ်သည်သာ သူ့ရဲ့ နေ့စဉ်ဘဝအတွက် ဂရုစိုက်ပေးခဲ့တာကြောင့် ရွှီချွမ်ရဲ့ တိတ်တဆိတ်နေမှုကို အသားကျနေသည်။

"ဟာ.. ငါပျင်းလာပြီ!"

ကျန်းရှန် ကုတင်ပေါ် လဲချလိုက်ပြီး မျက်နှာကျက်အား ငေးကြည့်နေလိုက်သည်

သူထွက်ပြေးမှာ ကြောက်တာကြောင့် ဖေးလုလုက သူ့အား အခန်းထဲတွင် ပိတ်ထားသည်မှာ တစ်ပတ်ခန့်ရိှပြီး အခုတော့ ဒီလိုပိတ်လှောင်ထားခြင်းခံရသည်ကို ကျန်းရှန် ငြီးငွေ့လာသည်။

Rebirth:တစ်ခြားကမ္ဘာမှအချစ်ခံအရုပ်ကောင်လေး(MM Translation)Where stories live. Discover now