♥Part~11♥

10.4K 797 21
                                    

ဘာလိုလိုနဲ့ ကျနော်နဲ့ အဆိုးလေး ခင်လာတာ ၁လပြည့်ပီ. .ကျနော်အပေါ်အရမ်းဆိုးလွန်တယ်ဗျ..အရမ်းလဲ အနိုင်ယူလွန်တယ်..အလုပ်စလာတဲ့နေကတည်းက..မနက်ဖြန်ကစပီ အလုပ်ဆင်းမယ်တဲ့ အလုပ်ကိုသေချာသင်ယူမယ်တဲ့...ဒီနေထိ ဘဲ အာ့စကားကိုသာပြောနေတာ...မနက်ဖြန် မနက်ဖြန်နဲ့ ကုန်ကိုမကုန်နိုင်တော့ဘူး...ညဘက်ဆိုလဲ...ကျနော်ဆီ vcတွေးခေါ်နေတာ..ညတိုင်းလိုလိုဖြစ်နေပီ...ချွဲတဲ့နေရာမှာ သူ့လောက်တော်တဲ့သူရှိပါအုံးမှာလာ....
ဘယ်လိုဟာမျိုးလဲမသိတော့ဘူး..တကယ်ကိုမနိုင်လွန်တာ..

မနက်ဖြန်လဲ ပိတ်ရက်နေ့လေး..နာရမယ်မှတ်လာ..အာ့အဆိုးလေးက သူ့နဲ့အတူသွားလည်ပတ်ဖို့ ပူဆာနေပြန်ပီ..

"ကိုကြီးဆို”

အတွေးတွေနစ်မျော်နေစဉ်မှာ အဆိုးလေးရဲ့ အချွဲသံကြောင့် ရိပေါ် သတိဝင်လာသည်

"နော်လို့..ကိုကြီး ”

နှစ်ယောက်သာ ရုံးခန်းရဲ့ဆိုဖာပေါ်မှာထိုင်နေပီ..ရိပေါ်က စာရင်းတွေးကိုလုပ်နေရင်း..ရှောင်းကျန့်က ရိပေါ်ရဲ့ လက်ကလေးကိုလှုပ်လှုပ်နေပီ နှုတ်ခမ်းလေးကိုဆူထားကာ ပူဆာနေတော့သည်..

"ကိုကြီးလို့...”

"ကျန့်ကျန့်..မသွားဘူးဆိုမသွားဖူးဘဲ”

ရိပေါ် မျက်နှာတည်တည်လေးနဲ့ လေသံခပ်မာမာလေးနဲ့ ပြောလိုက်တာကြောင့်..ရှောင်းကျန့်လဲ မျက်စောင်းထိုးလိုက်ကာ

"တကယ်မသွားဘူးပေါ့...ပီရော”

ဆိုပီတဖက်ကိုလှည့်သွားလိုတယ်...

"သူများရဲ့ ဘဏ်ကဒ်ကိုလဲ မားကိုပေးပိတ်ခိုင်းထားတယ်..ရွတ်..ဒါလေးပူဆာမိတာကို မလိုက်လျော်ပေးနိုင်ဘူး..ဟီး ဟီး..တနေ့နေ့ ဒီအလုပ်ထဲမှာပဲနေ.နေရတာ ဟင့်..သူများပျင်းလို့..ဟင့် အဖော်လိုက်ဖို့ခေါ်မိတာ ရွတ်..ဘယ်သူမှ ဂရုမစိုက်ကြဘူး..ဟီး...ဟီး..ဘယ်သူမှမကောင်းကြဘူး...ဟင့်... မားလဲ..တခြားသူပြောလို့ ကိုယ့်သားကို ပိုက်ဆံမပေးသုံးဘူး..ဟီး...ဟီး..ရက်စက်ကြတယ်”

လိုခြင်းတာမရလို့ တယောက်ထဲငိုယိုပီ စိတ်ထဲမှာ မကျေနပ်သမျှပြောနေလေးသည်ကလေးငယ်. .

💚🦁ကိုကြီးရဲ့အဆိုးလေး🐰❤ 💎(completed)💎Where stories live. Discover now