2.ထူးခြားတဲ့Daily Missionများ

729 65 1
                                    

သရဲအိမ်iconနှင့်appသည်Management mobile gameတွေနှင့်ဆင်တူသည်။သို့သော်ဟိုတယ်တွေ၊ငါးပြတိုက်တွေ၊အိမ်မွေးတိရိစ္ဆာန်ရောင်းတဲ့ဆိုင်တွေကိုစီမံခန့်ခွဲရသည်နှင့်မတူ။သရဲအိမ်ကိုစီမံခန့်ခွဲရသောgameဖြစ်သည်။

သေချာscreenကိုစိုက်ကြည့်နေသောChen Ge၏ခေါင်းထဲမေးခွန်းတစ်ခုသာရှိသည်။
ဘာလို့ငါ့မိဘတွေကဒီထူးထူးဆန်းဆန်းappပါတဲ့ဖုန်းကိုချန်ထားခဲ့ပါလိမ့်?

သူappရဲ့interfaceကိုစစ်ကြည့်လိုက်သည်။appထဲရှိinformationတွေအကုန်လုံးသည်အမှန်တကယ်ပင်သူ့အိမ်၏လည်ပတ်သူစာရင်းများ၊scenarioများနှင့်ကိုက်ညိနေသည်။ဤအချက်သည်Chen Geကို ဦးနှောက်ခြောက်စေသည်။ ယခုgameအတွင်းရှိသရဲအိမ်အားစီမံခန့်ခွဲခြင်းသည်အပြင်မှာတကယ်ရှိသောအိမ်အားစီမံခြင်းနှင့်ဘာမှမခြား။

၂ခုစလုံးသည်ကံကြမ္မာတခုထဲကိုရင်ဆိုင်နေရသလိုပင်ရိုးရှင်းစွာပင်တူညီချက်များအလွန်များနေသည်။

"ဒီgameကငါ့အိမ်ကိုများအခြေခံပြီးဆောက်ထားတာများလား?ဒါဆိုငါgameထဲမှာပြောင်းလိုက်သမျှကတကယ့်အပြင်မှာကောဖြစ်လာမှာလား?"
ဟုChen Geရေရွတ်လိုက်သည်။

Chen Geဆက်ဖတ်လိုက်ရာလက်ရှိဇာတ်ညွှန်းဖြစ်သည့်Night of the living Deadသည်စုတ်ပြတ်သတ်နေအောင်ဝေဖန်ခံရထားသည်။စာရွက်ပေါ်တွင်သာရှိနေသေးသည့်Minghunဇာတ်ညွှန်းသည်ပင်0.5starသာရသည်။

"Minghunတောင်0.5ပဲရတယ်ဆိုရင်ငါမဖွင့်ရသေးတဲ့ဇာတ်ညွှန်းတွေဘယ်လောက်ကြောက်ဖို့ကောင်းနေမလဲတွေးရုံနဲ့တင်လန့်လာပြီ" သူoptionတခုကိုရွေးပြီးနှိပ်လိုက်သည်။နှိပ်လိုက်သည်နှင့်တပြိုင်နက်windowတခုလဲတက်လာသည်။သူဇာတ်ညွှန်းကိုunlockလုပ်ရန်daily missionတခုလုပ်ကိုလုပ်ပြီးရမည်ဖြစ်ကြောင်းစာတက်လာခြင်းဖြစ်သည်။

"ကြည့်ရတာdaily missionတွေကအဓိကပဲ။ငါဒါတွေဖြေမှဇာတ်ညွှန်းရမယ်လို့ဆိုလိုတာမလား။ငါdaily missionတွေဖြေလို့ဇာတ်ညွှန်းတွေရလာရင်ငါcustomerများများရမယ်။တခါထဲအိမ်ကိုပါချဲ့လို့ရမယ်။"Chen Geမှာmobile game playerတစ်ယောက်ဖြစ်သည့်အားလျော်စွာ၊မကြာမီပင်game၏ruleများကိုသဘောပေါက်သွားလေပြီ။daily missionများပြီးဆုံးခြင်းသည်သရဲအိမ်၏တိုးတက်မှုကိုသက်ရောက်နေပေသည်။

My House Of Horror(မြန်မာပြန်)Where stories live. Discover now