အစက တရုတ်ပြည်ကိုပြန်မယ်ဆိုပီ ကျန့်ကျန့်ပျော်နေပေးမယ့် တကယ်တမ်းပြန်စဉ်စားလိုက်ရင်..မမယမ်းတို့နဲ့တစ်အိမ်ထဲမှာပြန်ဆုံးရမှာကိုတော့ ကျန့်ကျန့်ဘယ်လိုမှ မပျော်နိုင်...အခု ကျန့်ကျန့်ထင်ထားတာနဲ့ဘာမှမဆိုင်ဘူးဆိုတာသိလိုက်ရပီ..
အရာရာ အသေစိတ်ကစ ဂရုစိုက်ပေးတဲ့ကိုကြီးကြောင့် ကျန့်ကျန့် ပိုချစ်ရပြန်ပီ..
အိမ်ထဲကိုရောက်ပီကတည်က ကိုကြီးနဲ့ကျန့်ကျန့်ဝင်လာပီ အခန်းထဲကိုရောက်တော့..
"ဝိုး..လှလိုက်တာ”
နံရံတွေးနဲ့ ကုတင်ဟာ အရမ်းကိုရိုးရှင်ပီဆွဲဆောင်မှုရှိလွန်တယ်..
အဖြူရောင်နဲ့ အပြာရောင်နုနုဆက်ထားတာကြောင့်..ကြည့်လိုက်ရင် ရင်ထဲကိုအေးစေသည်...
တခုခုကို စိတ်ဝင်စားပီ လေ့လာနေတဲ့ကလေးကိုကြည့်ပီ ရိပေါ်ပြုံးလိုက်ကာ..
"ကလေး..”
"ဗျာ”
"ကြိုက်ရဲ့လာ”
ကျန့်ကျန့်လဲ ရိပေါ်ရင်ခွင်ထဲတိုးဝင်လာပီ ခါးလေးကိုဖက်လိုက်ကာ..ရိပေါ်လဲ ပြန်ဖက်လိုက်တယ်
"ဟီး.ဟီ..အရမ်းကြိုက်တယ်ကိုကြီး..”
"ကလေးကြိုက်ရင် ကိုကြီပြင်ခိုင်းထားကျိုနပ်နေပီ”
ရိပေါ်လဲ ကျန့်ကျန့်နဖူးလေးကိုနမ်းလိုက်တယ်
"ကဲ ကလေးပင်ပန်းနေပီမလာ ခဏ နားလိုက်အုံးနော် ”
ရိပေါ်ရဲ့စကားကြောင့် ရင်ခွင်ထဲကအကောင်ပေါက်လေးက မော့ကြည့်လာပီ..
"ဟင့် ကိုကြီးဘယ်သွားမလို့လဲ”
"ဘယ်မှမသွားဘူးလေး..”
"အာ့ဆို ကျန့်ကျန့်အနားမှာဘဲနေပေး”
ခါးလေးကိုတင်းတင်းကြပ်ကြပ် ဖက်ထားတဲ့ကလေးကိုကြည့်ပီ ရိပေါ်ပြုံးလိုက်သည်..
"ကိုကြီးက ကလေးအနားမှာမနေရင် ဘယ်မှာနေရမှာလဲ..ကလေးရင်ခွင်ထဲမှာ ဝင်နေရမှာလာ”
"ဟီးဟီး..ဝင်လို့ရရင် ဝင်စေခြင်းတာပေါ့”
စနောက်ပီပြောလာတဲ့ရိပေါ်ကြောင့် ကျန့်ကျန့်မျက်လုံးမှိတ်သွားတဲ့အထိ ပြုံးပြလိုက်တယ်..
YOU ARE READING
💚🦁ကိုကြီးရဲ့အဆိုးလေး🐰❤ 💎(completed)💎